ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • ကပ်ဘေး ၅– တိရစ္ဆာန်တွေ သေ (၁-၇)

      • ကပ်ဘေး ၆– လူနဲ့တိရစ္ဆာန် အနာစိမ်းပေါက် (၈-၁၂)

      • ကပ်ဘေး ၇– မိုးသီး (၁၃-၃၅)

        • ဖာရောကို ဘုရား တန်ခိုးပြ (၁၆)

        • ယေဟောဝါရဲ့နာမည်ကို သိစေ (၁၆)

ထွက်မြောက်ရာ ၉:၁

ကျမ်းညွှန်းများ

  • +ထွ ၅:၁; ၈:၁

ထွက်မြောက်ရာ ၉:၃

ကျမ်းညွှန်းများ

  • +ထွ ၇:၄
  • +ထွ ၉:၁၅

ထွက်မြောက်ရာ ၉:၄

ကျမ်းညွှန်းများ

  • +ထွ ၈:၂၂; ၁၀:၂၃; ၁၁:၇; ၁၂:၁၃

ထွက်မြောက်ရာ ၉:၆

ကျမ်းညွှန်းများ

  • +ဆ ၇၈:၄၈

ထွက်မြောက်ရာ ၉:၇

ကျမ်းညွှန်းများ

  • +ထွ ၄:၂၁

ထွက်မြောက်ရာ ၉:၁၁

ကျမ်းညွှန်းများ

  • +ထွ ၇:၁၁၊ ၁၂၊ ၂၀၊ ၂၂; ၈:၇၊ ၁၈; ၂တိ ၃:၈

ထွက်မြောက်ရာ ၉:၁၂

ကျမ်းညွှန်းများ

  • +ထွ ၄:၂၁; ၈:၃၁၊ ၃၂; ၁၄:၁၇

ထွက်မြောက်ရာ ၉:၁၄

ကျမ်းညွှန်းများ

  • +ထွ ၈:၉၊ ၁၀; ၂ရှ ၇:၂၂; ဆ ၈၃:၁၈

ထွက်မြောက်ရာ ၉:၁၆

ကျမ်းညွှန်းများ

  • +ထွ ၁၄:၁၇; ယရ ၂:၉၊ ၁၀; ၁ရ ၁၆:၂၄; ပ ၁၆:၄; ရှာ ၆၃:၁၂; ရ ၉:၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁၅/၂၀၀၅၊ စာ. ၂၀

