ဆာလံ
၉၅ လာကြ။ ယေဟောဝါအတွက် ရွှင်လန်းစွာ သီချင်းဆိုကြစို့။
ငါတို့ရဲ့ ကယ်တင်ခြင်း ကျောက်ဆောင်ဆီ အောင်သံလွှင့်ကြစို့။+
၂ ကျေးဇူးတင် ချီးမွမ်းရင်း ရှေ့တော်ကို ဝင်ကြစို့။+
ဘုရားဆီ အောင်သံလွှင့်ပြီး သီချင်းဆိုကြစို့။
၄ ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးနေရာဟာ ဘုရားလက်ထဲမှာ ရှိတယ်။
တောင်ထိပ်တွေကို ဘုရား ပိုင်တယ်။+
၅ ဖန်ဆင်းထားတဲ့ ပင်လယ်ကိုလည်း ပိုင်တယ်။+
ကုန်းမြေကို လက်တော်နဲ့ ပုံသွင်းတယ်။+
၆ လာကြ။ ဦးချပြီး ဝတ်ပြုကြစို့။
ငါတို့ရဲ့ ဖန်ဆင်းရှင် ယေဟောဝါရှေ့မှာ ဒူးထောက်ကြစို့။+
၇ ကိုယ်တော်ဟာ ငါတို့ရဲ့ ဘုရားသခင်ပဲ။
ငါတို့က ဘုရားရဲ့ စားကျက်ထဲက လူတွေ၊
ဘုရားရဲ့ဂရုစိုက်မှုကို ခံရတဲ့ သိုးတွေပဲ။+
ဒီနေ့ မင်းတို့ကို ဘုရားပြောနေတာ နားထောင်စေချင်လိုက်တာ–+
၉ အဲဒီတုန်းက မင်းတို့ရဲ့ဘိုးဘေးတွေ ငါ့ကို အကဲစမ်းကြတယ်။+
ငါ့လုပ်ဆောင်မှုတွေကို မြင်ရတာတောင် ငါ့ကို စိန်ခေါ် ခဲ့ကြတယ်။+
၁၀ အဲဒီလူမျိုးဆက်ကို နှစ်ပေါင်း ၄၀ လုံး ငါရွံရှာခဲ့တယ်။
“သူတို့ရဲ့စိတ်ဟာ အမြဲပဲ လမ်းလွဲနေတယ်။
ငါ့လမ်းစဉ်တွေကို မသိကြဘူး” လို့ ငါပြောခဲ့တယ်။