ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားဟောရာ မာတိကာ

      • နာခံခြင်းရဲ့ ကောင်းချီးများ (၁-၁၄)

      • မနာခံခြင်းရဲ့ ကျိန်စာများ (၁၅-၆၈)

တရားဟောရာ ၂၈:၁

ကျမ်းညွှန်းများ

  • +တရ ၂၆:၁၈၊ ၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၁၉၉၅၊ စာ. ၂၆-၂၇

တရားဟောရာ ၂၈:၂

ကျမ်းညွှန်းများ

  • +ဝ ၂၆:၃၊ ၄; ပ ၁၀:၂၂; ရှာ ၁:၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၁၀၊ စာ. ၁၉-၂၀

    ၉/၁၅/၂၀၁၀၊ စာ. ၇-၈

    ၉/၁၅/၂၀၀၁၊ စာ. ၁၀

တရားဟောရာ ၂၈:၃

ကျမ်းညွှန်းများ

  • +တရ ၁၁:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၁၉၉၆၊ စာ. ၁၅

တရားဟောရာ ၂၈:၄

ကျမ်းညွှန်းများ

  • +ဝ ၂၆:၉; ဆ ၁၂၇:၃; ၁၂၈:၃
  • +တရ ၇:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၁၉၉၆၊ စာ. ၁၅-၁၆

တရားဟောရာ ၂၈:၅

ကျမ်းညွှန်းများ

  • +ထွ ၂၃:၂၅; တရ ၂၆:၂

တရားဟောရာ ၂၈:၇

ကျမ်းညွှန်းများ

  • +တရ ၃၂:၃၀; ယရ ၁၀:၁၁
  • +တရ ၇:၂၃; ၂ရ ၁၄:၁၃

တရားဟောရာ ၂၈:၈

ကျမ်းညွှန်းများ

  • +ဝ ၂၆:၁၀; ပ ၃:၉၊ ၁၀; မလ ၃:၁၀

တရားဟောရာ ၂၈:၉

ကျမ်းညွှန်းများ

  • +ထွ ၁၉:၆
  • +တရ ၇:၆

တရားဟောရာ ၂၈:၁၀

ကျမ်းညွှန်းများ

  • +ရှာ ၄၃:၁၀; ဒံ ၉:၁၉; တ ၁၅:၁၇
  • +တလ ၂၂:၃; တရ ၁၁:၂၅; ယရ ၅:၁

တရားဟောရာ ၂၈:၁၁

ကျမ်းညွှန်းများ

  • +က ၁၅:၁၈
  • +တရ ၃၀:၉; ဆ ၆၅:၉

တရားဟောရာ ၂၈:၁၂

ကျမ်းညွှန်းများ

  • +ဝ ၂၆:၄; တရ ၁၁:၁၄
  • +တရ ၁၅:၆

တရားဟောရာ ၂၈:၁၃

ကျမ်းညွှန်းများ

  • +၁ဘု ၄:၂၁

တရားဟောရာ ၂၈:၁၄

ကျမ်းညွှန်းများ

  • +တရ ၅:၃၂; ယရ ၁:၇; ရှာ ၃၀:၂၁
  • +ဝ ၁၉:၄

တရားဟောရာ ၂၈:၁၅

ကျမ်းညွှန်းများ

  • +ဝ ၂၆:၁၆၊ ၁၇; ဒံ ၉:၁၁

တရားဟောရာ ၂၈:၁၆

ကျမ်းညွှန်းများ

  • +၁ဘု ၁၇:၁

တရားဟောရာ ၂၈:၁၇

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၆; တရ ၂၆:၂

တရားဟောရာ ၂၈:၁၈

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၀၊ ၂၂; မတ ၂:၁၁၊ ၁၉; ၄:၁၀

တရားဟောရာ ၂၈:၂၀

ကျမ်းညွှန်းများ

  • +ယရ ၂၃:၁၆

တရားဟောရာ ၂၈:၂၁

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၅; ယေ ၂၄:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၁/၂၀၂၁၊ စာ. ၈

တရားဟောရာ ၂၈:၂၂

ကျမ်းညွှန်းများ

  • +ဝ ၂၆:၁၆
  • +ဝ ၂၆:၃၃
  • +အ ၄:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၁/၂၀၂၁၊ စာ. ၈

တရားဟောရာ ၂၈:၂၃

ကျမ်းညွှန်းများ

  • +ဝ ၂၆:၁၉; တရ ၁၁:၁၇; ၁ဘု ၁၇:၁

တရားဟောရာ ၂၈:၂၅

ကျမ်းညွှန်းများ

  • +ဝ ၂၆:၁၄၊ ၁၇; ၁ရှ ၄:၁၀
  • +ယေ ၂၉:၁၈; လု ၂၁:၂၄

တရားဟောရာ ၂၈:၂၆

ကျမ်းညွှန်းများ

  • +ယေ ၇:၃၃

တရားဟောရာ ၂၈:၂၈

ကျမ်းညွှန်းများ

  • +ထွ ၄:၁၁

တရားဟောရာ ၂၈:၂၉

ကျမ်းညွှန်းများ

  • +ရှာ ၅၉:၁၀
  • +သူ ၃:၁၄; ၆:၁-၅; နေ ၉:၂၇

တရားဟောရာ ၂၈:၃၀

ကျမ်းညွှန်းများ

  • +ရှာ ၅:၉; မတ ၅:၂
  • +အ ၅:၁၁; မိ ၆:၁၅

တရားဟောရာ ၂၈:၃၂

ကျမ်းညွှန်းများ

  • +၂ရ ၂၉:၉

တရားဟောရာ ၂၈:၃၃

ကျမ်းညွှန်းများ

  • +နေ ၉:၃၇; ရှာ ၁:၇

တရားဟောရာ ၂၈:၃၆

ကျမ်းညွှန်းများ

  • +၂ဘု ၁၇:၆; ၂၅:၇; ၂ရ ၃၃:၁၁; ၃၆:၅၊ ၆
  • +ယေ ၁၆:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ဒံယေလပရောဖက်ပြုချက်၊ စာ. ၇၁-၇၂