    ဆရာ၊ စာ. ၂၉-၃၀

    ဘုရားသခင်ကိုကိုးကွယ်လော့၊ စာ. ၃၄

ထွက်မြောက်ရာ ၉:၂၂

ကျမ်းညွှန်းများ

  • +ထွ ၁၀:၄၊ ၅
  • +ဆ ၇၈:၄၇; ၁၀၅:၃၂

ထွက်မြောက်ရာ ၉:၂၃

အောက်ခြေမှတ်ချက်များ

  • *

    အကြီးအကျယ် လျှပ်စီးလက်တာ ဖြစ်နိုင်။

ထွက်မြောက်ရာ ၉:၂၄

ကျမ်းညွှန်းများ

  • +ထွ ၉:၁၈

ထွက်မြောက်ရာ ၉:၂၅

ကျမ်းညွှန်းများ

  • +ဆ ၁၀၅:၃၃

ထွက်မြောက်ရာ ၉:၂၆

ကျမ်းညွှန်းများ

  • +ထွ ၈:၂၂; ၉:၃၊ ၄; ၁၀:၂၃; ၁၁:၇; ၁၂:၁၃

ထွက်မြောက်ရာ ၉:၂၉

ကျမ်းညွှန်းများ

  • +ထွ ၇:၅၊ ၁၇; ၈:၉၊ ၁၀၊ ၂၂; ၁၄:၄; တရ ၁၀:၁၄; ဆ ၂၄:၁

ထွက်မြောက်ရာ ၉:၃၃

ကျမ်းညွှန်းများ

  • +ထွ ၁၀:၁၇-၁၉

ထွက်မြောက်ရာ ၉:၃၄

ကျမ်းညွှန်းများ

  • +ထွ ၄:၂၁; ၈:၁၃၊ ၁၅

ထွက်မြောက်ရာ ၉:၃၅

ကျမ်းညွှန်းများ

  • +ထွ ၇:၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၉:၁ထွ ၅:၁; ၈:၁
ထွ. ၉:၃ထွ ၇:၄
ထွ. ၉:၃ထွ ၉:၁၅
ထွ. ၉:၄ထွ ၈:၂၂; ၁၀:၂၃; ၁၁:၇; ၁၂:၁၃
ထွ. ၉:၆ဆ ၇၈:၄၈
ထွ. ၉:၇ထွ ၄:၂၁
ထွ. ၉:၁၁ထွ ၇:၁၁၊ ၁၂၊ ၂၀၊ ၂၂; ၈:၇၊ ၁၈; ၂တိ ၃:၈
ထွ. ၉:၁၂ထွ ၄:၂၁; ၈:၃၁၊ ၃၂; ၁၄:၁၇
ထွ. ၉:၁၄ထွ ၈:၉၊ ၁၀; ၂ရှ ၇:၂၂; ဆ ၈၃:၁၈
ထွ. ၉:၁၆ထွ ၁၄:၁၇; ယရ ၂:၉၊ ၁၀; ၁ရ ၁၆:၂၄; ပ ၁၆:၄; ရှာ ၆၃:၁၂; ရ ၉:၁၇
ထွ. ၉:၂၂ထွ ၁၀:၄၊ ၅
ထွ. ၉:၂၂ဆ ၇၈:၄၇; ၁၀၅:၃၂
ထွ. ၉:၂၄ထွ ၉:၁၈
ထွ. ၉:၂၅ဆ ၁၀၅:၃၃
ထွ. ၉:၂၆ထွ ၈:၂၂; ၉:၃၊ ၄; ၁၀:၂၃; ၁၁:၇; ၁၂:၁၃
ထွ. ၉:၂၉ထွ ၇:၅၊ ၁၇; ၈:၉၊ ၁၀၊ ၂၂; ၁၄:၄; တရ ၁၀:၁၄; ဆ ၂၄:၁
ထွ. ၉:၃၃ထွ ၁၀:၁၇-၁၉
ထွ. ၉:၃၄ထွ ၄:၂၁; ၈:၁၃၊ ၁၅
ထွ. ၉:၃၅ထွ ၇:၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၉:၁-၃၅

ထွက်မြောက်ရာ

၉ ဒါကြောင့် ယေဟောဝါက မောရှေကို မိန့်မှာတယ်– “ဖာရောဆီ သွားပြောပါ။ ‘ဟီဘရူးတွေရဲ့ဘုရား ယေဟောဝါက “ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ။+ ၂ ဒီတစ်ခါလည်း မလွှတ်ပေးသေးဘူးဆိုရင်တော့၊ ၃ မင်းရဲ့တိရစ္ဆာန်တွေကို ယေဟောဝါ ဒဏ်ခတ်လိမ့်မယ်။+ သိုး၊ နွား၊ မြည်း၊ မြင်း၊ ကုလားအုတ်တွေ ဆိုးရွားတဲ့ကပ်ရောဂါ စွဲလိမ့်မယ်။+ ၄ ယေဟောဝါက အစ္စရေးတွေရဲ့ တိရစ္ဆာန်နဲ့ အီဂျစ်တွေရဲ့ တိရစ္ဆာန်ကို သီးခြားခွဲထားမှာမို့လို့ အစ္စရေးရဲ့တိရစ္ဆာန် တစ်ကောင်မှ သေမှာမဟုတ်ဘူး”+ လို့ပြောပါတယ်။’” ၅ ယေဟောဝါက “မနက်ဖြန် ဒီကပ်ဘေးကို အီဂျစ်ပြည်မှာ ငါယေဟောဝါ ကျရောက်စေမယ်” ဆိုပြီး အချိန်သတ်မှတ်လိုက်တယ်။

၆ နောက်တစ်နေ့မှာ အဲဒီကပ်ဘေးကို ယေဟောဝါ ကျရောက်စေတဲ့အတွက် အီဂျစ်တွေရဲ့ တိရစ္ဆာန်မျိုးစုံ သေကုန်တယ်။+ အစ္စရေးတွေရဲ့ တိရစ္ဆာန်ကတော့ တစ်ကောင်မှ မသေဘူး။ ၇ ဖာရောမင်း စုံစမ်းကြည့်လိုက်တော့ အစ္စရေးတွေရဲ့ တိရစ္ဆာန်တစ်ကောင်မှ မသေမှန်း သိသွားတယ်။ ဒါပေမဲ့ ဖာရောမင်း ခေါင်းမာနေတုန်းပဲမို့လို့ လူတွေကို မလွှတ်ပေးသေးဘူး။+

