ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၂၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ဘုရင်များ မာတိကာ

      • နာဗုတ်ရဲ့စပျစ်ခြံကို အာဟပ်လိုချင် (၁-၄)

      • နာဗုတ်သေအောင် ယေဇဗေလ ဉာဏ်ဆင် (၅-၁၆)

      • အာဟပ်အတွက် ဧလိယရဲ့သတင်းစကား (၁၇-၂၆)

      • အာဟပ် နှိမ့်ချမှုပြ (၂၇-၂၉)

၁ ဘုရင်များ ၂၁:၁

ကျမ်းညွှန်းများ

  • +ယရ ၁၉:၁၇၊ ၁၈

၁ ဘုရင်များ ၂၁:၃

ကျမ်းညွှန်းများ

  • +ဝ ၂၅:၂၃; တလ ၃၆:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၄/၂၀၁၇၊ စာ. ၂၄

    ကင်းမျှော်စင်၊

    ၂/၁/၂၀၁၄၊ စာ. ၁၃

    ၈/၁/၁၉၉၇၊ စာ. ၁၃

၁ ဘုရင်များ ၂၁:၅

ကျမ်းညွှန်းများ

  • +၁ဘု ၁၆:၃၁; ၁၈:၄; ၁၉:၂; ၂၁:၂၅

၁ ဘုရင်များ ၂၁:၇

ကျမ်းညွှန်းများ

  • +မိ ၂:၁; ၇:၃

၁ ဘုရင်များ ၂၁:၈

ကျမ်းညွှန်းများ

  • +နေ ၉:၃၈; ဧသ ၈:၈
  • +တရ ၁၆:၁၈

၁ ဘုရင်များ ၂၁:၁၀

ကျမ်းညွှန်းများ

  • +ထွ ၂၂:၂၈
  • +ထွ ၂၀:၁၆; တရ ၁၇:၆
  • +ဝ ၂၄:၁၆; ယဟ ၁၀:၃၃

၁ ဘုရင်များ ၂၁:၁၃

ကျမ်းညွှန်းများ

  • +အ ၅:၁၂; ဟဗ ၁:၄
  • +၂ဘု ၉:၂၅၊ ၂၆; ဒေ ၄:၁

၁ ဘုရင်များ ၂၁:၁၄

ကျမ်းညွှန်းများ

  • +ဒေ ၅:၈; ၈:၁၄; ဟဗ ၁:၁၃

၁ ဘုရင်များ ၂၁:၁၅

ကျမ်းညွှန်းများ

  • +၁ဘု ၂၁:၇

၁ ဘုရင်များ ၂၁:၁၇

ကျမ်းညွှန်းများ

  • +၁ဘု ၁၇:၁

၁ ဘုရင်များ ၂၁:၁၈

ကျမ်းညွှန်းများ

  • +၁ဘု ၁၆:၂၉

၁ ဘုရင်များ ၂၁:၁၉

ကျမ်းညွှန်းများ

  • +က ၄:၈၊ ၁၀
  • +တရ ၅:၂၁; ဟဗ ၂:၉
  • +၁ဘု ၂၂:၃၇၊ ၃၈; ၂ဘု ၉:၂၅၊ ၂၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁/၂၀၁၄၊ စာ. ၁၅

၁ ဘုရင်များ ၂၁:၂၀

ကျမ်းညွှန်းများ

  • +၁ဘု ၁၈:၁၇; အ ၅:၁၀
  • +၁ဘု ၁၆:၃၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁/၂၀၁၄၊ စာ. ၁၄-၁၅

၁ ဘုရင်များ ၂၁:၂၁

ကျမ်းညွှန်းများ

  • +၂ဘု ၉:၇-၉; ၁၀:၇၊ ၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁/၂၀၁၄၊ စာ. ၁၅

၁ ဘုရင်များ ၂၁:၂၂

ကျမ်းညွှန်းများ

  • +၁ဘု ၁၅:၂၅-၂၉
  • +၁ဘု ၁၆:၃၊ ၁၁

၁ ဘုရင်များ ၂၁:၂၃

ကျမ်းညွှန်းများ

  • +၂ဘု ၉:၁၀၊ ၃၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ယေရမိ၊ စာ. ၁၂၀-၁၂၁

