-
မာကု ၅:၃၈-၄၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၈ ယေရှုက တရားဇရပ်မှူးရဲ့အိမ်ကို ရောက်တဲ့အခါ လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာ၊ အော်ဟစ်ငိုယိုနေကြတာကို တွေ့ရတယ်။+ ၃၉ ဒါနဲ့ အိမ်ထဲဝင်ပြီး “ဘာလို့ အုတ်အုတ်ကျက်ကျက်ဖြစ်ပြီး ငိုနေတာလဲ။ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ပြောလိုက်တော့၊ ၄၀ လူတွေ လှောင်ရယ်ကြတယ်။ ယေရှုက အားလုံးကို အပြင်ထွက်ခိုင်းပြီး မိန်းကလေးရဲ့ မိဘနှစ်ပါးနဲ့ လိုက်ပါလာတဲ့ တပည့်တွေကိုပဲ ခေါ်ပြီး မိန်းကလေးရှိတဲ့ အခန်းထဲ ဝင်သွားတယ်။ ၄၁ အဲဒီနောက် မိန်းကလေးရဲ့လက်ကို ကိုင်ပြီး “တလိသ ကုမိ” လို့ပြောတယ်။ “မိန်းကလေး၊ ကျွန်တော်ပြောမယ်။ ထပါ” လို့ အဓိပ္ပာယ်ရတယ်။+ ၄၂ (၁၂ နှစ်အရွယ်ရှိတဲ့) အဲဒီမိန်းကလေးဟာ ချက်ချင်းပဲ ထပြီး လမ်းလျှောက်တော့တယ်။ ဒါကိုလည်းမြင်ရော သူတို့ ဝမ်းသာလုံးဆို့သွားကြတယ်။ ၄၃ ယေရှုက ဒီအကြောင်း ဘယ်သူ့ကိုမှ မသိစေနဲ့လို့ အတန်တန် မှာကြားပြီးတဲ့နောက်+ မိန်းကလေးကို စားစရာတစ်ခုခု ကျွေးဖို့ ပြောတယ်။
-
-
လုကာ ၈:၅၂-၅၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၂ လူတွေက သမီးလေး ဆုံးသွားလို့ ရင်ဘတ်ထုပြီး ငိုနေကြတယ်။ ယေရှုက “မငိုကြနဲ့တော့။+ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ပြောတော့၊ ၅၃ လူတွေ လှောင်ရယ်ကြတယ်။ မိန်းကလေး သေဆုံးသွားမှန်း သူတို့သိထားကြလို့ပဲ။ ၅၄ ယေရှုက သူ့လက်ကိုကိုင်ပြီး “သမီးလေး၊ ထပါ” လို့ပြောတော့၊+ ၅၅ မိန်းကလေးအသက်*+ ပြန်ရှင်လာပြီး ချက်ချင်းပဲထလာတယ်။+ အဲဒီနောက် မိန်းကလေးကို စားစရာတစ်ခုခု ကျွေးလိုက်ပါလို့ ပြောတယ်။ ၅၆ မိဘတွေက ဝမ်းသာလုံးဆို့သွားကြတယ်။ ယေရှုက ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ မှာတယ်။+
-