တရားဟောရာ ၂၈:၃၇

ကျမ်းညွှန်းများ

  • +၁ဘု ၉:၈; ၂ရ ၇:၂၀; ယေ ၂၄:၉; ၂၅:၉

တရားဟောရာ ၂၈:၃၈

ကျမ်းညွှန်းများ

  • +ရှာ ၅:၁၀; ဟဂ္ဂဲ ၁:၆

တရားဟောရာ ၂၈:၃၉

ကျမ်းညွှန်းများ

  • +ဇေ ၁:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၀၆၊ စာ. ၁၆

တရားဟောရာ ၂၈:၄၁

ကျမ်းညွှန်းများ

  • +၂ဘု ၂၄:၁၄; ယေ ၅၂:၁၅၊ ၃၀

တရားဟောရာ ၂၈:၄၄

ကျမ်းညွှန်းများ

  • +ပ ၂၂:၇
  • +ဧဇ ၉:၇

တရားဟောရာ ၂၈:၄၅

ကျမ်းညွှန်းများ

  • +တရ ၁၁:၂၆-၂၈
  • +တရ ၂၈:၁၅; ၂၉:၂၇
  • +၂ဘု ၁၇:၂၀; ယေ ၂၄:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၅၊ စာ. ၁၅-၁၆

တရားဟောရာ ၂၈:၄၆

ကျမ်းညွှန်းများ

  • +၁က ၁၀:၁၁

တရားဟောရာ ၂၈:၄၇

ကျမ်းညွှန်းများ

  • +တရ ၁၂:၇; နေ ၉:၃၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၅၊ စာ. ၁၅-၁၆

တရားဟောရာ ၂၈:၄၈

ကျမ်းညွှန်းများ

  • +ယေ ၄၄:၂၇
  • +၂ရ ၁၂:၈၊ ၉; ယေ ၅:၁၉

တရားဟောရာ ၂၈:၄၉

ကျမ်းညွှန်းများ

  • +ယေ ၆:၂၂; ဟဗ ၁:၆
  • +ယေ ၄:၁၃; ဟော ၈:၁
  • +ယေ ၅:၁၅

တရားဟောရာ ၂၈:၅၀

ကျမ်းညွှန်းများ

  • +၂ရ ၃၆:၁၇; ရှာ ၄၇:၆; လု ၁၉:၄၄

တရားဟောရာ ၂၈:၅၁

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၆; ယေ ၁၅:၁၃

တရားဟောရာ ၂၈:၅၂

ကျမ်းညွှန်းများ

  • +၂ဘု ၁၇:၅; ၂၅:၁; လု ၁၉:၄၃

တရားဟောရာ ၂၈:၅၃

ကျမ်းညွှန်းများ

  • +၂ဘု ၆:၂၈; မတ ၄:၁၀; ယဇ ၅:၁၀

တရားဟောရာ ၂၈:၅၅

ကျမ်းညွှန်းများ

  • +ယေ ၅၂:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၁၉၉၀၊ စာ. ၃၂

တရားဟောရာ ၂၈:၅၆

ကျမ်းညွှန်းများ

  • +မတ ၄:၅

တရားဟောရာ ၂၈:၅၈

ကျမ်းညွှန်းများ

  • +ထွ ၂၄:၇; တရ ၃၁:၂၆
  • +ထွ ၃:၁၅; ၆:၃; ၂၀:၂; ဆ ၈၃:၁၈; ၁၁၃:၃; ရှာ ၄၂:၈
  • +တရ ၁၀:၁၇; ဆ ၉၉:၃

