ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၉:၂၃-၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ ယေရှုက တရားဇရပ်မှူးရဲ့ အိမ်ထဲ ဝင်လာတဲ့အခါ ပလွေမှုတ်သူတွေ၊ လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာကို မြင်တော့၊+ ၂၄ “ဒီကနေ ထွက်သွားကြ။ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ ပြောတော့ လူတွေ လှောင်ရယ်ကြတယ်။ ၂၅ ယေရှုက လူတွေကို အပြင်ထွက်ခိုင်းပြီးနောက် အိမ်ထဲ ဝင်ပြီး မိန်းကလေးရဲ့ လက်ကို ကိုင်လိုက်တဲ့အခါ+ မိန်းကလေး ထလာတယ်။+ ၂၆ ဒီသတင်းဟာ အဲဒီဒေသတစ်ခုလုံး ပျံ့သွားတယ်။

  • လုကာ ၈:၅၁-၅၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၁ အိမ်ကိုရောက်တဲ့အခါ ယေရှုက သမီးလေးရဲ့ မိဘနှစ်ပါးနဲ့ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကလွဲလို့ ဘယ်သူ့ကိုမှ အထဲပေးမဝင်ဘူး။ ၅၂ လူတွေက သမီးလေး ဆုံးသွားလို့ ရင်ဘတ်ထုပြီး ငိုနေကြတယ်။ ယေရှုက “မငိုကြနဲ့တော့။+ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ပြောတော့၊ ၅၃ လူတွေ လှောင်ရယ်ကြတယ်။ မိန်းကလေး သေဆုံးသွားမှန်း သူတို့သိထားကြလို့ပဲ။ ၅၄ ယေရှုက သူ့လက်ကိုကိုင်ပြီး “သမီးလေး၊ ထပါ” လို့ပြောတော့၊+ ၅၅ မိန်းကလေးအသက်*+ ပြန်ရှင်လာပြီး ချက်ချင်းပဲထလာတယ်။+ အဲဒီနောက် မိန်းကလေးကို စားစရာတစ်ခုခု ကျွေးလိုက်ပါလို့ ပြောတယ်။ ၅၆ မိဘတွေက ဝမ်းသာလုံးဆို့သွားကြတယ်။ ယေရှုက ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ မှာတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