၂ ဘုရင်များ
၂၁ မနာရှေ+ နန်းတက်ချိန်မှာ အသက် ၁၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၅၅ နှစ် စိုးစံတယ်။+ မယ်တော်က ဟေဇိဘလို့ ခေါ်တယ်။ ၂ မနာရှေဟာ ယေဟောဝါရှေ့မှာ မကောင်းတာ လုပ်တယ်၊ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ မောင်းထုတ်ခဲ့တဲ့+ လူမျိုးတွေရဲ့ ရွံရှာဖွယ် အကျင့်ဓလေ့တွေအတိုင်း လိုက်လုပ်တယ်။+ ၃ ခမည်းတော်ဟေဇကိ ဖျက်ဆီးခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို ပြန်တည်ဆောက်တယ်။+ အစ္စရေးဘုရင် အာဟပ်လိုပဲ+ ဗာလဘုရားအတွက် ယဇ်ပလ္လင်တွေ တည်ပြီး ကိုးကွယ်ရာသစ်တိုင်ကို*+ လုပ်တယ်။ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်တွေကို ဦးချဝတ်ပြုတယ်။+ ၄ “ဂျေရုဆလင်မြို့မှာ ငါ့နာမည် တည်စေမယ်” လို့ ယေဟောဝါပြောခဲ့တဲ့နေရာ၊+ ယေဟောဝါရဲ့ အိမ်တော်မှာလည်း ယဇ်ပလ္လင်တွေ တည်တယ်။+ ၅ မနာရှေက ယေဟောဝါရဲ့ အိမ်တော်ရင်ပြင်နှစ်ခုမှာ+ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်တွေအတွက် ယဇ်ပလ္လင်တွေ တည်တယ်။+ ၆ ကိုယ့်သားကို မီးရှို့ပူဇော်တယ်။ မှော်အတတ်လိုက်စားပြီး အတိတ်နိမိတ်ဖတ်တယ်။+ နတ်ကတော်တွေ၊ ဗေဒင်ဆရာတွေကိုလည်း ခန့်ထားတယ်။+ ယေဟောဝါရှေ့မှာ မကောင်းတာတွေ အကြီးအကျယ်လုပ်ပြီး အမျက်ထွက်စေတယ်။
၇ မနာရှေက ကိုးကွယ်ရာသစ်တိုင်ကို*+ ထွင်းထုပြီး အိမ်တော်ထဲမှာ ထားတယ်။ ယေဟောဝါက အဲဒီအိမ်တော်နဲ့ပတ်သက်ပြီး ဒါဝိဒ်နဲ့ သားရှောလမုန်ကို “အစ္စရေးအနွယ်အားလုံးထဲကနေ ငါရွေးချယ်ထားတဲ့ ဂျေရုဆလင်မြို့မှာ၊ ဒီအိမ်တော်မှာ ငါ့နာမည်ကို အမြဲတည်စေမယ်။+ ၈ အစ္စရေးတွေက ငါမိန့်မှာသမျှအတိုင်း၊ ငါ့ကျွန်မောရှေ လိုက်လျှောက်ခိုင်းတဲ့ ပညတ်တရားအတိုင်း ဂရုတစိုက် လိုက်နာမယ်ဆိုရင်+ ဘိုးဘေးတွေကို ငါပေးတဲ့ပြည်ကနေ ထွက်ခွာပြီး လှည့်လည်သွားလာရတော့မှာ မဟုတ်ဘူး”+ လို့ ကတိပေးခဲ့တယ်။ ၉ ဒါပေမဲ့ အစ္စရေးတွေ မနာခံကြဘူး။ မနာရှေမင်းက သူတို့လမ်းလွဲသွားအောင်၊ သူတို့ရှေ့ကနေ ယေဟောဝါ ချေမှုန်းခဲ့တဲ့ လူမျိုးတွေထက် ဆိုးဆိုးရွားရွား ပြုမူအောင် ဦးဆောင်လမ်းပြတယ်။+