တရားဟောရာ ၂၈:၅၉

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၁; ဒံ ၉:၁၂

တရားဟောရာ ၂၈:၆၂

ကျမ်းညွှန်းများ

  • +တရ ၁၀:၂၂
  • +တရ ၄:၂၇

တရားဟောရာ ၂၈:၆၄

ကျမ်းညွှန်းများ

  • +ဝ ၂၆:၃၃; နေ ၁:၈; လု ၂၁:၂၄
  • +တရ ၄:၂၇၊ ၂၈

တရားဟောရာ ၂၈:၆၅

ကျမ်းညွှန်းများ

  • +အ ၉:၄
  • +ယဇ ၁၂:၁၉
  • +ဝ ၂၆:၁၆၊ ၃၆

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တရား. ၂၈:၁တရ ၂၆:၁၈၊ ၁၉
တရား. ၂၈:၂ဝ ၂၆:၃၊ ၄; ပ ၁၀:၂၂; ရှာ ၁:၁၉
တရား. ၂၈:၃တရ ၁၁:၁၄
တရား. ၂၈:၄ဝ ၂၆:၉; ဆ ၁၂၇:၃; ၁၂၈:၃
တရား. ၂၈:၄တရ ၇:၁၃
တရား. ၂၈:၅ထွ ၂၃:၂၅; တရ ၂၆:၂
တရား. ၂၈:၇တရ ၃၂:၃၀; ယရ ၁၀:၁၁
တရား. ၂၈:၇တရ ၇:၂၃; ၂ရ ၁၄:၁၃
တရား. ၂၈:၈ဝ ၂၆:၁၀; ပ ၃:၉၊ ၁၀; မလ ၃:၁၀
တရား. ၂၈:၉ထွ ၁၉:၆
တရား. ၂၈:၉တရ ၇:၆
တရား. ၂၈:၁၀ရှာ ၄၃:၁၀; ဒံ ၉:၁၉; တ ၁၅:၁၇
တရား. ၂၈:၁၀တလ ၂၂:၃; တရ ၁၁:၂၅; ယရ ၅:၁
တရား. ၂၈:၁၁က ၁၅:၁၈
တရား. ၂၈:၁၁တရ ၃၀:၉; ဆ ၆၅:၉
တရား. ၂၈:၁၂ဝ ၂၆:၄; တရ ၁၁:၁၄
တရား. ၂၈:၁၂တရ ၁၅:၆
တရား. ၂၈:၁၃၁ဘု ၄:၂၁
တရား. ၂၈:၁၄တရ ၅:၃၂; ယရ ၁:၇; ရှာ ၃၀:၂၁
တရား. ၂၈:၁၄ဝ ၁၉:၄
တရား. ၂၈:၁၅ဝ ၂၆:၁၆၊ ၁၇; ဒံ ၉:၁၁
တရား. ၂၈:၁၆၁ဘု ၁၇:၁
တရား. ၂၈:၁၇ဝ ၂၆:၂၆; တရ ၂၆:၂
တရား. ၂၈:၁၈ဝ ၂၆:၂၀၊ ၂၂; မတ ၂:၁၁၊ ၁၉; ၄:၁၀
တရား. ၂၈:၂၀ယရ ၂၃:၁၆
တရား. ၂၈:၂၁ဝ ၂၆:၂၅; ယေ ၂၄:၁၀
တရား. ၂၈:၂၂ဝ ၂၆:၁၆
တရား. ၂၈:၂၂ဝ ၂၆:၃၃
တရား. ၂၈:၂၂အ ၄:၉
တရား. ၂၈:၂၃ဝ ၂၆:၁၉; တရ ၁၁:၁၇; ၁ဘု ၁၇:၁
တရား. ၂၈:၂၅ဝ ၂၆:၁၄၊ ၁၇; ၁ရှ ၄:၁၀
တရား. ၂၈:၂၅ယေ ၂၉:၁၈; လု ၂၁:၂၄
တရား. ၂၈:၂၆ယေ ၇:၃၃
တရား. ၂၈:၂၈ထွ ၄:၁၁
တရား. ၂၈:၂၉ရှာ ၅၉:၁၀
တရား. ၂၈:၂၉သူ ၃:၁၄; ၆:၁-၅; နေ ၉:၂၇
တရား. ၂၈:၃၀ရှာ ၅:၉; မတ ၅:၂
တရား. ၂၈:၃၀အ ၅:၁၁; မိ ၆:၁၅
တရား. ၂၈:၃၂၂ရ ၂၉:၉
တရား. ၂၈:၃၃နေ ၉:၃၇; ရှာ ၁:၇
တရား. ၂၈:၃၆၂ဘု ၁၇:၆; ၂၅:၇; ၂ရ ၃၃:၁၁; ၃၆:၅၊ ၆
တရား. ၂၈:၃၆ယေ ၁၆:၁၃
တရား. ၂၈:၃၇၁ဘု ၉:၈; ၂ရ ၇:၂၀; ယေ ၂၄:၉; ၂၅:၉
တရား. ၂၈:၃၈ရှာ ၅:၁၀; ဟဂ္ဂဲ ၁:၆
တရား. ၂၈:၃၉ဇေ ၁:၁၃
တရား. ၂၈:၄၁၂ဘု ၂၄:၁၄; ယေ ၅၂:၁၅၊ ၃၀
တရား. ၂၈:၄၄ပ ၂၂:၇
တရား. ၂၈:၄၄ဧဇ ၉:၇
တရား. ၂၈:၄၅တရ ၁၁:၂၆-၂၈
တရား. ၂၈:၄၅တရ ၂၈:၁၅; ၂၉:၂၇
တရား. ၂၈:၄၅၂ဘု ၁၇:၂၀; ယေ ၂၄:၁၀
တရား. ၂၈:၄၆၁က ၁၀:၁၁
တရား. ၂၈:၄၇တရ ၁၂:၇; နေ ၉:၃၅
တရား. ၂၈:၄၈ယေ ၄၄:၂၇
တရား. ၂၈:၄၈၂ရ ၁၂:၈၊ ၉; ယေ ၅:၁၉
တရား. ၂၈:၄၉ယေ ၆:၂၂; ဟဗ ၁:၆
တရား. ၂၈:၄၉ယေ ၄:၁၃; ဟော ၈:၁
တရား. ၂၈:၄၉ယေ ၅:၁၅
တရား. ၂၈:၅၀၂ရ ၃၆:၁၇; ရှာ ၄၇:၆; လု ၁၉:၄၄
တရား. ၂၈:၅၁ဝ ၂၆:၂၆; ယေ ၁၅:၁၃
တရား. ၂၈:၅၂၂ဘု ၁၇:၅; ၂၅:၁; လု ၁၉:၄၃
တရား. ၂၈:၅၃၂ဘု ၆:၂၈; မတ ၄:၁၀; ယဇ ၅:၁၀
တရား. ၂၈:၅၅ယေ ၅၂:၆
တရား. ၂၈:၅၆မတ ၄:၅
တရား. ၂၈:၅၈ထွ ၂၄:၇; တရ ၃၁:၂၆
တရား. ၂၈:၅၈ထွ ၃:၁၅; ၆:၃; ၂၀:၂; ဆ ၈၃:၁၈; ၁၁၃:၃; ရှာ ၄၂:၈
တရား. ၂၈:၅၈တရ ၁၀:၁၇; ဆ ၉၉:၃
တရား. ၂၈:၅၉ဝ ၂၆:၂၁; ဒံ ၉:၁၂
တရား. ၂၈:၆၂တရ ၁၀:၂၂
တရား. ၂၈:၆၂တရ ၄:၂၇
တရား. ၂၈:၆၄ဝ ၂၆:၃၃; နေ ၁:၈; လု ၂၁:၂၄
တရား. ၂၈:၆၄တရ ၄:၂၇၊ ၂၈
တရား. ၂၈:၆၅အ ၉:၄
တရား. ၂၈:၆၅ယဇ ၁၂:၁၉
တရား. ၂၈:၆၅ဝ ၂၆:၁၆၊ ၃၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
  • ၄၄
  • ၄၅
  • ၄၆
  • ၄၇
  • ၄၈
  • ၄၉
  • ၅၀
  • ၅၁
  • ၅၂
  • ၅၃
  • ၅၄
  • ၅၅
  • ၅၆
  • ၅၇
  • ၅၈
  • ၅၉
  • ၆၀
  • ၆၁
  • ၆၂
  • ၆၃
  • ၆၄
  • ၆၅
  • ၆၆
  • ၆၇
  • ၆၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားဟောရာ ၂၈:၁-၆၈

