-
ထွက်မြောက်ရာ ၃၄:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ယေဟောဝါက မောရှေရှေ့မှာ ဖြတ်သွားပြီး “ယေဟောဝါဟာ ကရုဏာရှိပြီး+ သနားစာနာတတ်တဲ့ဘုရား၊+ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး+ ခိုင်မြဲတဲ့မေတ္တာနဲ့+ သစ္စာတရား ကြီးမားတဲ့ဘုရား၊+ ၇ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား၊+ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေမဲ့+ ပြစ်မှားသူကို ဒဏ်မပေးဘဲမနေတဲ့ဘုရား၊+ ဖခင်ရဲ့အပြစ်အတွက် သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ ဘုရားပဲ”+ လို့ပြောတယ်။
-
-
ယေရမိ ၄၆:၂၇၊ ၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ ‘ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။
အစ္စရေး၊ မထိတ်လန့်နဲ့။+
မင်းကို ဝေးလံတဲ့နေရာကနေ၊
မင်းရဲ့မျိုးနွယ်ကို သုံ့ပန်းဘဝ ရောက်သွားတဲ့ ပြည်ကနေ ငါကယ်တင်မယ်။+
ယာကုပ်ဟာ ပြန်လာပြီး အနှောင့်အယှက်မရှိဘဲ စိတ်အေးလက်အေး နေရလိမ့်မယ်။
ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+
၂၈ ဒါကြောင့် ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။
မင်းတို့ တကွဲတပြား ရောက်သွားတဲ့ တိုင်းနိုင်ငံတွေကို အစတုံးဖျက်ဆီးမယ်။+
မင်းတို့ကိုတော့ အစတုံးဖျက်ဆီးမှာ မဟုတ်ဘူး။+
တော်သင့်ရုံပဲ ဆုံးမမယ်။+
အပြစ်မပေးဘဲနဲ့တော့ မနေဘူး။’ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”
-