ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၁၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • ဒန်အမျိုးသားတွေ အမွေမြေ လိုက်ရှာ (၁-၃၁)

        • မိက္ခာရဲ့ရုပ်တုတွေနဲ့အတူ ပုရောဟိတ်ကို ဖမ်းသွား (၁၄-၂၀)

        • လဲရှမြို့ကို သိမ်းပိုက်ပြီး ဒန်မြို့လို့ နာမည်ပြောင်း (၂၇-၂၉)

        • ဒန်မြို့က ရုပ်တုကိုးကွယ်မှု (၃၀၊ ၃၁)

တရားသူကြီး ၁၈:၁

ကျမ်းညွှန်းများ

  • +သူ ၈:၂၃; ၁ရှ ၈:၄၊ ၅
  • +ယရ ၁၉:၄၀
  • +ယရ ၁၉:၄၇၊ ၄၈; သူ ၁:၃၄

တရားသူကြီး ၁၈:၂

ကျမ်းညွှန်းများ

  • +ယရ ၁၉:၄၁၊ ၄၈
  • +သူ ၁၇:၁၊ ၅

တရားသူကြီး ၁၈:၄

ကျမ်းညွှန်းများ

  • +သူ ၁၇:၉၊ ၁၀

တရားသူကြီး ၁၈:၇

ကျမ်းညွှန်းများ

  • +ယရ ၁၉:၄၇၊ ၄၈; သူ ၁၈:၂၉
  • +သူ ၁၈:၂၇

တရားသူကြီး ၁၈:၈

ကျမ်းညွှန်းများ

  • +ယရ ၁၅:၂၀၊ ၃၃; သူ ၁၈:၂

တရားသူကြီး ၁၈:၁၀

ကျမ်းညွှန်းများ

  • +သူ ၁၈:၇၊ ၂၇
  • +ထွ ၃:၈; တရ ၈:၇-၉

တရားသူကြီး ၁၈:၁၁

ကျမ်းညွှန်းများ

  • +သူ ၁၈:၂

တရားသူကြီး ၁၈:၁၂

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ဒန်ရဲ့စခန်း။”

ကျမ်းညွှန်းများ

  • +၁ရှ ၇:၁
  • +သူ ၁၃:၂၄၊ ၂၅

တရားသူကြီး ၁၈:၁၃

ကျမ်းညွှန်းများ

  • +သူ ၁၇:၁၊ ၅

တရားသူကြီး ၁၈:၁၄

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

  • *

    ခက်ဆစ်ကိုကြည့်။

ကျမ်းညွှန်းများ

  • +သူ ၁၈:၂၊ ၂၉
  • +တရ ၂၇:၁၅; သူ ၁၇:၄၊ ၅

တရားသူကြီး ၁၈:၁၅

ကျမ်းညွှန်းများ

  • +သူ ၁၇:၇၊ ၁၂; ၁၈:၃၀

တရားသူကြီး ၁၈:၁၆

ကျမ်းညွှန်းများ

  • +သူ ၁၈:၁၁

တရားသူကြီး ၁၈:၁၇

ကျမ်းညွှန်းများ

  • +သူ ၁၈:၂
  • +ဝ ၁၉:၄; တရ ၂၇:၁၅; သူ ၁၇:၃-၅
  • +ထွ ၂၈:၆; သူ ၈:၂၇
  • +က ၃၁:၁၉
  • +သူ ၁၇:၁၂

တရားသူကြီး ၁၈:၁၉

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “ဖခင်။”