တရားဟောရာ

၂၈ “ယေဟောဝါဘုရားရဲ့ စကားကို ဆက်ဆက် နားထောင်မယ်၊ အခု ကျွန်တော် မှာကြားတဲ့ ပညတ်ချက်အားလုံးကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ယေဟောဝါဘုရားက ခင်ဗျားတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးထက် ပိုချီးမြှောက်လိမ့်မယ်။+ ၂ ယေဟောဝါဘုရားရဲ့ စကားကို အမြဲနားထောင်မယ်ဆိုရင် အလျှံပယ် ခံစားရမယ့် ကောင်းချီးတွေကတော့–+

၃ “ခင်ဗျားတို့ဟာ မြို့ထဲမှာရော ကျေးလက်မှာပါ ကောင်းချီးခံစားရလိမ့်မယ်။+

၄ “ခင်ဗျားတို့ရဲ့ သားသမီးတွေ၊+ မြေထွက်သီးနှံတွေ၊ တိရစ္ဆာန်သားပေါက်တွေ၊ သိုးနွားသားပေါက်တွေ ကောင်းချီးခံစားရလိမ့်မယ်။+

၅ “ခင်ဗျားတို့ရဲ့ တောင်းနဲ့ မုန့်နယ်တဲ့ဇလုံဟာ ကောင်းချီးခံစားရလိမ့်မယ်။+

၆ “ခင်ဗျားတို့ ဘယ်ကိုပဲသွားသွား၊ ဘာကိုပဲလုပ်လုပ် ကောင်းချီးခံစားရလိမ့်မယ်။

၇ “ယေဟောဝါက ခင်ဗျားတို့ကို တိုက်ခိုက်တဲ့ ရန်သူတွေကို ရှုံးနိမ့်စေမယ်။+ တိုက်ခိုက်ဖို့ တစ်လမ်းတည်းကနေ သူတို့ချီတက်လာပေမဲ့ လမ်းခုနစ်သွယ်နဲ့ ထွက်ပြေးရလိမ့်မယ်။+ ၈ ယေဟောဝါက ခင်ဗျားတို့ရဲ့ သိုလှောင်ရုံတွေ၊+ လုပ်ဆောင်သမျှတွေကို ကောင်းချီးပေးလိမ့်မယ်။ ယေဟောဝါဘုရားပေးမယ့် ပြည်မှာ ခင်ဗျားတို့ မလွဲမသွေ ကောင်းချီးခံစားရမယ်။ ၉ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို အမြဲလိုက်နာပြီး ဘုရားရဲ့လမ်းစဉ်တွေအတိုင်း လိုက်လျှောက်မယ်ဆိုရင် ယေဟောဝါက ကျိန်ဆိုခဲ့တဲ့အတိုင်း+ ခင်ဗျားတို့ကို သန့်ရှင်းတဲ့လူမျိုး ဖြစ်စေမယ်။+ ၁၀ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးက ယေဟောဝါရဲ့နာမည်ကို ခင်ဗျားတို့ ခံယူထားမှန်း+ သိမြင်ပြီး ကြောက်ရွံ့ကြလိမ့်မယ်။+

