တောလည်ရာ
၁၇ ယေဟောဝါက မောရှေကို ပြောတယ်– ၂ “အစ္စရေးတွေကို ပြောပြပြီး မျိုးနွယ်စုခေါင်းဆောင်တွေဆီကနေ+ တစ်နွယ်စီအတွက် တောင်ဝှေးတစ်ချောင်းစီ၊ စုစုပေါင်း ၁၂ ချောင်း ယူလာခဲ့။ တစ်ချောင်းစီပေါ်မှာ ခေါင်းဆောင်တစ်ယောက်စီရဲ့ နာမည်ကို ရေးထားလိုက်။ ၃ လေဝိအနွယ်ရဲ့ တောင်ဝှေးပေါ်မှာတော့ အာရုန်ရဲ့နာမည်ကို ရေးပါ။ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ကို တောင်ဝှေးတစ်ချောင်း ဖြစ်ရမယ်။ ၄ တွေ့ဆုံရာတဲတော်ထဲက သက်သေခံချက်သေတ္တာရှေ့၊+ မင်းကို ငါထင်ရှားပြနေကျ နေရာမှာ+ တောင်ဝှေးတွေကို ထားလိုက်ပါ။ ၅ ငါရွေးချယ်သူရဲ့+ တောင်ဝှေးဟာ ပန်းတွေ ပွင့်နေလိမ့်မယ်။ အဲဒီအခါ အစ္စရေးတွေ ငါ့ကို ပြစ်တင်ညည်းညူနေတာ၊+ မင်းတို့ကို ပြစ်တင်ညည်းညူနေတာတွေ+ ရပ်သွားလိမ့်မယ်။”
၆ ဒီအကြောင်းကို မောရှေ ပြောပြတဲ့အခါ မျိုးနွယ်စုခေါင်းဆောင်အားလုံး တောင်ဝှေးတွေ ကိုယ်စီယူလာပေးတယ်။ အာရုန်ရဲ့တောင်ဝှေးအပါအဝင် စုစုပေါင်း ၁၂ ချောင်းရှိတယ်။ ၇ မောရှေက တောင်ဝှေးတွေကို ယေဟောဝါရှေ့၊ သက်သေခံချက်သေတ္တာရှိရာ တဲတော်ထဲမှာ ထားလိုက်တယ်။
၈ နောက်တစ်နေ့မှာ သက်သေခံချက် သေတ္တာရှိရာ တဲတော်ထဲ မောရှေဝင်သွားတော့ လေဝိအနွယ်၊ အာရုန်ရဲ့တောင်ဝှေးမှာ ပန်းတွေ ဖူးပွင့်နေပြီး ဗာဒံသီးတွေ ဝင်းမှည့်နေတာကို တွေ့လိုက်ရတယ်။ ၉ မောရှေက တောင်ဝှေးအားလုံးကို ယေဟောဝါရှေ့ကနေ အစ္စရေးတွေဆီ ယူလာတယ်။ သူတို့လည်း ကြည့်ပြီး ကိုယ့်တောင်ဝှေးကိုယ် ပြန်ယူသွားကြတယ်။
၁၀ အဲဒီနောက် ယေဟောဝါက “အာရုန်ရဲ့ တောင်ဝှေးကို+ သက်သေခံချက်သေတ္တာရှေ့မှာ ပြန်ထားလိုက်ပါ။ ပုန်ကန်တဲ့ ဒီလူမျိုးကို+ သတိပေးတဲ့ အမှတ်အသားအဖြစ် သိမ်းထားပါ။+ ဒါမှ ငါ့ကို ပြစ်တင်ညည်းညူနေတာတွေ ရပ်တန့်ပြီး သေဘေးကနေ လွတ်နိုင်လိမ့်မယ်” လို့ ပြောတော့၊ ၁၁ မောရှေလည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း ချက်ချင်းလုပ်တယ်။ မှာထားတဲ့အတိုင်း သူလုပ်ဆောင်တယ်။
၁၂ နောက်တော့ အစ္စရေးတွေက “အခု ကျုပ်တို့သေရတော့မယ်။ အားလုံးသေကျေပျက်စီးရတော့မယ်။ ၁၃ ယေဟောဝါရဲ့ တဲတော်နား သွားတဲ့သူတိုင်း သေရမယ်ဆိုတော့+ ကျုပ်တို့အားလုံး ဒီလိုနဲ့ပဲ ဇာတ်သိမ်းရတော့မှာလား”+ လို့ မောရှေကို ပြောကြတယ်။