၁ ဘုရင်များ ၂၁:၂၄

ကျမ်းညွှန်းများ

  • +၁ဘု ၁၄:၁၁; ၁၆:၄

၁ ဘုရင်များ ၂၁:၂၅

ကျမ်းညွှန်းများ

  • +၁ဘု ၁၆:၃၁; ၂ရ ၂၂:၂၊ ၃; ဗ ၂:၂၀
  • +၁ဘု ၁၆:၃၀

၁ ဘုရင်များ ၂၁:၂၆

အောက်ခြေမှတ်ချက်များ

  • *

    မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။

ကျမ်းညွှန်းများ

  • +ထွ ၂၃:၂၈; တရ ၉:၅

၁ ဘုရင်များ ၂၁:၂၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁/၂၀၁၄၊ စာ. ၁၅

၁ ဘုရင်များ ၂၁:၂၉

ကျမ်းညွှန်းများ

  • +ဆ ၇၈:၃၄
  • +၂ဘု ၉:၂၅၊ ၂၆; ၁၀:၇၊ ၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁၀/၂၀၂၁၊ စာ. ၃

    ကင်းမျှော်စင်၊

    ၂/၁/၂၀၁၄၊ စာ. ၁၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ဘု. ၂၁:၁ယရ ၁၉:၁၇၊ ၁၈
၁ ဘု. ၂၁:၃ဝ ၂၅:၂၃; တလ ၃၆:၇
၁ ဘု. ၂၁:၅၁ဘု ၁၆:၃၁; ၁၈:၄; ၁၉:၂; ၂၁:၂၅
၁ ဘု. ၂၁:၇မိ ၂:၁; ၇:၃
၁ ဘု. ၂၁:၈နေ ၉:၃၈; ဧသ ၈:၈
၁ ဘု. ၂၁:၈တရ ၁၆:၁၈
၁ ဘု. ၂၁:၁၀ထွ ၂၂:၂၈
၁ ဘု. ၂၁:၁၀ထွ ၂၀:၁၆; တရ ၁၇:၆
၁ ဘု. ၂၁:၁၀ဝ ၂၄:၁၆; ယဟ ၁၀:၃၃
၁ ဘု. ၂၁:၁၃အ ၅:၁၂; ဟဗ ၁:၄
၁ ဘု. ၂၁:၁၃၂ဘု ၉:၂၅၊ ၂၆; ဒေ ၄:၁
၁ ဘု. ၂၁:၁၄ဒေ ၅:၈; ၈:၁၄; ဟဗ ၁:၁၃
၁ ဘု. ၂၁:၁၅၁ဘု ၂၁:၇
၁ ဘု. ၂၁:၁၇၁ဘု ၁၇:၁
၁ ဘု. ၂၁:၁၈၁ဘု ၁၆:၂၉
၁ ဘု. ၂၁:၁၉က ၄:၈၊ ၁၀
၁ ဘု. ၂၁:၁၉တရ ၅:၂၁; ဟဗ ၂:၉
၁ ဘု. ၂၁:၁၉၁ဘု ၂၂:၃၇၊ ၃၈; ၂ဘု ၉:၂၅၊ ၂၆
၁ ဘု. ၂၁:၂၀၁ဘု ၁၈:၁၇; အ ၅:၁၀
၁ ဘု. ၂၁:၂၀၁ဘု ၁၆:၃၀
၁ ဘု. ၂၁:၂၁၂ဘု ၉:၇-၉; ၁၀:၇၊ ၁၇
၁ ဘု. ၂၁:၂၂၁ဘု ၁၅:၂၅-၂၉
၁ ဘု. ၂၁:၂၂၁ဘု ၁၆:၃၊ ၁၁
၁ ဘု. ၂၁:၂၃၂ဘု ၉:၁၀၊ ၃၅
၁ ဘု. ၂၁:၂၄၁ဘု ၁၄:၁၁; ၁၆:၄
၁ ဘု. ၂၁:၂၅၁ဘု ၁၆:၃၁; ၂ရ ၂၂:၂၊ ၃; ဗ ၂:၂၀
၁ ဘု. ၂၁:၂၅၁ဘု ၁၆:၃၀
၁ ဘု. ၂၁:၂၆ထွ ၂၃:၂၈; တရ ၉:၅
၁ ဘု. ၂၁:၂၉ဆ ၇၈:၃၄
၁ ဘု. ၂၁:၂၉၂ဘု ၉:၂၅၊ ၂၆; ၁၀:၇၊ ၁၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ဘုရင်များ ၂၁:၁-၂၉