၁၁ “ခင်ဗျားတို့ကို ပေးမယ်ဆိုပြီး ဘိုးဘေးတွေကို ယေဟောဝါ ကျိန်ဆိုခဲ့တဲ့ပြည်မှာ+ ယေဟောဝါက သားသမီးတွေ၊ သိုးနွားတိရစ္ဆာန်တွေ အမြောက်အမြား ရစေမယ်။ မြေကိုလည်း သီးနှံဖြစ်ထွန်းစေမယ်။+ ၁၂ ယေဟောဝါက ကောင်းကင်သိုလှောင်ရုံကြီးကို ဖွင့်ပေးပြီး ခင်ဗျားတို့ပြည်မှာ ရာသီအလိုက် မိုးရွာစေမယ်၊+ လုပ်ဆောင်သမျှကို ကောင်းချီးပေးမယ်။ လူမျိုးများစွာကို ခင်ဗျားတို့ ချေးငှားပေးရမယ်။ သူတို့ဆီကနေ ချေးငှားဖို့ လိုမှာမဟုတ်ဘူး။+ ၁၃ ခင်ဗျားတို့ လိုက်နာကျင့်ကြံဖို့ အခု ကျွန်တော်မှာကြားနေတဲ့ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို အမြဲနာခံမယ်ဆိုရင် ယေဟောဝါက ခင်ဗျားတို့ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမယ်။ အောက်ဆုံးမှာ မနေရဘဲ ထိပ်ဆုံးမှာ နေရမယ်။+ ၁၄ ဒါကြောင့် အခု ကျွန်တော် မှာကြားနေတဲ့ စကားတွေအတိုင်း လိုက်နာကြပါ။ ဘယ်ညာ မလွဲသွားနဲ့။+ တခြားဘုရားတွေကို သွားမကိုးကွယ်ကြနဲ့။+

၁၅ “ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်ဘူး၊ အခု ကျွန်တော် မှာကြားနေတဲ့ ဘုရားရဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို ဂရုတစိုက် မလိုက်နာဘူးဆိုရင် ခင်ဗျားတို့အပေါ် စုပြုံရောက်လာမယ့် ကျိန်စာတွေကတော့–+

၁၆ “ခင်ဗျားတို့ဟာ မြို့ထဲမှာ ကျိန်စာသင့်မယ်။ ကျေးလက်မှာလည်း ကျိန်စာသင့်မယ်။+

၁၇ “ခင်ဗျားတို့ရဲ့ တောင်းနဲ့ မုန့်နယ်တဲ့ဇလုံဟာ ကျိန်စာသင့်မယ်။+

၁၈ “ခင်ဗျားတို့ရဲ့ သားသမီးတွေ၊ မြေထွက်သီးနှံတွေ၊ သိုးနွားသားပေါက်တွေ ကျိန်စာသင့်မယ်။+

၁၉ “ခင်ဗျားတို့ ဘယ်ကိုပဲသွားသွား ကျိန်စာသင့်မယ်။ ဘာကိုပဲလုပ်လုပ် ကျိန်စာသင့်မယ်။

၂၀ “အကျင့်ဆိုးတွေ ကျင့်ပြီး ဘုရားသခင်ကို စွန့်ပစ်မယ်ဆိုရင် ခင်ဗျားတို့ ဘာပဲလုပ်လုပ် ကျိန်စာတွေ၊ စိတ်ရှုပ်ထွေးစရာတွေ၊ ပြစ်ဒဏ်တွေကို ယေဟောဝါ စေလွှတ်မယ်။ နောက်ဆုံး၊ ခင်ဗျားတို့ လုံးဝဖျက်ဆီးခံရပြီး အမြန်ပျက်စီးသွားမယ်။+ ၂၁ ယေဟောဝါက ခင်ဗျားတို့ကို ကပ်ရောဂါတွေ စွဲကပ်စေပြီး ဝင်ရောက်သိမ်းပိုက်မယ့် ပြည်ကနေ သုတ်သင်ပယ်ရှင်းမယ်။+ ၂၂ ယေဟောဝါက အဆုတ်နာ၊ အပြင်းဖျားတာ၊+ ရောင်ရမ်းတာ၊ အပူကြီးတာ၊ ဓားဘေး၊+ အပူရှိန်ကြောင့် အပင်သေတဲ့ဘေး၊ မှိုရောဂါတွေနဲ့+ ဒဏ်ခတ်မယ်။ အဲဒီဘေးဆိုးတွေက ခင်ဗျားတို့ မပျက်စီးမချင်း နောက်ကနေ လိုက်လာမယ်။ ၂၃ ခင်ဗျားတို့အတွက် ကောင်းကင်ဟာ ကြေးနီ၊ မြေကြီးဟာ သံဖြစ်သွားမယ်။+ ၂၄ ယေဟောဝါက ခင်ဗျားတို့ လုံးလုံးပျက်စီးသွားတဲ့အထိ တိုင်းပြည်မှာ သဲနဲ့မြေမှုန့်ကို ရွာကျစေမယ်။ ၂၅ ယေဟောဝါက ခင်ဗျားတို့ကို ရန်သူတွေရှေ့မှာ ရှုံးနိမ့်စေမယ်။+ ခင်ဗျားတို့က ရန်သူတွေကို တိုက်ခိုက်ဖို့ တစ်လမ်းတည်းကနေ ချီတက်သွားပေမဲ့ လမ်းခုနစ်သွယ်နဲ့ ထွက်ပြေးရလိမ့်မယ်။ မြေကြီးပေါ်မှာရှိတဲ့ တိုင်းနိုင်ငံ အားလုံးက ခင်ဗျားတို့ရဲ့ အခြေအနေကို မြင်ပြီး ထိတ်လန့် သွားလိမ့်မယ်။+ ၂၆ ခင်ဗျားတို့ရဲ့ အလောင်းတွေကို ကောင်းကင်ငှက်တွေ၊ မြေတိရစ္ဆာန်တွေ စားလိမ့်မယ်။ အဲဒီအကောင်တွေကို မောင်းထုတ်မယ့်သူတောင် ရှိမှာမဟုတ်ဘူး။+