၁၀ ယေဟောဝါက မိမိကျွန် ပရောဖက်တွေကတစ်ဆင့် ပြောတယ်–+ ၁၁ “ယုဒဘုရင် မနာရှေဟာ ရွံစရာကောင်းတဲ့ အဲဒီလုပ်ရပ်တွေကို လုပ်တယ်။ သူ့အရင် အာမောရိလူတွေထက်+ ပိုပြီးဆိုးသွမ်းတယ်။+ ရွံမုန်းစရာရုပ်တုတွေ* သုံးပြီး ယုဒလူတွေ အပြစ်ကျူးလွန်အောင် လုပ်တယ်။ ၁၂ ဒါကြောင့် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတယ်– ‘ကြားတဲ့သူတိုင်း တုန်လှုပ်ချောက်ချားသွားမယ့်*+ ဘေးဆိုးကို ယုဒပြည်နဲ့ ဂျေရုဆလင်မြို့အပေါ် ငါကျရောက်စေမယ်။+ ၁၃ ရှမာရိမြို့ကို+ တိုင်းတဲ့ကြိုး၊+ အာဟပ်အမျိုးကို+ တိုင်းတဲ့ရေချိန်နဲ့* ဂျေရုဆလင်မြို့ကို ငါတိုင်းမယ်။ ခွက်ကို စင်အောင်သုတ်ပြီး မှောက်ထားသလို ဂျေရုဆလင်မြို့ကို သုတ်သင်ရှင်းလင်းမယ်။+ ၁၄ ငါ့အမွေ အကြွင်းအကျန်ကို ငါစွန့်ပစ်မယ်။+ ရန်သူတွေလက်ထဲ အပ်မှာဖြစ်လို့ သူတို့ကို တိုက်ခိုက်လုယက်ပြီး ဖမ်းခေါ်သွားမယ်။+ ၁၅ အီဂျစ်ပြည်ကနေ သူတို့ဘိုးဘေးတွေ ထွက်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အစ္စရေးတွေဟာ ငါ့ရှေ့မှာ မကောင်းတာတွေလုပ်ပြီး ငါအမျက်ထွက်အောင် လုပ်ကြတယ်။’”+
၁၆ မနာရှေမင်းက ယုဒအမျိုးကို ယေဟောဝါရှေ့မှာ မကောင်းတာလုပ်ပြီး အပြစ်ကျူးလွန်စေတယ်။ ဒါ့အပြင် အပြစ်မဲ့သူတွေကို သတ်ပြီး ဂျေရုဆလင်တစ်မြို့လုံးမှာ သွေးချောင်းစီးစေတယ်။+ ၁၇ မနာရှေရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ သူလုပ်ဆောင်ခဲ့သမျှတွေ၊ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၁၈ နောက်ပိုင်းမှာ မနာရှေ ကွယ်လွန်သွားတဲ့အတွက် သြဇဥယျာဉ်လို့ခေါ်တဲ့+ နန်းတော်ဥယျာဉ်မှာ သင်္ဂြိုဟ်လိုက်တယ်။ သားတော်အာမုန်က ထီးနန်းဆက်ခံတယ်။
၁၉ အာမုန်က+ နန်းတက်ချိန်မှာ အသက် ၂၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၂ နှစ် စိုးစံတယ်။+ မယ်တော်က ယုပ်ဘာမြို့သား ဟာရုပ်ရဲ့သမီး မေရှုလမက်လို့ ခေါ်တယ်။ ၂၀ အာမုန်က ခမည်းတော် မနာရှေလိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာတွေ ဆက်လုပ်တယ်။+ ၂၁ ခမည်းတော်ရဲ့လမ်းစဉ်ကို ဆက်လိုက်တယ်။ ခမည်းတော်ဝတ်ပြုခဲ့တဲ့ ရွံမုန်းစရာရုပ်တုတွေကို ဦးချဝတ်ပြုတယ်။+ ၂၂ ဒီနည်းနဲ့ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို သူစွန့်တယ်။ ယေဟောဝါရဲ့ လမ်းစဉ်ကို မလိုက်လျှောက်ဘူး။+ ၂၃ နောက်ပိုင်းမှာ မင်းမှုထမ်းတွေက လျှို့ဝှက်ကြံစည်ပြီး အာမုန်ကို နန်းတော်မှာပဲ လုပ်ကြံလိုက်တယ်။ ၂၄ ဒါပေမဲ့ ပြည်သူပြည်သားတွေက အာမုန်ကို လုပ်ကြံသူတွေကို ကွပ်မျက်ပြီးနောက် သားတော်ယောရှိကို မင်းမြှောက်ကြတယ်။+ ၂၅ အာမုန်ရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၆ အာမုန်ကို သြဇဥယျာဉ်ထဲက သူ့သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်လိုက်ကြတယ်။+ သားတော်ယောရှိက+ ထီးနန်းဆက်ခံတယ်။