ဆာလံ
ဂီတမှူးသို့။ မက်စကီး။* အဟိမလက်ရဲ့အိမ်ကို ဒါဝိဒ် ရောက်လာတဲ့အကြောင်း ဧဒုံအမျိုးသား ဒေါဂက ရှောလုကို သွားပြောတဲ့အခါ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
၅၂ ခွန်အားကြီးတဲ့သူ၊ မင်းရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်း ဘာလို့ ကြွားလုံးထုတ်နေတာလဲ။+
ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာဟာ အစဉ်အမြဲတည်တယ်။+
၂ သင်တုန်းဓားလို ထက်နေတဲ့ မင်းရဲ့လျှာက+
အကောက်ကြံပြီး မဟုတ်မမှန် ပြောတယ်။+
၃ မွန်မြတ်တဲ့အရာထက် ယုတ်မာတဲ့အရာကို မင်းပိုနှစ်သက်တယ်။
သစ္စာစကားထက် မုသားစကား ပြောရတာကို ပိုကြိုက်တယ်။ (စဲလာ)
၄ လိမ်ညာလှည့်စားသူ၊
ထိခိုက်နစ်နာစေတဲ့ စကားတွေကို မင်း အကြိုက်တွေ့နေပါလား။
၅ ဒါကြောင့် ဘုရားသခင်က မင်းကို အပြီးအပိုင် ဖြိုချလိမ့်မယ်။+
မင်းကိုဖမ်းဆွဲပြီး တဲထဲကနေ ခေါ်ထုတ်လိမ့်မယ်။+
သက်ရှိလောကထဲကနေ အမြစ်ပါမကျန် ဆွဲနုတ်လိမ့်မယ်။+ (စဲလာ)
၆ ဖြောင့်မတ်သူတွေ ဒါကို မြင်ပြီး အံ့သြထိတ်လန့်သွားလိမ့်မယ်။+
ဟားတိုက်ရယ်မောပြီး၊+
ကိုယ့်ဥစ္စာဓနကို ကိုးစားတဲ့သူ၊+
ကိုယ့်ဉာဏ်နီဉာဏ်နက်ကိုပဲ အားကိုးတဲ့သူဟာ ဒီလူပဲ” လို့ပြောလိမ့်မယ်။
၈ ငါကတော့ ဘုရားသခင်ရဲ့ အိမ်တော်ထဲက စိမ်းလန်းနေတဲ့ သံလွင်ပင်လို ဖြစ်လိမ့်မယ်။
ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာကိုပဲ အစဉ်ထာဝရ ငါကိုးစားတယ်။+
၉ အို ဘုရားသခင်၊ ကိုယ်တော့် လုပ်ဆောင်ချက်တွေကြောင့် ထာဝစဉ်ချီးမွမ်းပါ့မယ်။+
သစ္စာစောင့်သိသူတွေရှေ့မှာ နာမတော်ကို မျှော်လင့်နေပါ့မယ်။+
နာမတော်ဟာ ကောင်းမြတ်လို့ပါ။