၂၇ “ယေဟောဝါက ခင်ဗျားတို့ကို အီဂျစ်ပြည်ရဲ့ အနာစိမ်း၊ လိပ်ခေါင်းရောဂါ၊ နှင်းခူ၊ အဖုအပိမ့်တွေနဲ့ ဒဏ်ခတ်မယ်။ အဲဒီရောဂါတွေ ပျောက်နိုင်မှာ မဟုတ်ဘူး။ ၂၈ ယေဟောဝါက ခင်ဗျားတို့ကို ရူးသွပ်ခြင်း၊ မျက်စိကန်းခြင်း၊+ စိတ်ရှုပ်ထွေးခြင်းနဲ့ ဒဏ်ခတ်မယ်။ ၂၉ မျက်မမြင်က ဘာမှမမြင်ရလို့ စမ်းတဝါးဝါး သွားရသလို ခင်ဗျားတို့လည်း နေ့ခင်းကြောင်တောင်မှာ စမ်းတဝါးဝါး သွားရလိမ့်မယ်။+ လုပ်ဆောင်သမျှ အောင်မြင်မှာ မဟုတ်ဘူး။ အမြဲတမ်း လိမ်ညာခံရပြီး လုယက်ခံရမယ်။ ကယ်မယ့်သူ ရှိမှာမဟုတ်ဘူး။+ ၃၀ ကိုယ်နဲ့စေ့စပ်ထားတဲ့ အမျိုးသမီးကို တခြားလူ စော်ကားသွားမယ်။ အိမ်ဆောက်ပေမဲ့ နေရမှာ မဟုတ်ဘူး။+ စပျစ်ခြံ စိုက်ပျိုးပေမဲ့ အသီးခူးခွင့်ရမှာ မဟုတ်ဘူး။+ ၃၁ ကိုယ့်ရဲ့နွားကို ရှေ့မှာတင် သတ်ပေမဲ့ အဲဒီအသားကို စားရမှာ မဟုတ်ဘူး။ မြည်းကို ကိုယ့်ရှေ့မှာပဲ ခိုးသွားပေမဲ့ ပြန်ရမှာမဟုတ်ဘူး။ သိုးကို ရန်သူတွေ ဖမ်းသွားပေမဲ့ ကယ်မယ့်သူ ရှိမှာမဟုတ်ဘူး။ ၃၂ သားသမီးတွေကို တခြားလူမျိုးတွေ ဖမ်းခေါ်သွားတဲ့အခါ ဒီအတိုင်းပဲ ကြည့်နေရမယ်။+ သူတို့ပြန်အလာကို မျှော်လင့်နေပေမဲ့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ၃၃ မြေထွက်သီးနှံတွေ၊ လုပ်ဆောင်လို့ ရသမျှတွေကို ကိုယ်မသိတဲ့လူမျိုးက စားသုံးလိမ့်မယ်။+ ခင်ဗျားတို့ အမြဲတမ်း လိမ်ညာခံရပြီး နင်းခြေခံရမယ်။ ၃၄ မြင်ရတဲ့အရာတွေကြောင့် ရူးသွပ်သွားမယ်။

၃၅ “ယေဟောဝါက နာကျင်ပြီး မပျောက်နိုင်တဲ့ အနာစိမ်းတွေကို ခင်ဗျားတို့ရဲ့ ဒူးနဲ့ ခြေထောက်မှာသာမက ခြေဆုံးခေါင်းဆုံး ပေါက်စေမယ်။ ၃၆ ယေဟောဝါက ခင်ဗျားတို့နဲ့ ခင်ဗျားတို့တင်မြှောက်ထားတဲ့ ဘုရင်ကို ခင်ဗျားတို့ရော ဘိုးဘေးတွေပါမသိတဲ့ လူမျိုးဆီ နှင်ထုတ်မယ်။+ အဲဒီမှာ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ကိုးကွယ်ရမယ်။+ ၃၇ ယေဟောဝါက ခင်ဗျားတို့ကို လူအမျိုးမျိုးဆီ မောင်းထုတ်မယ်။ ခင်ဗျားတို့ဟာ လူမျိုးတွေအလယ်မှာ ထိတ်လန့်စရာ၊ နှာခေါင်းရှုံ့စရာ၊ လှောင်ပြောင်စရာ ဖြစ်လာမယ်။+