၈ အဲဒီနောက် ယေဟောဝါက မောရှေနဲ့ အာရုန်ကို “မီးဖိုထဲကပြာကို လက်ခုပ်အပြည့် ခပ်ယူလိုက်။ ပြီးတော့ မောရှေက ပြာတွေကို ဖာရောရှေ့ လေထဲ ကြဲလိုက်။ ၉ အီဂျစ်တစ်ပြည်လုံးအပေါ် ပြာမှုန့်တွေ ပျံ့နှံ့သွားပြီး တစ်ပြည်လုံးမှာရှိတဲ့ လူနဲ့တိရစ္ဆာန်မှာ အနာစိမ်းပေါက်လာလိမ့်မယ်” လို့ပြောတယ်။

၁၀ သူတို့လည်း မီးဖိုထဲကပြာကို ယူ၊ ဖာရောရှေ့ရပ်ပြီး မောရှေက လေထဲကြဲလိုက်တယ်။ လူနဲ့တိရစ္ဆာန်တွေမှာ အနာစိမ်းပေါက်လာတယ်။ ၁၁ မှော်ဆရာတွေရော အီဂျစ်လူတွေပါ ကိုယ်မှာ အနာစိမ်းပေါက်နေတော့ မှော်ဆရာတွေလည်း မောရှေဆီ မလာနိုင်ကြတော့ဘူး။+ ၁၂ ယေဟောဝါက ဖာရောခေါင်းမာတာကို ခွင့်ပြုတယ်။ မောရှေကို ယေဟောဝါပြောခဲ့သလိုပဲ ဖာရောက သူတို့စကားကို နားမထောင်ဘူး။+

၁၃ ဒါနဲ့ ယေဟောဝါက မောရှေကို မိန့်မှာတယ်– “မနက်စောစော ဖာရောဆီသွားပြီး ပြောလိုက်ပါ။ ‘ဟီဘရူးတွေရဲ့ဘုရား ယေဟောဝါပြောတာက “ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ။ ၁၄ မြေတစ်ပြင်လုံးမှာ ငါ့လို ဘုရားမျိုး မရှိဘူးဆိုတာ မင်းသိစေဖို့ မင်းနဲ့ မင်းမှုထမ်းတွေ၊ လူတွေဆီ ကပ်ဘေးတွေကို ငါလွှတ်လိုက်မယ်။+ ၁၅ အခု မင်းနဲ့ မင်းရဲ့လူတွေကို ဆိုးရွားတဲ့ကပ်ရောဂါနဲ့သာ ငါဒဏ်ခတ်လိုက်ရင် မင်းတို့အားလုံး မြေပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ ၁၆ ဒါပေမဲ့ ငါ့တန်ခိုးကိုပြဖို့၊ ငါ့နာမည်ကို မြေတစ်ပြင်လုံးသိစေဖို့ မင်းကို ငါအသက်ရှင်ခွင့်ပေးနေတာ။+ ၁၇ ဒါကိုများ မင်းက ငါ့လူမျိုးကို မလွှတ်ပေးဘဲ မောက်မာနေတုန်းပဲကိုး။ ၁၈ ဒါကြောင့် မနက်ဖြန် ဒီအချိန်ကျရင် အလွန်ကြီးတဲ့ မိုးသီးတွေကို ငါရွာကျစေမယ်။ အီဂျစ်ပြည်တည်ထောင်ချိန်ကစပြီး အဲဒီဘေးဆိုးမျိုး တစ်ခါမှ မဖြစ်ဖူးသေးဘူး။ ၁၉ အခု တိရစ္ဆာန်နဲ့ လယ်ထဲမှာရှိသမျှကို အမိုးအကာအောက်ထဲ သွင်းခိုင်းပါ။ အိမ်ထဲမှာမနေဘဲ လယ်ထဲရောက်နေတဲ့ လူနဲ့တိရစ္ဆာန်အားလုံး မိုးသီးကြောင့် သေရလိမ့်မယ်။”’”

၂၀ ဖာရောရဲ့မင်းမှုထမ်းတွေထဲမှာ ယေဟောဝါကို ကြောက်ရွံ့သူတွေဟာ ကျွန်နဲ့တိရစ္ဆာန်တွေကို အိမ်ထဲ အမြန်သွင်းကြတယ်။ ၂၁ ယေဟောဝါရဲ့စကားကို အရေးမစိုက်သူတွေကတော့ ကျွန်နဲ့တိရစ္ဆာန်တွေကို လယ်ပြင်မှာပဲ ထားကြတယ်။

