-
ဝတ်ပြုရာ ၁:၁၅-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ပုရောဟိတ်က ငှက်ကို ယူလာပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ငှက်လည်ပင်းကို လက်သည်းနဲ့ဆိတ်ပြီး သွေးကို ပူဇော်ရာပလ္လင်နံရံပေါ်မှာ ညှစ်ချရမယ်။ ၁၆ ငှက်စလုတ်နဲ့ အမွေးကို နုတ်ယူပြီး ပူဇော်ရာပလ္လင်ရဲ့ အရှေ့ဘက်ခြမ်း ပြာတွေပုံထားတဲ့ နေရာမှာ ပစ်ရမယ်။+ ၁၇ ငှက်ကို အတောင်ပံကနေ ကိုင်ပြီး ရင်အုံကို ဆွဲဖွင့်ရမယ်။ နှစ်ပိုင်းတော့ မပြတ်စေရဘူး။ ပူဇော်ရာပလ္လင်ပေါ်က ထင်းမီးပေါ်မှာ ငှက်ကို မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။
-