ကျမ်းညွှန်းများ

  • +သူ ၁၇:၁၂
  • +သူ ၁၈:၃၀

တရားသူကြီး ၁၈:၂၀

ကျမ်းညွှန်းများ

  • +သူ ၁၇:၄၊ ၅

တရားသူကြီး ၁၈:၂၇

ကျမ်းညွှန်းများ

  • +ယရ ၁၉:၄၇၊ ၄၈; သူ ၁၈:၂၉
  • +သူ ၁၈:၇၊ ၁၀

တရားသူကြီး ၁၈:၂၈

ကျမ်းညွှန်းများ

  • +တလ ၁၃:၁၇၊ ၂၁

တရားသူကြီး ၁၈:၂၉

ကျမ်းညွှန်းများ

  • +က ၃၀:၆; ၃၂:၂၈
  • +ယရ ၁၉:၄၇၊ ၄၈; သူ ၂၀:၁; ၁ဘု ၄:၂၅; ၁၂:၂၈၊ ၂၉
  • +သူ ၁၈:၇

တရားသူကြီး ၁၈:၃၀

ကျမ်းညွှန်းများ

  • +သူ ၁၇:၁၊ ၄; ၁၈:၁၈
  • +ထွ ၂:၂၁၊ ၂၂
  • +သူ ၁၇:၁၂

တရားသူကြီး ၁၈:၃၁

ကျမ်းညွှန်းများ

  • +ထွ ၄၀:၂; ယရ ၁၈:၁; ၁ရှ ၁:၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၁၈:၁သူ ၈:၂၃; ၁ရှ ၈:၄၊ ၅
သူကြီး. ၁၈:၁ယရ ၁၉:၄၀
သူကြီး. ၁၈:၁ယရ ၁၉:၄၇၊ ၄၈; သူ ၁:၃၄
သူကြီး. ၁၈:၂ယရ ၁၉:၄၁၊ ၄၈
သူကြီး. ၁၈:၂သူ ၁၇:၁၊ ၅
သူကြီး. ၁၈:၄သူ ၁၇:၉၊ ၁၀
သူကြီး. ၁၈:၇ယရ ၁၉:၄၇၊ ၄၈; သူ ၁၈:၂၉
သူကြီး. ၁၈:၇သူ ၁၈:၂၇
သူကြီး. ၁၈:၈ယရ ၁၅:၂၀၊ ၃၃; သူ ၁၈:၂
သူကြီး. ၁၈:၁၀သူ ၁၈:၇၊ ၂၇
သူကြီး. ၁၈:၁၀ထွ ၃:၈; တရ ၈:၇-၉
သူကြီး. ၁၈:၁၁သူ ၁၈:၂
သူကြီး. ၁၈:၁၂၁ရှ ၇:၁
သူကြီး. ၁၈:၁၂သူ ၁၃:၂၄၊ ၂၅
သူကြီး. ၁၈:၁၃သူ ၁၇:၁၊ ၅
သူကြီး. ၁၈:၁၄သူ ၁၈:၂၊ ၂၉
သူကြီး. ၁၈:၁၄တရ ၂၇:၁၅; သူ ၁၇:၄၊ ၅
သူကြီး. ၁၈:၁၅သူ ၁၇:၇၊ ၁၂; ၁၈:၃၀
သူကြီး. ၁၈:၁၆သူ ၁၈:၁၁
သူကြီး. ၁၈:၁၇သူ ၁၈:၂
သူကြီး. ၁၈:၁၇ဝ ၁၉:၄; တရ ၂၇:၁၅; သူ ၁၇:၃-၅
သူကြီး. ၁၈:၁၇ထွ ၂၈:၆; သူ ၈:၂၇
သူကြီး. ၁၈:၁၇က ၃၁:၁၉
သူကြီး. ၁၈:၁၇သူ ၁၇:၁၂
သူကြီး. ၁၈:၁၉သူ ၁၇:၁၂
သူကြီး. ၁၈:၁၉သူ ၁၈:၃၀
သူကြီး. ၁၈:၂၀သူ ၁၇:၄၊ ၅
သူကြီး. ၁၈:၂၇ယရ ၁၉:၄၇၊ ၄၈; သူ ၁၈:၂၉
သူကြီး. ၁၈:၂၇သူ ၁၈:၇၊ ၁၀
သူကြီး. ၁၈:၂၈တလ ၁၃:၁၇၊ ၂၁
သူကြီး. ၁၈:၂၉က ၃၀:၆; ၃၂:၂၈
သူကြီး. ၁၈:၂၉ယရ ၁၉:၄၇၊ ၄၈; သူ ၂၀:၁; ၁ဘု ၄:၂၅; ၁၂:၂၈၊ ၂၉
သူကြီး. ၁၈:၂၉သူ ၁၈:၇
သူကြီး. ၁၈:၃၀သူ ၁၇:၁၊ ၄; ၁၈:၁၈
သူကြီး. ၁၈:၃၀ထွ ၂:၂၁၊ ၂၂
သူကြီး. ၁၈:၃၀သူ ၁၇:၁၂
သူကြီး. ၁၈:၃၁ထွ ၄၀:၂; ယရ ၁၈:၁; ၁ရှ ၁:၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၁၈:၁-၃၁