၃၈ “လယ်မှာ မျိုးစေ့အများကြီးကြဲပေမဲ့ ကျိုင်းကောင်တွေ စားပစ်လိုက်လို့ နည်းနည်းပဲ ရိတ်သိမ်းရမယ်။+ ၃၉ စပျစ်ခြံတွေ စိုက်ပျိုးပြီး ပြုစုပေမဲ့ ပိုးကိုက်သွားလို့ အသီးတစ်လုံးမှ စုသိမ်းရမှာ မဟုတ်ဘူး။ စပျစ်ဝိုင်လည်း သောက်ရမှာ မဟုတ်ဘူး။+ ၄၀ နယ်မြေတစ်ခုလုံးမှာ သံလွင်ပင်တွေရှိပေမဲ့ သံလွင်သီးတွေ ကြွေသွားလို့ လိမ်းစရာဆီ ရှိမှာမဟုတ်ဘူး။ ၄၁ သားသမီးတွေ မွေးဖွားပေမဲ့ သူတို့တွေ သုံ့ပန်းဘဝရောက်ကုန်လို့ အတူနေရမှာ မဟုတ်ဘူး။+ ၄၂ သစ်ပင်တွေ၊ အသီးအနှံတွေကို ပိုးကောင်တွေ ဖျက်ဆီးလိမ့်မယ်။ ၄၃ ခင်ဗျားတို့ဆီမှာရှိတဲ့ တိုင်းတစ်ပါးသားတွေက ကြီးမြင့်သည်ထက် ကြီးမြင့်လာမယ်။ ခင်ဗျားတို့ကတော့ နိမ့်ကျသည်ထက် နိမ့်ကျသွားမယ်။ ၄၄ သူတို့က ခင်ဗျားတို့ကို ချေးငှားပေးမယ်။ ခင်ဗျားတို့က ချေးငှားပေးနိုင်မှာ မဟုတ်ဘူး။+ သူတို့က ခေါင်းဖြစ်ပြီး ခင်ဗျားတို့ကတော့ အမြီးဖြစ်ရမယ်။+

၄၅ “ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်ရင်၊ မိန့်မှာထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို မလိုက်နာရင်+ ဒီကျိန်စာအားလုံး+ နောက်ကနေ လိုက်လာပြီး ခင်ဗျားတို့အပေါ် စုပြုံရောက်လာမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ လုံးလုံး ပျက်စီးသွားမယ်။+ ၄၆ အဲဒီကျိန်စာတွေဟာ ခင်ဗျားတို့နဲ့ သားမြေးတွေအပေါ် ကျရောက်လိမ့်မယ်၊ အမြဲတည်တဲ့ နိမိတ်နဲ့ သတိပေးချက် ဖြစ်လိမ့်မယ်။+ ၄၇ ခင်ဗျားတို့ လိုလေသေးမရှိ ပြည့်စုံနေချိန်မှာ ယေဟောဝါဘုရားကို ဝမ်းမြောက်ရွှင်လန်းစွာ ဝတ်မပြုခဲ့လို့ပဲ။+ ၄၈ ရန်သူတွေကို ယေဟောဝါ စေလွှတ်လိုက်မှာဖြစ်လို့ ခင်ဗျားတို့ဟာ စားစရာ၊ သောက်စရာ၊ ဝတ်စရာ အရာရာချို့တဲ့ပြီး+ ကျွန်ခံရမယ်။+ ဘုရားသခင်က ခင်ဗျားတို့ပခုံးပေါ် သံထမ်းပိုး တင်ပေးမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ လုံးလုံးပျက်စီးသွားမယ်။

၄၉ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို တိုက်ခိုက်မယ့် လူမျိုးတစ်မျိုးကို+ ဝေးလံလှတဲ့ မြေကြီးတစ်ဖက်စွန်းကနေ ပေါ်ထွက်စေမယ်။ သူတို့က လင်းယုန်လို တစ်ဟုန်ထိုး တိုက်ခိုက်မယ်။+ ခင်ဗျားတို့နားမလည်တဲ့ ဘာသာစကားကိုပြောတဲ့ လူမျိုး၊+ ၅၀ ကြီးသူကို မလေးစား၊ ငယ်သူကို မသနားဘဲ ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုး ဖြစ်တယ်။+ ၅၁ တိရစ္ဆာန်သားပေါက်တွေ၊ မြေထွက်သီးနှံတွေကို သူတို့ စားလိုက်မှာဖြစ်လို့ ခင်ဗျားတို့ လုံးလုံးပျက်စီးသွားရလိမ့်မယ်။ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးနွားသားပေါက်တွေကို ချန်မထားဘဲ အားလုံးကို ဖျက်ဆီးပစ်မယ်။+ ၅၂ တစ်ပြည်လုံးမှာရှိတဲ့ မြို့တွေကို ဝိုင်းရံပိတ်ဆို့ထားမှာဖြစ်လို့ ခင်ဗျားတို့ အားကိုးနေတဲ့၊ မြင့်မားခိုင်ခံ့တဲ့ မြို့ရိုးတွေ ပြိုလဲကုန်လိမ့်မယ်။ ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲက မြို့အားလုံးကို သူတို့ ဝိုင်းထားမှာဖြစ်လို့၊+ ၅၃ ကိုယ့်ရင်သွေးကို ပြန်စားရမယ်။ ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်ပြီး ယေဟောဝါဘုရား ပေးသနားတဲ့ သားသမီးတွေရဲ့ အသားကိုတောင် ပြန်စားရမယ်။+

