ဆာလံ
ဘုရားသခင်ကို သန့်ရှင်းရာဌာနတော်မှာ ချီးမွမ်းကြ။+
အစွမ်းတန်ခိုးတော်ကို ဖော်ပြတဲ့ ဟင်းလင်းပြင်ကျယ်မှာ ချီးမွမ်းကြ။+
၂ ဘုရားကို တန်ခိုးကြီး လုပ်ရပ်တွေကြောင့် ချီးမွမ်းကြ။+
အတိုင်းထက်အလွန် ကြီးမြတ်မှုကြောင့် ချီးမွမ်းကြ။+
၃ တံပိုးမှုတ်ပြီး ဘုရားကို ချီးမွမ်းကြ။+
ကြိုးတပ်တူရိယာနဲ့ စောင်းကို တီးပြီး ချီးမွမ်းကြ။+
၄ ချူတပ်ဗုံ တီးပြီး၊+ ဝိုင်းပတ်ကခုန်ပြီး ဘုရားကို ချီးမွမ်းကြ။
ကြိုးတပ်တူရိယာနဲ့+ ပလွေကို တီးမှုတ်ပြီး ချီးမွမ်းကြ။+
၅ လင်းကွင်းကို ဟိန်းနေအောင် တီးပြီး ဘုရားကို ချီးမွမ်းကြ။
လင်းကွင်းတွေကို တချွမ်းချွမ်း တီးပြီး ချီးမွမ်းကြ။+
၆ သက်ရှိအားလုံး ယေဟောဝါကို ချီးမွမ်းကြ။