ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ဝတ်ပြုရာ မာတိကာ

      • မီးရှို့ရာအလှူ (၁-၁၇)

ဝတ်ပြုရာ ၁:၁

ကျမ်းညွှန်းများ

  • +ထွ ၄၀:၃၄

ဝတ်ပြုရာ ၁:၂

ကျမ်းညွှန်းများ

  • +ဝ ၂၂:၁၈-၂၀

ဝတ်ပြုရာ ၁:၃

ကျမ်းညွှန်းများ

  • +တရ ၁၅:၁၉၊ ၂၁; မလ ၁:၁၄
  • +၂က ၉:၇

ဝတ်ပြုရာ ၁:၅

ကျမ်းညွှန်းများ

  • +ဟီ ၁၀:၁၁
  • +ဟီ ၉:၁၃၊ ၁၄

ဝတ်ပြုရာ ၁:၆

ကျမ်းညွှန်းများ

  • +ဝ ၇:၈

ဝတ်ပြုရာ ၁:၇

ကျမ်းညွှန်းများ

  • +ဝ ၆:၁၂

ဝတ်ပြုရာ ၁:၈

ကျမ်းညွှန်းများ

  • +၁ဘု ၁၈:၂၃

ဝတ်ပြုရာ ၁:၉

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “မီးခိုးငွေ့တက်စေရမယ်။”

  • *

    မူရင်း၊ “စိတ်ပြေငြိမ်းစေတဲ့။”

ကျမ်းညွှန်းများ

  • +က ၈:၂၀၊ ၂၁; တလ ၁၅:၂၊ ၃

ဝတ်ပြုရာ ၁:၁၀

ကျမ်းညွှန်းများ

  • +က ၄:၄
  • +ဝ ၁၂:၆; ၂၂:၁၈-၂၀

ဝတ်ပြုရာ ၁:၁၁

ကျမ်းညွှန်းများ

  • +ထွ ၂၉:၁၆-၁၈; ဝ ၈:၁၈-၂၁; ၉:၁၂-၁၄

ဝတ်ပြုရာ ၁:၁၄

ကျမ်းညွှန်းများ

  • +ဝ ၅:၇; ၁၂:၈; လု ၂:၂၄

ဝတ်ပြုရာ ၁:၁၆

ကျမ်းညွှန်းများ

  • +ထွ ၂၇:၃; ဝ ၄:၁၁၊ ၁၂; ၆:၁၀

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ဝတ်. ၁:၁ထွ ၄၀:၃၄
ဝတ်. ၁:၂ဝ ၂၂:၁၈-၂၀
ဝတ်. ၁:၃တရ ၁၅:၁၉၊ ၂၁; မလ ၁:၁၄
ဝတ်. ၁:၃၂က ၉:၇
ဝတ်. ၁:၅ဟီ ၁၀:၁၁
ဝတ်. ၁:၅ဟီ ၉:၁၃၊ ၁၄
ဝတ်. ၁:၆ဝ ၇:၈
ဝတ်. ၁:၇ဝ ၆:၁၂
ဝတ်. ၁:၈၁ဘု ၁၈:၂၃
ဝတ်. ၁:၉က ၈:၂၀၊ ၂၁; တလ ၁၅:၂၊ ၃
ဝတ်. ၁:၁၀က ၄:၄
ဝတ်. ၁:၁၀ဝ ၁၂:၆; ၂၂:၁၈-၂၀
ဝတ်. ၁:၁၁ထွ ၂၉:၁၆-၁၈; ဝ ၈:၁၈-၂၁; ၉:၁၂-၁၄
ဝတ်. ၁:၁၄ဝ ၅:၇; ၁၂:၈; လု ၂:၂၄
ဝတ်. ၁:၁၆ထွ ၂၇:၃; ဝ ၄:၁၁၊ ၁၂; ၆:၁၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဝတ်ပြုရာ ၁:၁-၁၇

ဝတ်ပြုရာ

၁ ယေဟောဝါက  တွေ့ဆုံရာတဲတော်ကနေ+ မောရှေကိုခေါ်ပြီး မိန့်မှာတယ်– ၂ “အစ္စရေးတွေကို ပြောပါ၊ ‘ခြံမွေးတိရစ္ဆာန်တွေထဲကနေ ယေဟောဝါဆီ ပေးလှူမယ်ဆိုရင် နွား၊ သိုး၊ ဆိတ်တွေကို လှူရမယ်။+