တရားသူကြီး

၁၈ အဲဒီတုန်းက အစ္စရေးပြည်မှာ ဘုရင်  မရှိဘူး။+  အစ္စရေးအနွယ်တွေထဲမှာ ဒန်အနွယ်က+ အမွေမြေ လုံလုံလောက်လောက် မရသေးတော့  နေစရာအမွေမြေရဖို့  ရှာနေတယ်။+

၂ ဒါကြောင့်  ဒန်အမျိုးသားတွေက နယ်မြေကို ထောက်လှမ်းဖို့ ဆွေမျိုးစုတွေထဲမှာ  အရည်အချင်းရှိသူ  ငါးယောက်ကိုရွေးပြီး ဇောရာမြို့နဲ့ ဧရှတောလမြို့ကနေ+ လွှတ်လိုက်တယ်။ “အဲဒီနယ်မြေကို သွားစုံစမ်းခဲ့ကြ” လို့မှာတဲ့အတွက် သူတို့လည်း ဧဖရိမ်တောင်တန်းဒေသကို ရောက်လာပြီး မိက္ခာရဲ့အိမ်မှာ+ ညအိပ်ကြတယ်။ ၃ သူတို့က မိက္ခာရဲ့အိမ်နားမှာ ရှိနေတုန်း လေဝိလူငယ်ရဲ့အသံကို မှတ်မိပြီး ဝင်တွေ့ကြတယ်။ “ဒီနေရာကို ခင်ဗျား ဘယ်လိုရောက်လာတာလဲ။ ဘာလာလုပ်တာလဲ။ ဘာဖြစ်လို့ ဒီမှာ နေ,နေတာလဲ” ဆိုပြီးမေးတယ်။ ၄ လေဝိလူငယ်ကလည်း “မိက္ခာက ကျွန်တော့်အတွက် လိုအပ်တာတွေကို စီစဉ်ပေးပြီး သူ့ရဲ့ပုရောဟိတ်လုပ်ဖို့ ငှားလိုက်တာပဲ”+ လို့ဖြေတယ်။ ၅ သူတို့က “ကျွန်တော်တို့ရဲ့ခရီးစဉ် အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ သိချင်လို့ ဘုရားသခင်ကို မေးမြန်းပေးပါဦး” လို့တောင်းဆိုတော့၊ ၆ အဲဒီပုရောဟိတ်က “အေးအေးဆေးဆေးသာ သွားပါ။ ဒီခရီးစဉ်မှာ ခင်ဗျားတို့နဲ့အတူ ယေဟောဝါဘုရား ရှိပါတယ်” လို့ပြန်ဖြေတယ်။

၇ အဲဒီလူငါးယောက်လည်း  ခရီးဆက်ပြီး လဲရှမြို့ကို+ ရောက်လာတယ်။ လဲရှမြို့သားတွေဟာ ဆိုင်ဒုန်မြို့သားတွေလိုပဲ ကိုယ့်အားကိုယ်ကိုးပြီး နေကြတာ၊ အန္တရာယ်ကို မစိုးရိမ်ဘဲ အေးအေးဆေးဆေး နေကြတာ၊+ ဖိနှိပ်သူ၊ ဒုက္ခပေးသူ မရှိတာ၊ ဆိုင်ဒုန်မြို့သားတွေနဲ့ အလှမ်းဝေးတဲ့အပြင် တခြားသူတွေနဲ့လည်း အဆက်အဆံ မလုပ်တာတွေကို သူတို့ သတိထားမိကြတယ်။

၈ ဇောရာမြို့နဲ့  ဧရှတောလမြို့ဆီ+ အဲဒီလူငါးယောက် ပြန်ရောက်လာတဲ့အခါ  ညီအစ်ကိုတွေက “အခြေအနေ ဘယ်လိုလဲ” ဆိုပြီးမေးတော့၊ ၉ သူတို့က “ဒီလူတွေကို သွားတိုက်ခိုက်ရအောင်။ အဲဒီနယ်မြေဟာ သိပ်ကောင်းတာပဲ။ တွန့်ဆုတ်မနေဘဲ အမြန်ဆုံး သွားသိမ်းပိုက်ကြစို့။ ၁၀ နယ်မြေ ကျယ်ပြန့်ပြီး မြို့သားတွေလည်း အန္တရာယ်ကို မကြောက်တတ်မှန်း ခင်ဗျားတို့ တွေ့ရလိမ့်မယ်။+ ဘုရားသခင်က လိုလေသေးမရှိအောင် ပြည့်စုံတဲ့ အဲဒီနယ်မြေကို ခင်ဗျားတို့လက်ထဲအပ်ပြီ”+ လို့ပြန်ဖြေတယ်။

