ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ကောရိန္သု ၁၀
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ကောရိန္သု ၁၀:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၄/၁/၂၀၀၃၊ စာ. ၂၄

    ၈/၁/၁၉၉၄၊ စာ. ၁၅-၁၆

၂ ကောရိန္သု ၁၀:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၅၇

၂ ကောရိန္သု ၁၀:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၉/၂၀၁၆၊ စာ. ၈-၉

    ကင်းမျှော်စင်၊

    ၂/၁၅/၂၀၁၀၊ စာ. ၁၂-၁၃

    ၉/၁၅/၂၀၀၉၊ စာ. ၂၂

    ၁၀/၁/၁၉၉၉၊ စာ. ၁၁

    ၂/၁/၁၉၉၄၊ စာ. ၁၂

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၅၇

၂ ကောရိန္သု ၁၀:၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၆/၂၀၁၉၊ စာ. ၈-၁၃

    ကင်းမျှော်စင်၊

    ၈/၁၅/၂၀၁၃၊ စာ. ၂၇

    ၂/၁၅/၂၀၁၀၊ စာ. ၁၂-၁၃

    ၁၀/၁/၁၉၉၉၊ စာ. ၁၁

    ၂/၁/၁၉၉၄၊ စာ. ၁၂

၂ ကောရိန္သု ၁၀:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၀၀၊ စာ. ၁၃

    ၁၁/၁၅/၁၉၉၆၊ စာ. ၁၃

၂ ကောရိန္သု ၁၀:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၈၊ စာ. ၂၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်း ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
၂ ကောရိန္သု ၁၀:၁-၁၈

၂ ကောရိန္သု

၁၀ သင်တို့၏မျက်မှောက်တွင် အထင်သေးစရာဖြစ်သော်လည်း မျက်ကွယ်တွင်မူ ရဲရင့်သော ငါပေါလုသည် ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်း၊ ကရုဏာပြခြင်းတို့ကို အမှီပြု၍ သင်တို့ကို မေတ္တာရပ်ခံပါ၏။ ၂ ငါတို့သည် လူ့ဇာတိသဘောနှင့်အညီ ကျင့်ကြံပြုမူသည် ဟူ၍ ယူမှတ်သူတို့ကို ပြင်းထန်စွာ အရေးယူမည်ဟု ငါရည်ရွယ်ထားသည့်အတိုင်း ငါရောက်လာသောအခါ ရဲရင့်စွာ အရေးမယူမိစေရန် တောင်းဆိုပါ၏။ ၃ အကြောင်းမူကား ငါတို့သည် လူ့ဇာတိအားဖြင့် အသက်ရှင်နေသော်လည်း လူ့ဇာတိသဘောအရ စစ်တိုက်ကြသည်မဟုတ်။ ၄ စစ်တိုက်ရာ၌ ငါတို့သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင့် တန်ခိုးနှင့်ပြည့်စုံ၍ အခိုင်အမာ အမြစ်စွဲနေသောအရာများကို ဖြိုဖျက်နိုင်သောလက်နက် ဖြစ်၏။ ၅ အကြောင်းမူကား ငါတို့သည် မှားယွင်းသော အတွေးအခေါ်များကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို ဆန့်ကျင်သည့် ထောင်လွှားသောအရာ ရှိသမျှကိုလည်းကောင်း မှောက်လှန်ကြ၏။ အကြံအစည်ရှိသမျှကိုလည်း ထိန်းချုပ်လျက် ခရစ်တော်ကို နာခံစေကြ၏။ ၆ သင်တို့သည် နာခံမှုရှိကြောင်း အပြည့်အဝ တင်ပြပြီးသည်နှင့် နာခံမှု မရှိသူတိုင်းကို ပြစ်ဒဏ်စီရင်ရန် ငါတို့အသင့်ရှိနေကြ၏။

