-
မဿဲ ၁၇:၁၄-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ လူအုပ်ရှိရာကို သူတို့ ရောက်လာတဲ့အခါ+ လူတစ်ယောက်က ယေရှုဆီ လာပြီး ဒူးထောက်တယ်။ ၁၅ ပြီးတော့ “သခင်၊ ကျွန်တော့်သားကို သနားပါဦး။ သူ့ခမျာ ဝက်ရူးပြန်ရောဂါ စွဲနေလို့ အခြေအနေ တော်တော်ဆိုးနေပါတယ်။ မီးထဲ လဲကျလိုက်၊ ရေထဲ လဲကျလိုက် ဖြစ်တတ်ပါတယ်။+ ၁၆ သခင့်တပည့်တွေဆီ ခေါ်သွားပေမဲ့ သူတို့ မကုပေးနိုင်လို့ပါ” ဆိုပြီး အသနားခံတယ်။ ၁၇ အဲဒီအခါ ယေရှုက “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ အဲဒီလူငယ်လေးကို ခေါ်လာခဲ့” လို့ ပြောတယ်။
-
-
လုကာ ၉:၃၈-၄၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၈ လူအုပ်ထဲကနေ တစ်ယောက်က “ဆရာ၊ ကျွန်တော့်သားလေးကို လိုက်ကြည့်ပေးပါ။ တစ်ဦးတည်းသော သားလေး မို့လို့ပါ။+ ၃၉ နတ်ဝင်ပူးပြီဆိုရင် သားလေးက ကောက်ကာငင်ကာ အော်ဟစ်တတ်တယ်။ အဲဒီနတ်က သားလေးကို ပါးစပ်ကနေ အမြှုပ်ထွက်အောင်၊ တဆတ်ဆတ်တုန်ပြီး တက်သွားအောင် လုပ်တယ်။ ဒဏ်ရာရအောင်လုပ်ပြီးတာတောင် တော်ရုံနဲ့မထွက်ဘူး။ ၄၀ အဲဒီနတ်ကို နှင်ထုတ်ပေးဖို့ ဆရာ့တပည့်တွေကို အကူအညီတောင်းပေမဲ့ သူတို့ မနှင်ထုတ်နိုင်လို့ပါ” ဆိုပြီး အသနားခံတယ်။ ၄၁ ယေရှုက “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ ခင်ဗျားရဲ့သားကို ခေါ်လာခဲ့ပါ”+ လို့ပြောတယ်။ ၄၂ အဲဒီကလေးကို ခေါ်လာနေတုန်းမှာပဲ နတ်ဆိုးက သူ့ကို မြေပေါ်လဲကျသွားအောင်၊ တဆတ်ဆတ်တုန်ပြီး တက်သွားအောင် လုပ်တယ်။ ယေရှုက နတ်ဆိုးကို ဆုံးမပြီးနောက် အဲဒီကလေးကို ကုသပေးတယ်။ ပြီးတော့ ဖခင်ဆီ အပ်လိုက်တယ်။
-