ဆာလံ
ကောင်းကင်မှာ ယေဟောဝါကို ချီးမွမ်းကြ။+
အထက်အရပ်မှာ ဘုရားကို ချီးမွမ်းကြ။
၂ ကောင်းကင်တမန်အပေါင်းတို့၊ ဘုရားကို ချီးမွမ်းကြ။+
ဗိုလ်ခြေအပေါင်းတို့၊ ဘုရားကို ချီးမွမ်းကြ။+
၃ နေနဲ့လတို့၊ ဘုရားကို ချီးမွမ်းကြ။
လင်းလက်ကြယ်စင်အပေါင်းတို့၊ ဘုရားကို ချီးမွမ်းကြ။+
၄ အမြင့်ဆုံးကောင်းကင်နဲ့ အာကာတစ်ခွင်က မိုးတိမ်တို့၊
ဘုရားကို ချီးမွမ်းကြ။
၆ ဘုရားက သူတို့ကို အစဉ်ထာဝရ တည်စေတယ်။+
ပယ်ဖျက်လို့မရနိုင်တဲ့ အမိန့်တော်ကို ထုတ်ပြန်တယ်။+
၇ ကမ္ဘာပေါ်နေထိုင်သူတို့၊ ပင်လယ်သတ္တဝါကြီးတို့၊
နက်ရှိုင်းတဲ့ ရေထုအပေါင်းတို့၊ ယေဟောဝါကို ချီးမွမ်းကြ။
၈ လျှပ်စီးနဲ့ မိုးသီးတို့၊ နှင်းထုနဲ့ တိမ်ထုတို့၊
နှုတ်တော်ထွက်စကားအတိုင်း လုပ်ဆောင်တဲ့ လေပြင်းမုန်တိုင်းတို့၊+
၉ တောင်တန်းတောင်ကုန်းအပေါင်းတို့၊+
သစ်သီးပင်တွေနဲ့ သစ်ကတိုးပင်အပေါင်းတို့၊+
၁၀ သားရဲနဲ့+ ခြံမွေးတိရစ္ဆာန်အပေါင်းတို့၊
တွားသွားသတ္တဝါတွေနဲ့ ပျံသန်းတဲ့ငှက်တို့၊
၁၁ ကမ္ဘာပေါ်က ဘုရင်တွေနဲ့ လူမျိုးအပေါင်းတို့၊
မင်းညီမင်းသားတွေနဲ့ ကမ္ဘာပေါ်က တရားသူကြီးအပေါင်းတို့၊+
၁၂ ပျိုရွယ်သူ အမျိုးသား အမျိုးသမီးတို့၊
လူကြီးလူငယ်အပေါင်းတို့၊
ဘုရားကို ချီးမွမ်းကြ။
၁၃ ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းကြ။
နာမတော်ဟာ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မြတ်လွန်းတယ်။+
ဘုန်းတန်ခိုးတော်လည်း မိုးနဲ့မြေထက် မြင့်မားတယ်။+
၁၄ ဘုရားက မိမိလူတွေရဲ့ အစွမ်းခွန်အားကို* တိုးပွားစေမယ်။
သစ္စာစောင့်သိသူတွေကိုရော မိမိနဲ့တရင်းတနှီးရှိတဲ့ အစ္စရေးတွေကိုပါ
ချီးမွမ်းထိုက်သူတွေ ဖြစ်စေမယ်။
ယေဟောဝါကို ချီးမွမ်းကြ။*