၁ ဘုရင်များ

၂၁ အဲဒီနောက် ယေဇရေလမြို့သား+ နာဗုတ်ရဲ့ စပျစ်ခြံနဲ့ ပတ်သက်တဲ့  ဖြစ်ရပ်တစ်ခု  ဖြစ်လာတယ်။ အဲဒီစပျစ်ခြံက ယေဇရေလမြို့မှာရှိတဲ့ ရှမာရိဘုရင်အာဟပ်ရဲ့ နန်းတော်ဘေးမှာ ရှိတယ်။ ၂ အာဟပ်မင်းက “နန်းတော်ဘေးမှာရှိတဲ့ မင်းရဲ့ စပျစ်ခြံကို ငါ့ကိုအပ်ပါ။ ဟင်းသီးဟင်းရွက်ခြံ လုပ်ချင်တယ်။ အဲဒီခြံအစား ပိုကောင်းတဲ့ စပျစ်ခြံကို ငါပေးမယ်။ ဒါမှမဟုတ် စပျစ်ခြံအတွက် တန်ရာတန်ကြေး ပေးဆိုရင်လည်း ပေးမယ်” လို့ ကမ်းလှမ်းပေမဲ့၊ ၃ နာဗုတ်က “ဘိုးဘေးတွေရဲ့ အမွေမြေကို မင်းကြီးကိုပေးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ယေဟောဝါဘုရား တားမြစ်ထားလို့ပါ”+ ဆိုပြီးပြန်ဖြေတယ်။ ၄ ယေဇရေလမြို့သား နာဗုတ်က “ဘိုးဘေးတွေရဲ့အမွေမြေကို မင်းကြီးကို မပေးနိုင်ပါဘူး” လို့ပြောတဲ့အတွက် အာဟပ်မင်းလည်း မျက်နှာ မသာမယာဖြစ်ပြီး နန်းတော်ကို စိတ်ပျက်လက်ပျက် ပြန်သွားတယ်။ ပြီးတော့ အိပ်ရာပေါ်မှာ လှဲပြီး နံရံဘက်ကို မျက်နှာလှည့်ထားတယ်။ အစာလည်း မစားဘူး။

၅ အဲဒီအခါ မိဖုရားယေဇဗေလ+ ဝင်လာပြီး  “မောင်တော်၊  မစားမသောက်နိုင်လောက်အောင် ဘာများ စိတ်ညစ်စရာရှိလို့လဲ” လို့ မေးတော့၊ ၆ အာဟပ်မင်းက  “ယေဇရေလမြို့သား နာဗုတ်ကို ‘မင်းရဲ့ စပျစ်ခြံကို ရောင်းပါ။ ဒါမှမဟုတ် အဲဒီခြံအစား တခြားစပျစ်ခြံကို  ပေးဆိုရင်လည်း ပေးမယ်’ လို့ကမ်းလှမ်းပေမဲ့ သူက ‘မပေးနိုင်ပါဘူး’  တဲ့” ဆိုပြီးဖြေတယ်။ ၇ မိဖုရားယေဇဗေလက  “မောင်တော်ဟာ အစ္စရေးပြည်ရဲ့ ဘုရင်ပဲ။ ထပြီး တစ်ခုခုသုံးဆောင်ပါ။ ပျော်ပျော်သာ နေပါ။ ယေဇရေလမြို့သား နာဗုတ်ရဲ့ စပျစ်ခြံကို ရအောင် ကျွန်မလုပ်ပေးမယ်”+ လို့ပြောတယ်။ ၈ ပြီးတော့ ယေဇဗေလက  အာဟပ်ရဲ့နာမည်နဲ့ စာတွေရေး၊ တံဆိပ်တော် ခတ်နှိပ်ပြီး+ နာဗုတ်ရဲ့မြို့က အကြီးအကဲတွေ၊+ မှူးမတ်တွေဆီ ပို့လိုက်တယ်။ ၉ စာထဲမှာ “အစာရှောင်မယ့်နေ့ကို ကြေညာပြီး နာဗုတ်ကို လူတွေရှေ့မှာ ထိုင်ခိုင်းပါ။ ၁၀ လူဖျင်းနှစ်ယောက်က သူ့ရှေ့မှာ ထိုင်ပြီး ‘မင်းဟာ ဘုရားသခင်နဲ့ ဘုရင်ကို ကျိန်ဆဲတဲ့သူပဲ’+ လို့ သက်သေထွက်ဆိုစေ။+ အဲဒီနောက်  သူ့ကို  မြို့ပြင်ထုတ်၊ ကျောက်ခဲနဲ့ပေါက်သတ်စေ”+ ဆိုပြီး ရေးထားတယ်။