၃ “‘လူတစ်ယောက်က နွားအုပ်ထဲကနေ မီးရှို့ရာအလှူကို ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ နွားထီး ဖြစ်ရမယ်။+ တွေ့ဆုံရာ တဲတော်ဝင်ပေါက်မှာ ယေဟောဝါရှေ့ စိတ်လိုကိုယ်လျောက် ပေးလှူရမယ်။+ ၄ သူက မီးရှို့ရာအလှူဖြစ်တဲ့ နွားထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။ သူ့အပြစ်တွေကို ခွင့်လွှတ်တဲ့အနေနဲ့ အဲဒီနွားထီးကို လက်ခံမယ်။

၅ “‘ပြီးရင် နွားထီးကို ယေဟောဝါရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက+ သွေးကို ယူလာပြီး တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာရှိတဲ့ ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။+ ၆ မီးရှို့ရာအလှူဖြစ်တဲ့ နွားထီးကို အရေခွံဆုတ်ပြီး အပိုင်းပိုင်း ဖြတ်ရမယ်။+ ၇ အာရုန်ရဲ့သား ပုရောဟိတ်တွေက ပူဇော်ရာပလ္လင်မှာ မီးထည့်ရမယ်။+ ထင်းတွေကိုလည်း စီပြီးထည့်ရမယ်။ ၈ ပြီးတော့ နွားထီးရဲ့ခေါင်း၊ အဆီဖတ်၊ အသားတစ်တွေကို ပူဇော်ရာပလ္လင်ပေါ်က ထင်းမီးပေါ် စီထားရမယ်။+ ၉ အူနဲ့ ခြေထောက်တွေကို ရေဆေးရမယ်။ ပုရောဟိတ်က တစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။* ဒါဟာ မွှေးကြိုင်တဲ့* ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။+

၁၀ “‘သိုး+ ဒါမှမဟုတ် ဆိတ်ကို မီးရှို့ရာအလှူအဖြစ် ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အထီး ဖြစ်ရမယ်။+ ၁၁ အဲဒီအကောင်ကို ပူဇော်ရာပလ္လင် မြောက်ဘက် ယေဟောဝါရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ  ဖျန်းရမယ်။+ ၁၂ အဲဒီအကောင်ကို အပိုင်းပိုင်းဖြတ်ပြီး ခေါင်း၊ အဆီဖတ်တွေနဲ့အတူ ပူဇော်ရာပလ္လင်ပေါ်က  ထင်းမီးပေါ်   စီထားရမယ်။ ၁၃ အူနဲ့ခြေထောက်တွေကို ရေဆေးရမယ်။ ပုရောဟိတ်က တစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။

၁၄ “‘ငှက်တွေကို  မီးရှို့ရာအလှူအဖြစ် ယေဟောဝါဆီ ပေးလှူမယ်ဆိုရင်တော့ ချိုး ဒါမှမဟုတ် ခိုကလေးဖြစ်ရမယ်။+ ၁၅ ပုရောဟိတ်က ငှက်ကို ယူလာပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ငှက်လည်ပင်းကို လက်သည်းနဲ့ဆိတ်ပြီး သွေးကို ပူဇော်ရာပလ္လင်နံရံပေါ်မှာ  ညှစ်ချရမယ်။ ၁၆ ငှက်စလုတ်နဲ့ အမွေးကို နုတ်ယူပြီး ပူဇော်ရာပလ္လင်ရဲ့ အရှေ့ဘက်ခြမ်း ပြာတွေပုံထားတဲ့ နေရာမှာ ပစ်ရမယ်။+ ၁၇ ငှက်ကို အတောင်ပံကနေ ကိုင်ပြီး ရင်အုံကို ဆွဲဖွင့်ရမယ်။ နှစ်ပိုင်းတော့ မပြတ်စေရဘူး။ ပူဇော်ရာပလ္လင်ပေါ်က ထင်းမီးပေါ်မှာ ငှက်ကို မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