၅၄ “နူးညံ့ပြီး စာနာတတ်တဲ့ ယောက်ျားတောင်မှ ကိုယ့်ညီအစ်ကို၊ မြတ်နိုးရတဲ့ဇနီး၊ ကျန်နေသေးတဲ့ ကိုယ့်ရင်သွေးတွေကို သနားမှာ မဟုတ်ဘူး။ ၅၅ မြို့တွေကို ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားပြီး အကြီးအကျယ် ဒုက္ခရောက်တဲ့အခါ စားစရာမရှိတော့တဲ့အတွက် အဲဒီယောက်ျားက ကိုယ့်ရင်သွေးရဲ့ အသားကို စားလိမ့်မယ်။ သူများကို ဝေမျှပေးမှာ မဟုတ်ဘူး။+ ၅၆ နူးညံ့သိမ်မွေ့လွန်းလို့ မြေပေါ် ခြေမချဝံ့တဲ့ မိန်းမက+ မြတ်နိုးရတဲ့ လင်ယောက်ျားနဲ့ သားသမီးတွေကို သနားမှာ မဟုတ်ဘူး။ ၅၇ မြို့တွေကို ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားပြီး အကြီးအကျယ် ဒုက္ခရောက်တဲ့အတွက် အဲဒီမိန်းမက ကိုယ်မွေးထုတ်လိုက်တဲ့ ရင်သွေးနဲ့ အချင်းကိုတောင် ဝှက်ပြီးစားလိမ့်မယ်။

၅၈ “ဒီစာစောင်မှာရေးထားတဲ့ ပညတ်တရားအားလုံးကို+ ခင်ဗျားတို့ ဂရုတစိုက် မလိုက်နာဘူး၊ ယေဟောဝါ+ ဘုရားရဲ့ ဂုဏ်ကျက်သရေရှိတဲ့၊ ရိုသေခန့်ညားဖွယ်ကောင်းတဲ့ နာမည်ကို+ မကြောက်ရွံ့ဘူးဆိုရင်၊ ၅၉ ယေဟောဝါက ခင်ဗျားတို့နဲ့ သားမြေးတွေအပေါ် မပြီးဆုံးနိုင်တဲ့ ကပ်ဘေးကြီးတွေ၊+ နာတာရှည်ရောဂါဆိုးတွေ ကျရောက်စေမယ်။ ၆၀ ခင်ဗျားတို့ အီဂျစ်ပြည်မှာနေတုန်းက ကြောက်ခဲ့ရတဲ့ ရောဂါအားလုံးကို ပြန်စွဲကပ်စေမယ်။ ၆၁ ဒီပညတ်ကျမ်းမှာ မရေးထားတဲ့ ရောဂါတွေ၊ ကပ်ဘေးတွေကိုလည်း ယေဟောဝါ ကျရောက်စေတဲ့အတွက် ခင်ဗျားတို့ တစ်ယောက်မကျန် ပျက်စီးသွားမယ်။ ၆၂ ကောင်းကင်ကြယ်တွေလို များပြားခဲ့ပေမဲ့+ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်တဲ့အတွက် လူနည်းစုပဲ ကျန်ရစ်ရမယ်။+

၆၃ “ယေဟောဝါဟာ ခင်ဗျားတို့ ကောင်းစားပြီး တိုးများအောင် လုပ်ပေးရတာကို နှစ်သက်ခဲ့သလို အစတုံးဖျက်ဆီးရတာကိုလည်း ယေဟောဝါနှစ်သက်လိမ့်မယ်။ ပိုင်ဆိုင်ရတော့မယ့် ပြည်ကနေ ခင်ဗျားတို့ ဖယ်ရှားခံရမယ်။

၆၄ “ယေဟောဝါက ခင်ဗျားတို့ကို မြေကြီးစွန်းတိုင်အောင် တိုင်းနိုင်ငံအရပ်ရပ်ဆီ တကွဲတပြား ဖြစ်စေမယ်။+ ကိုယ်တိုင်ရော ဘိုးဘေးတွေပါ မသိတဲ့ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို အဲဒီမှာ ကိုးကွယ်ရလိမ့်မယ်။+ ၆၅ အဲဒီမှာ ခင်ဗျားတို့ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး။+ ခြေတစ်ဖဝါးစာနေရာတောင် ပိုင်မှာမဟုတ်ဘူး။ အဲဒီအစား ယေဟောဝါက စိတ်ပူပန်စေမယ်၊+ မျက်စိကွယ်စေမယ်၊ စိတ်ပျက်အားလျော့စေမယ်။+ ၆၆ အသက်အန္တရာယ် ကြုံနေရလို့ နေ့ညမပြတ် ကြောက်လန့်နေရမယ်။ အသက်ဆက်ရှင်ဖို့ မသေမချာ ဖြစ်နေမယ်။ ၆၇ ကြောက်စိတ်တွေ၊ မြင်ရတဲ့အရာတွေကြောင့် မနက်မှာ ‘ညရောက်ပါစေတော့၊’ ညရောက်တော့လည်း ‘မိုးလင်းပါစေတော့’ ဆိုပြီး တမ်းတလိမ့်မယ်။ ၆၈ ‘ဘယ်တော့မှ ပြန်လာရမှာ မဟုတ်ဘူး’ လို့ ပြောခဲ့တဲ့လမ်းအတိုင်း ယေဟောဝါက ခင်ဗျားတို့ကို အီဂျစ်ပြည်ဆီ သင်္ဘောနဲ့ ဆက်ဆက်ပြန်ပို့မယ်။ အဲဒီမှာ ရန်သူတွေဆီ ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းစားတာတောင် ဝယ်မယ့်သူရှိမှာ မဟုတ်ဘူး။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