၇ သင်တို့သည် မျက်မြင်ရာများအတိုင်း ကြည့်တတ်ကြ၏။ တစ်ဦးတစ်ယောက်က ငါသည် ခရစ်တော်၏နောက်လိုက်ဖြစ်သည် ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်လျှင် ထိုသူကဲ့သို့ ငါတို့လည်း ခရစ်တော်၏ နောက်လိုက်ဖြစ်ကြောင်းကို သူကိုယ်တိုင်ဆင်ခြင်ပါစေ။ ၈ သင်တို့ကို ဖြိုဖျက်ရန်မဟုတ်၊ တည်ဆောက်ပေးရန် ငါတို့အား သခင်ပေးအပ်တော်မူသော အခွင့်အာဏာအကြောင်းကို ငါသည် အကြွားလွန်သွားလျှင်လည်း အရှက်ကွဲစရာအကြောင်း မရှိ။ ၉ ထိုသို့ဆိုသော် ငါ၏စာများဖြင့် သင်တို့ကိုခြိမ်းခြောက်သကဲ့သို့ မဖြစ်စေလို။ ၁၀ အကြောင်းမူကား “သူ၏စာများသည် လေးပင်၍ အစွမ်းထက်၏။ သို့သော် ကိုယ်တိုင်ရှိစဉ်မူကား အစွမ်းမရှိ။ အဟောအပြောသည်လည်း အထင်ကြီးစရာမရှိ” ဟုသူတို့ဆိုကြ၏။ ၁၁ ငါတို့သည် လူကိုယ်တိုင်မရှိသော်လည်း စာတွင်ပါရှိသော စကားအတိုင်း ငါတို့ရောက်လာသောအခါ ပြုမူဆောင်ရွက်မည်ကို ထိုသို့သောသူ သိမှတ်ပါစေ။ ၁၂ ငါတို့သည် ကိုယ်ကိုချီးမွမ်းသောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတစ်စားတည်း ဖြစ်စေခြင်း၊ နှိုင်းယှဉ်ခြင်းတို့ကို မပြုဝံ့ကြ။ ထိုသူတို့မူကား မိမိတို့၏စံနှုန်းအတိုင်း ကိုယ်ကိုတိုင်းတာခြင်း၊ နှိုင်းယှဉ်ခြင်းကိုပြု၍ ဉာဏ်မရှိကြ။

၁၃ ငါတို့မူကား သတ်မှတ်ထားသည့် နယ်နိမိတ်ကို ကျော်လွန်၍ ဝါကြွားမည်မဟုတ်။ ဘုရားသခင်ခွဲဝေသတ်မှတ်တော်မူသော နယ်နိမိတ်အတွင်း ပြုသောအမှုကိုသာ ဝါကြွားမည်။ ထိုနယ်နိမိတ်သည် သင်တို့ရှိရာအရပ်တိုင်အောင် ဖြစ်၏။ ၁၄ ငါတို့သည် သင်တို့ထံ မရောက်ဖူးသည့်အလား နယ်ကျော်၍ ရောက်လာခြင်းမဟုတ်။ ခရစ်တော်အကြောင်း သတင်းကောင်းကို သင်တို့ရှိရာ အရပ်တိုင်အောင် ဦးစွာ လာရောက်ဟောပြောသူများမှာ ငါတို့ဖြစ်၏။ ၁၅ ငါတို့သည် သတ်မှတ်ထားသည့် နယ်နိမိတ်ကို ကျော်၍ သူတစ်ပါး၏ လုပ်ဆောင်မှုများကို ဝါကြွားခြင်း မရှိကြ။ သို့သော် သင်တို့၏ယုံကြည်ခြင်း တိုးပွားလာသည်နှင့်အမျှ ငါတို့၏နယ်မြေအတွင်း သာ၍ အောင်မြင်မည်ဟု ငါတို့မျှော်လင့်ကြ၏။ ထိုအခါ ငါတို့သည် သာ၍ပင် အောင်မြင်ကြလိမ့်မည်။ ၁၆ သူတစ်ပါး ဆောင်ရွက်ပြီးသော အမှု၌ ဝါကြွားခြင်းမပြုဘဲ သင်တို့၏ နယ်မြေကိုကျော်လွန်၍ သတင်းကောင်းဟောပြောရ လိမ့်မည်။ ၁၇ “သို့သော် ဝါကြွားသောသူသည် ယေဟောဝါဘုရား၌သာ ဝါကြွားပါစေ။” ၁၈ အကြောင်းမူကား ကိုယ်ကိုချီးမွမ်းသောသူသည် နှစ်သက်တော်မူခြင်း ခံရသည် မဟုတ်။ ယေဟောဝါဘုရားချီးမွမ်းတော်မူသော သူသာလျှင် နှစ်သက်တော်မူခြင်းကို ခံရ၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