ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၉:၁၇-၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ လူအုပ်ထဲကတစ်ယောက်က “ဆရာ၊ နတ်ဆိုးပူးလို့ စကားမပြောနိုင်တော့တဲ့ ကျွန်တော့်သားကို ဆရာ့ဆီ ခေါ်လာတာ။+ ၁၈ နတ်ဆိုးပူးတဲ့အခါတိုင်း ကျွန်တော့်သားက မြေပေါ်ပစ်လဲသွားတယ်။ ပါးစပ်ကနေ အမြှုပ်ထွက်၊ အံကြိတ်ပြီး အားပြတ်သွားတတ်တယ်။ နတ်ဆိုး နှင်ထုတ်ပေးဖို့ ဆရာ့တပည့်တွေကို အကူအညီတောင်းတာ သူတို့ မနှင်ထုတ်နိုင်ဘူး” လို့ပြောတယ်။ ၁၉ အဲဒီအခါ ယေရှုက “ယုံကြည်ခြင်းမရှိတဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ အဲဒီလူငယ်လေးကို ခေါ်လာခဲ့”+ လို့ပြောတယ်။ ၂၀ ဒါနဲ့ လူငယ်လေးကို ခေါ်လာကြတယ်။ ယေရှုကိုလည်း မြင်ရော နတ်ဆိုးက လူငယ်လေးကို တုန်တက်စေတဲ့အတွက် မြေပေါ်လဲကျသွားပြီး ပါးစပ်ကနေ အမြှုပ်တစီစီနဲ့ လူးလှိမ့်နေတယ်။ ၂၁ ယေရှုက “ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ” လို့မေးတော့ ဖခင်ဖြစ်သူက “ငယ်ငယ်ကတည်းကပါ။ ၂၂ နတ်ဆိုးက မီးထဲလဲကျအောင် လုပ်လိုက်၊ ရေထဲကျအောင် လုပ်လိုက်နဲ့ ကျွန်တော့်သားကို သေအောင် ခဏခဏ လုပ်ပါတယ်။ ဆရာ တတ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ကို သနားတဲ့အနေနဲ့ ကုပေးပါ” လို့အသနားခံတယ်။ ၂၃ ယေရှုက “‘တတ်နိုင်ရင်’ လို့ ဘာကြောင့်ပြောတာလဲ။ ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်တာ မရှိဘူး” လို့ပြောတယ်။+ ၂၄ ဒါနဲ့ ဖခင်ဖြစ်သူက ချက်ချင်းပဲ “ကျွန်တော် ယုံကြည်ပါတယ်။ ယုံကြည်ခြင်း အားနည်းနေသေးရင် ခိုင်မာလာအောင် ကူညီပေးပါ”+ လို့ပြောတယ်။

      ၂၅ လူတွေ ဝိုင်းအုံလာတာကို ယေရှုမြင်တဲ့အတွက် “နားမကြားအောင်၊ စကားမပြောနိုင်အောင် နှောင့်ယှက်နေတဲ့ နတ်ဆိုး၊ ငါအမိန့်ပေးတယ်။ သူ့ထဲက ထွက်သွားစမ်း။ ဘယ်တော့မှ ပြန်မဝင်နဲ့” ဆိုပြီး အဲဒီနတ်ဆိုးကို ခပ်ထန်ထန် အမိန့်ပေးတယ်။+ ၂၆ နတ်ဆိုးက အသံကုန်အော်ပြီးနောက် လူငယ်လေးကို အကြီးအကျယ် တုန်တက်စေပြီးမှ ထွက်သွားတယ်။ လူငယ်လေးက လူသေလို ဖြစ်နေလို့ “သူသေသွားပြီ” လို့ လူတွေပြောကြတယ်။ ၂၇ ယေရှုက လူငယ်လေးရဲ့လက်ကို ကိုင်ပြီး ဆွဲထူပေးလိုက်တော့ သူထလာတယ်။ ၂၈ ယေရှု အိမ်ထဲဝင်သွားတဲ့အခါ တပည့်တွေက “ကျွန်တော်တို့ကျတော့ ဘာလို့ နတ်ဆိုးကို မနှင်ထုတ်နိုင်တာလဲ” လို့ သီးသန့် လာမေးတယ်။+ ၂၉ “အဲဒီလိုနတ်ဆိုးမျိုးကို ဆုတောင်းခြင်းနဲ့ပဲ နှင်ထုတ်နိုင်တယ်” လို့ ယေရှုဖြေတယ်။

  • လုကာ ၉:၃၈-၄၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၈ လူအုပ်ထဲကနေ တစ်ယောက်က “ဆရာ၊ ကျွန်တော့်သားလေးကို လိုက်ကြည့်ပေးပါ။ တစ်ဦးတည်းသော သားလေး မို့လို့ပါ။+ ၃၉ နတ်ဝင်ပူးပြီဆိုရင် သားလေးက ကောက်ကာငင်ကာ အော်ဟစ်တတ်တယ်။ အဲဒီနတ်က သားလေးကို ပါးစပ်ကနေ အမြှုပ်ထွက်အောင်၊ တဆတ်ဆတ်တုန်ပြီး တက်သွားအောင် လုပ်တယ်။ ဒဏ်ရာရအောင်လုပ်ပြီးတာတောင် တော်ရုံနဲ့မထွက်ဘူး။ ၄၀ အဲဒီနတ်ကို နှင်ထုတ်ပေးဖို့ ဆရာ့တပည့်တွေကို အကူအညီတောင်းပေမဲ့ သူတို့ မနှင်ထုတ်နိုင်လို့ပါ” ဆိုပြီး အသနားခံတယ်။ ၄၁ ယေရှုက “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ ခင်ဗျားရဲ့သားကို ခေါ်လာခဲ့ပါ”+ လို့ပြောတယ်။ ၄၂ အဲဒီကလေးကို ခေါ်လာနေတုန်းမှာပဲ နတ်ဆိုးက သူ့ကို မြေပေါ်လဲကျသွားအောင်၊ တဆတ်ဆတ်တုန်ပြီး တက်သွားအောင် လုပ်တယ်။ ယေရှုက နတ်ဆိုးကို ဆုံးမပြီးနောက် အဲဒီကလေးကို ကုသပေးတယ်။ ပြီးတော့ ဖခင်ဆီ အပ်လိုက်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