၁၁ နာဗုတ်ရဲ့  နေရင်းမြို့မှာရှိတဲ့ အကြီးအကဲတွေ၊ မှူးမတ်တွေလည်း ယေဇဗေလရဲ့စာမှာ ပါတဲ့အတိုင်း လုပ်ကြတယ်။ ၁၂ အစာရှောင်တဲ့နေ့ကို သူတို့ ကြေညာပြီး နာဗုတ်ကို လူတွေရှေ့မှာ ထိုင်ခိုင်းတယ်။ ၁၃ အဲဒီအချိန်မှာ လူဖျင်းနှစ်ယောက် ဝင်လာပြီး နာဗုတ်ရှေ့မှာ ထိုင်တယ်။ “နာဗုတ်ဟာ ဘုရားသခင်နဲ့ ဘုရင်ကို ကျိန်ဆဲတဲ့သူပဲ”+  ဆိုပြီး  လူတွေရှေ့မှာ သက်သေထွက်ဆိုတယ်။ ပြီးတော့ သူ့ကို မြို့ပြင်ထုတ်ပြီး  ကျောက်ခဲနဲ့ပေါက်သတ်လိုက်တယ်။+ ၁၄ အဲဒီနောက် ယေဇဗေလဆီ လူလွှတ်ပြီး “နာဗုတ်ကို ကျောက်ခဲနဲ့ ပေါက်သတ်လိုက်ပြီ”+ ဆိုပြီး သတင်းပို့တယ်။

၁၅ နာဗုတ်ကို ကျောက်ခဲနဲ့ ပေါက်သတ်လိုက်ပြီဆိုတဲ့ သတင်းကို ကြားတာနဲ့ ယေဇဗေလက “မောင်တော့်ကို စပျစ်ခြံ မရောင်းချင်တဲ့ ယေဇရေလမြို့သား နာဗုတ် မရှိတော့ဘူး၊ သေသွားပြီ။ အခု သူ့စပျစ်ခြံကို သွားသိမ်းပါတော့”+ လို့ အာဟပ်မင်းကို ပြောတယ်။ ၁၆ နာဗုတ် သေပြီဆိုတာလည်း ကြားရော အာဟပ်မင်းက စပျစ်ခြံကို သိမ်းဖို့ ထသွားတယ်။

၁၇ အဲဒီအခါ ယေဟောဝါက တိရှဘိရွာသား ဧလိယကို+ ပြောတယ်– ၁၈ “အခု ထပြီး ရှမာရိမြို့ကို+ သွားပါ။ အစ္စရေးဘုရင် အာဟပ်ကို သွားတွေ့ပါ။ နာဗုတ်ရဲ့ စပျစ်ခြံကို သိမ်းဖို့ စပျစ်ခြံထဲ ရောက်နေတယ်။ ၁၉ သူ့ကို ပြောလိုက်ပါ။ ‘ယေဟောဝါ ပြောတာက– “လူကိုသတ်ရုံမက+ သူပိုင်တဲ့မြေကိုပါ မင်း သိမ်းလိုက်ပြီလား။”+ ဒါကြောင့် ယေဟောဝါပြောတာက “ခွေးတွေက နာဗုတ်ရဲ့သွေးကို လျက်တဲ့နေရာမှာပဲ မင်းရဲ့သွေးကိုလည်း လျက်လိမ့်မယ်။”’”+