၂၂ ယေဟောဝါက “မိုးပေါ် လက်ဆန့်လိုက်ပါ။ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ လူနဲ့တိရစ္ဆာန်တွေ၊ အပင်တွေအပေါ်+ မိုးသီးကျလာမယ်”+ လို့ပြောတော့၊ ၂၃ မောရှေလည်း တောင်ဝှေးကို မိုးပေါ်ဆန့်လိုက်တဲ့အခါ ယေဟောဝါက မိုးကြိုးနဲ့ မိုးသီးတွေ လွှတ်လိုက်တယ်။ မီးတွေလည်း ကျလာတယ်။* ယေဟောဝါက အီဂျစ်ပြည်ပေါ် မိုးသီး ဆက်တိုက် ရွာကျစေတယ်။ ၂၄ ဒါကြောင့် မီးနဲ့ရောတဲ့ မိုးသီးတွေ ရွာကျလာတယ်။ ဒီလောက်ပြင်းထန်တဲ့ မိုးသီးဘေးမျိုး အီဂျစ်ပြည်ရဲ့သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးဘူး။+ ၂၅ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ လူနဲ့တိရစ္ဆာန်တွေအပေါ် မိုးသီးကျလာတယ်။ အပင်ရှိသမျှ ပျက်စီးကုန်တယ်။+ ၂၆ အစ္စရေးတွေနေထိုင်တဲ့ ဂေါရှင်အရပ်မှာတော့ မိုးသီး လုံးဝမကျဘူး။+

၂၇ ဒါကြောင့် ဖာရောမင်းက မောရှေနဲ့အာရုန်ကို ခေါ်ပြီး “ငါမှားမှန်း သိပြီ။ ငါနဲ့ ငါ့လူမျိုးမှာ အပြစ်ရှိတယ်။ ယေဟောဝါကတော့ ဖြောင့်မတ်ပါတယ်။ ၂၈ မိုးကြိုးနဲ့ မိုးသီးဘေးကို ရပ်တန့်ပေးဖို့ ယေဟောဝါဆီ အသနားခံပေးပါ။ မင်းတို့ကို လွှတ်ပေးမယ်။ မင်းတို့ ဒီမှာ ဆက်နေစရာ မလိုတော့ဘူး” လို့ပြောတယ်။ ၂၉ မောရှေက “မြို့ပြင်ရောက်တာနဲ့ ယေဟောဝါဆီ လက်ဖြန့်ဆုတောင်းပေးပါ့မယ်။ မိုးကြိုးတွေ၊ မိုးသီးတွေ ရပ်တန့်သွားတဲ့အခါ ကမ္ဘာမြေကို ယေဟောဝါပိုင်တယ်ဆိုတာ မင်းကြီး သိရပါလိမ့်မယ်။+ ၃၀ ဒါပေမဲ့ မင်းကြီးနဲ့ မင်းမှုထမ်းတွေက ယေဟောဝါဘုရားကို ကြောက်ရွံ့မှာ မဟုတ်မှန်း ကျွန်တော် သိပြီးသားပါ” လို့ပြောလိုက်တယ်။

၃၁ ရင့်မှည့်နေတဲ့ မုယောစပါးပင်တွေ၊ ဖူးပွင့်နေတဲ့ ပိုက်ဆန်လျှော်ပင်တွေ မိုးသီးထိပြီး ပျက်စီးကုန်တယ်။ ၃၂ ဂျုံပင်တွေ၊ ဂျုံကြမ်းပင်တွေကတော့ မမှည့်သေးလို့ မပျက်စီးဘူး။ ၃၃ မောရှေလည်း ဖာရောမင်းဆီကနေ မြို့ပြင်ထွက်ပြီး ယေဟောဝါဆီ လက်ဖြန့်ဆုတောင်းတယ်။ အဲဒီအခါ မိုးကြိုးတွေ၊ မိုးသီးတွေ ရပ်တန့်ပြီး မိုးစဲသွားတယ်။+ ၃၄ မိုးကြိုးတွေ၊ မိုးသီးတွေ ရပ်တန့်ပြီး မိုးစဲသွားတာကို မြင်ပေမဲ့ ဖာရောမင်းနဲ့ မင်းမှုထမ်းတွေက စိတ်မပြောင်းသေးဘဲ ပြစ်မှားကြပြန်တယ်။+ ၃၅ ဖာရောကတော့ ခေါင်းမာနေတုန်းပဲ။ မောရှေကတစ်ဆင့် ယေဟောဝါ ပြောခဲ့သလိုပဲ အစ္စရေးတွေကို မလွှတ်ပေးပြန်ဘူး။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