ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆာလံ ၄၅:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ရာဇပလ္လင်ပဲ။+

      နိုင်ငံတော်ရဲ့ ရာဇလှံတံဟာ

      တရားမျှတခြင်းလှံတံပဲ။+

  • ဟေရှာယ ၉:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ငါတို့အတွက် ကလေးတစ်ယောက် မွေးဖွားလာတယ်။+

      ငါတို့အတွက် သားတစ်ယောက်ကို ပေးသနားတယ်။

      အုပ်ချုပ်ခွင့်အာဏာက သူ့ပခုံးပေါ် ကျရောက်လာမယ်။+

      သူ့နာမည်ဟာ အကောင်းဆုံး အတိုင်ပင်ခံ၊+ တန်ခိုးကြီးတဲ့ဘုရား၊+

      ထာဝရဖခင်၊ ငြိမ်းချမ်းရေးမင်းသား ဖြစ်လိမ့်မယ်။

       ၇ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ ငြိမ်သက်ခြင်းဟာ

      အဆုံးမရှိ တိုးများမယ်။+

      ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ်မှာ ထိုင်ပြီး+ ဒါဝိဒ်ရဲ့နိုင်ငံကို အုပ်ချုပ်မယ်။

      သူ့နိုင်ငံဟာ တရားမျှတခြင်းနဲ့+ ဖြောင့်မတ်ခြင်းအားဖြင့်+

      အခုကစပြီး ထာဝစဉ် တည်တံ့ခိုင်မြဲမယ်။+

      ဗိုလ်ခြေတို့ရဲ့အရှင်၊ စိတ်ထက်သန်တဲ့ဘုရား ယေဟောဝါက

      ဒါကို လုပ်ဆောင်မယ်။

  • ဒံယေလ ၂:၄၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၄ “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့်+ နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။+ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။+ အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။+ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။+

  • လုကာ ၁:၃၂၊ ၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၂ အဲဒီသားဟာ အရေးပါသူ ဖြစ်လိမ့်မယ်။+ အမြင့်ဆုံး အရှင်ရဲ့သားလို့ အခေါ်ခံရလိမ့်မယ်။+ ယေဟောဝါ* ဘုရားက သူ့ကို ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။+ ၃၃ သူက ယာကုပ်အမျိုးကို ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး”+ လို့ပြောတယ်။

  • ဗျာဒိတ် ၁၁:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ အဲဒီနောက် သတ္တမကောင်းကင်တမန် ခရာမှုတ်တဲ့အခါ+ “လောကနိုင်ငံဟာ ဘုရားသခင်ရဲ့နိုင်ငံနဲ့+ ခရစ်တော်ရဲ့နိုင်ငံ ဖြစ်ပြီ။+ ဘုရားသခင်က ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော့မယ်”+ ဆိုတဲ့ ကျယ်လောင်တဲ့အသံ ကောင်းကင်ကနေ ထွက်ပေါ်လာတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