၁၁ ဒန်အနွယ်ထဲက လက်နက်ကိုင်စစ်သည် ၆၀၀ ဟာ ဇောရာမြို့နဲ့ ဧရှတောလမြို့ကနေ  ချီတက်ပြီး၊+ ၁၂ ယုဒနယ်မြေ၊ ကိရယတ်ယာရိမ်မြို့နားမှာ+ စခန်းချကြတယ်။ ဒါကြောင့် ကိရယတ်ယာရိမ်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ အဲဒီနေရာကို မဟာနေဒန်လို့*+  ဒီနေ့အထိ ခေါ်ကြတယ်။ ၁၃ သူတို့က အဲဒီကနေ ဧဖရိမ်တောင်တန်းဒေသကို ဆက်သွားပြီး မိက္ခာရဲ့အိမ်ကို ရောက်လာတယ်။+

၁၄ လဲရှမြို့ကို+ ထောက်လှမ်းခဲ့တဲ့ လူငါးယောက်က “ဒီအိမ်တွေထဲမှာ တေရပ်ရုပ်တုတွေ၊* ထွင်းထားတဲ့ရုပ်တု၊  သွန်းထားတဲ့ရုပ်တုနဲ့  သင်တိုင်း*+ ရှိတယ်။ ဒီတော့ ဘာဆက်လုပ်ရင်ကောင်းမယ်ဆိုတာ  သဘောပေါက်တယ် မဟုတ်လား” ဆိုပြီး ညီအစ်ကိုတွေကို ပြောတယ်။ ၁၅ ဒါကြောင့် သူတို့က  မိက္ခာရဲ့အိမ်ကိုသွား၊  လေဝိလူငယ်ကို+ ဝင်တွေ့ပြီး အဆင်ပြေရဲ့လားလို့ မေးတယ်။ ၁၆ အဲဒီအချိန်မှာ ဒန်အမျိုးသား  လက်နက်ကိုင်စစ်သည် ၆၀၀ က+  တံခါးဝမှာ  ရပ်နေကြတယ်။ ၁၇ မြို့ကိုထောက်လှမ်းခဲ့သူ ငါးယောက်က+ ထွင်းထားတဲ့ရုပ်တု၊ သွန်းထားတဲ့ရုပ်တု၊+ သင်တိုင်းနဲ့+ တေရပ်ရုပ်တုတွေကို+ ယူဖို့ အိမ်ထဲဝင်သွားတယ်။ (ပုရောဟိတ်ကတော့+ လက်နက်ကိုင်စစ်သည် ၆၀၀ နဲ့အတူ တံခါးဝမှာ ရပ်နေတယ်။) ၁၈ မိက္ခာရဲ့အိမ်ထဲ သူတို့ဝင်သွားပြီး ထွင်းထားတဲ့ရုပ်တု၊ သွန်းထားတဲ့ရုပ်တု၊ သင်တိုင်းနဲ့ တေရပ်ရုပ်တုတွေကို ယူတဲ့အခါ ပုရောဟိတ်က “ဒါဘာလုပ်တာလဲ” လို့မေးတယ်။ ၁၉ သူတို့ကလည်း “တိတ်တိတ်နေပါ။ ဘာမှပြောမနေပါနဲ့။ ကျွန်တော်တို့နဲ့သာ လိုက်ခဲ့ပါ။ ကျွန်တော်တို့ရဲ့ အကြံပေးသူ၊* ပုရောဟိတ် လုပ်ပါ။ အိမ်ထောင်တစ်စုအတွက် ပုရောဟိတ်လုပ်တာနဲ့+ အစ္စရေးပြည်က အနွယ်တစ်နွယ်အတွက်၊ ဆွေမျိုးတစ်စုလုံးအတွက် ပုရောဟိတ်လုပ်တာ+ ဘယ်ဟာပိုကောင်းလဲ”  ဆိုပြီးပြောတော့ ၂၀ ပုရောဟိတ်က သဘောကျသွားတဲ့အတွက် သင်တိုင်း၊ ထွင်းထားတဲ့ရုပ်တုနဲ့ တေရပ်ရုပ်တုတွေကို+ ယူပြီး သူတို့နဲ့အတူ လိုက်သွားတယ်။

