ဆာလံ
ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
ဘုရားက ငါ့လက်တွေကို စစ်တိုက်တတ်အောင်၊
ငါ့လက်ချောင်းတွေကို စစ်ရေးကျွမ်းကျင်အောင် လေ့ကျင့်ပေးတယ်။+
၂ ဘုရားဟာ ငါ့ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ အရှင်၊ ငါ့ရဲတိုက်၊
လုံခြုံတဲ့ခိုလှုံရာ၊ ကယ်တင်ရှင်ပါ။
၃ အို ယေဟောဝါ၊ လူဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။
သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အာရုံစိုက်နေရတာလဲ။+
၄ လူ့သက်တမ်းဟာ ပင့်သက်တစ်ရှိုက်စာပါပဲ။+
သူ့နေ့ရက်တွေဟာ ရွေ့သွားတဲ့ အရိပ်လိုပါပဲ။+
၅ ယေဟောဝါဘုရား၊ ကောင်းကင်ကို ညွှတ်ကျစေပြီး ဆင်းလာပါ။+
တောင်တန်းတွေကို တို့ထိပြီး မီးခိုးထွက်စေပါ။+
၆ လျှပ်စီးတွေ လင်းလက်စေပြီး ရန်သူတွေကို ကစဉ့်ကလျား ဖြစ်စေပါ။+
မြားတွေ ပစ်လွှတ်ပြီး ဖရိုဖရဲ ဖြစ်စေပါ။+
၇ အထက်အရပ်ကနေ လက်ကို ဆန့်လိုက်ပါ။
လှိုင်းထန်နေတဲ့ ရေထဲကနေ၊
တိုင်းတစ်ပါးသားတွေလက်ကနေ ကျွန်တော့်ကို ကယ်တင်ပါ။+
၈ သူတို့က အလိမ်အညာစကားတွေ ပြောတယ်။
ညာလက်ကိုမြှောက်ပြီး မဟုတ်မမှန်တာတွေ ကျိန်ဆိုတယ်။
၉ အို ဘုရားသခင်၊ ကိုယ်တော့်အတွက် သီချင်းသစ်တစ်ပုဒ် သီဆိုပါ့မယ်။+
ဆယ်ကြိုးတပ် တူရိယာကို တီးပြီး ချီးမွမ်းသီချင်းဆိုပါ့မယ်။
၁၀ ကိုယ်တော်ဟာ ဘုရင်တွေကို အောင်ပွဲခံစေတဲ့အရှင်၊+
ကျွန်ဖြစ်သူဒါဝိဒ်ကို သေစေနိုင်တဲ့ ဓားဘေးကနေ ကယ်ဆယ်တဲ့အရှင်ပါ။+
၁၁ အလိမ်အညာစကားတွေ ပြောတဲ့အပြင်
ညာလက်ကိုမြှောက်ပြီး မဟုတ်မမှန်ကျိန်ဆိုတဲ့
တိုင်းတစ်ပါးသားတွေရဲ့ လက်ကနေ ကျွန်တော့်ကို ကယ်တင်ပါ။
၁၂ ဒါဆိုရင် ကျွန်တော်တို့ရဲ့ သားတွေဟာ ကြီးထွားနေတဲ့ အပင်ပေါက်တွေနဲ့ တူလိမ့်မယ်။
သမီးတွေဟာ နန်းတော်ကို အလှဆင်ဖို့ ထွင်းထုတဲ့ ထောင့်တိုင်တွေနဲ့ တူလိမ့်မယ်။
၁၃ ကျွန်တော်တို့ရဲ့ သိုလှောင်ခန်းတွေမှာ စားနပ်ရိက္ခာ အမျိုးမျိုး ပြည့်လျှံနေလိမ့်မယ်။
ကွင်းပြင်မှာ သိုးအုပ်တွေ ထောင်သောင်းမက တိုးများနေလိမ့်မယ်။
၁၄ ဇီးရှိနေတဲ့ နွားတွေက ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး။ သားလျှောမှာ မဟုတ်ဘူး။
လူထုရင်ပြင်တွေမှာလည်း ဒုက္ခရောက်လို့ အော်ဟစ်နေတဲ့အသံကို ကြားရမှာ မဟုတ်ဘူး။
၁၅ အဲဒီလိုအခြေအနေအောက် နေထိုင်ရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။
ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။+