၂၀ အဲဒီအခါ အာဟပ်မင်းက “ရန်သူကြီး၊+ မင်း ငါ့ကို ရှာတွေ့ပြီပေါ့” လို့မေးတော့ ဧလိယက “ဟုတ်တယ်၊ ရှာတွေ့ပြီ။ ဘုရားသခင် ပြောတာက ‘မင်းဟာ ငါယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက်၊+ ၂၁ မင်းအပေါ် ငါဘေးဆိုးကျရောက်စေပြီး မင်းကို ရှင်းထုတ်မယ်။ အစ္စရေးပြည်က ခိုကိုးရာမဲ့သူနဲ့ နိမ့်ကျသူအပါအဝင် အာဟပ်အမျိုးထဲက ယောက်ျားမှန်သမျှကို ငါပယ်ရှင်းမယ်။+ ၂၂ ငါ့ကို အမျက်ထွက်အောင်လုပ်ပြီး အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့အတွက် မင်းရဲ့အမျိုးကို နေဗတ်ရဲ့သား ယေရောဗောင်ရဲ့အမျိုးလို၊+ အဟိယရဲ့သား ဗာရှာရဲ့အမျိုးလို+ ငါဖြစ်စေမယ်။’ ၂၃ ယေဇဗေလနဲ့ ပတ်သက်ပြီးတော့လည်း ယေဟောဝါ ပြောတာက ‘ယေဇရေလမြို့က မြေကွက်မှာ ယေဇဗေလကို ခွေးတွေစားလိမ့်မယ်။+ ၂၄ အာဟပ်အမျိုးထဲက ဘယ်သူမဆို မြို့ထဲမှာသေရင် ခွေးတွေစားလိမ့်မယ်။ မြို့ပြင်မှာသေရင် ငှက်တွေစားလိမ့်မယ်။+ ၂၅ မိဖုရားယေဇဗေလရဲ့ သွေးထိုးမှုကြောင့်+ ယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အာဟပ်လို ဘုရင်မျိုး မရှိခဲ့ဖူးဘူး။+ ၂၆ အာဟပ်က အစ္စရေးတွေရှေ့ကနေ ယေဟောဝါနှင်ထုတ်ခဲ့တဲ့ အာမောရိလူတွေလိုပဲ ရွံမုန်းဖွယ်ရုပ်တုတွေကို* ကိုးကွယ်တယ်။ ဒီနည်းနဲ့ ရွံမုန်းစရာအကောင်းဆုံး လုပ်ရပ်ကို လုပ်ခဲ့တယ်’”+ ဆိုပြီး အာဟပ်မင်းကို ပြန်ပြောတယ်။

၂၇ အာဟပ်မင်းက ဧလိယပြောတဲ့ စကားကိုလည်း ကြားရော အဝတ်ကိုဆွဲဆုတ်၊ အထည်ကြမ်းဝတ်ပြီး အစာရှောင်တယ်။  အိပ်တဲ့အခါလည်း အထည်ကြမ်းနဲ့ပဲ။ သွားလာတဲ့အခါလည်း မှိုင်တွေတွေဖြစ်နေတယ်။ ၂၈ အဲဒီအခါ ယေဟောဝါက တိရှဘိရွာသား ဧလိယကို၊ ၂၉ “ငါ့စကားကြောင့် အာဟပ် ဘယ်လောက်တောင် နှိမ့်ချသွားသလဲဆိုတာ+  မင်းတွေ့တယ်မဟုတ်လား။ ငါ့ရှေ့မှာ အဲဒီလိုနှိမ့်ချတဲ့အတွက် ဒီဘေးဆိုးကို သူ့လက်ထက်မှာ မဟုတ်ဘဲ သူ့သားလက်ထက်ကျမှပဲ သူ့အမျိုးပေါ် ငါကျရောက်စေမယ်”+ လို့ပြောတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