၂၁ ဒန်အမျိုးသားတွေက ကလေးတွေ၊  အဖိုးတန်ပစ္စည်းတင်ထားတဲ့ တိရစ္ဆာန်တွေကို ရှေ့ကနေသွားခိုင်းပြီး ခရီးဆက်ကြတယ်။ ၂၂ ခပ်လှမ်းလှမ်းကို ရောက်တော့မှ မိက္ခာရဲ့အိမ်နီးချင်းတွေ စုပြီး နောက်ကနေ လိုက်လာတယ်။ ၂၃ သူတို့အော်ခေါ်တဲ့အခါ  ဒန်အမျိုးသားတွေက  လှည့်ကြည့်ပြီး “ဘာကိစ္စရှိလို့လဲ။ ဘာလို့ အုပ်စုလိုက် လိုက်လာကြတာလဲ” လို့မိက္ခာကို မေးတယ်။ ၂၄ မိက္ခာက “ကျုပ်ရဲ့ရုပ်တုတွေကို ခင်ဗျားတို့ ယူသွားပြီး ပုရောဟိတ်ကိုပါ ခေါ်သွားမှတော့ ဘာကျန်တော့မှာလဲ။ ဒါနဲ့တောင် ‘ဘာကိစ္စလဲ’ လို့ မေးနေသေးတယ်” ဆိုပြီးပြန်ပြောတယ်။ ၂၅ ဒန်အမျိုးသားတွေက “အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့။ ဒေါသကြီးတဲ့လူတွေ တိုက်ခိုက်လိုက်လို့ ခင်ဗျားရော အိမ်သားတွေပါ အသက်ဆုံးရှုံးသွားလိမ့်မယ်” လို့ပြန်ပြောပြီး၊ ၂၆ ခရီးဆက်ကြတယ်။ မိက္ခာက ဒန်အမျိုးသားတွေ ပိုအင်အားကြီးမှန်းသိတော့ အိမ်ပြန်သွားတယ်။

၂၇ ဒန်အမျိုးသားတွေက မိက္ခာလုပ်ထားတဲ့ ဘုရားတွေကိုယူ၊ သူ့ရဲ့ပုရောဟိတ်ကိုခေါ်ပြီး လဲရှမြို့ကို+ ဆက်သွားကြတယ်။ အန္တရာယ်ကို မစိုးရိမ်ဘဲ အေးအေးဆေးဆေး နေတတ်တဲ့+ မြို့သားတွေကို တိုက်ခိုက်နှိမ်နင်းပြီး မြို့ကို မီးရှို့ပစ်တယ်။ ၂၈ လဲရှမြို့ဟာ ဗက်ရဟောဘမြို့နားက+ ချိုင့်ဝှမ်းလွင်ပြင်မှာ တည်ရှိပြီး ဆိုင်ဒုန်မြို့နဲ့ အလှမ်းဝေးတဲ့အပြင်  မြို့သားတွေကလည်း တခြားလူတွေနဲ့ အဆက်အဆံမလုပ်တဲ့အတွက် ကယ်မယ့်သူမရှိဘူး။ လဲရှမြို့ကို ဒန်အမျိုးသားတွေ ပြန်တည်ဆောက်ပြီး နေထိုင်ကြတယ်။ ၂၉ အစ္စရေးရဲ့သား၊+ ဘိုးဘေးဖြစ်သူ ဒန်ရဲ့နာမည်ကိုအစွဲပြုပြီး+ လဲရှမြို့ကို ဒန်မြို့လို့ နာမည်ပြောင်းလိုက်တယ်။+ ၃၀ အဲဒီနောက် ဒန်အမျိုးသားတွေက ထွင်းထားတဲ့ရုပ်တုကို+ စိုက်ထူထားကြတယ်။ မောရှေရဲ့မြေး၊ ဂေရရှုံရဲ့သား+ ယောနသန်က+ သားမြေးတွေနဲ့အတူ ဒန်အနွယ်အတွက် ပုရောဟိတ် လုပ်ပေးကြတာ ပြည်သားတွေ ဖမ်းခေါ်ခံရချိန်အထိပဲ။ ၃၁ ရှိလောမြို့မှာ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အိမ်တော် တည်ရှိနေချိန် တစ်လျှောက်လုံး+ မိက္ခာလုပ်တဲ့ ရုပ်တုဟာ ဒန်မြို့မှာပဲ ဆက်ရှိနေတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