-
မဿဲ ၂၆:၄၇-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၇ အဲဒီအချိန်မှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒ ရောက်လာတယ်။ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ လွှတ်လိုက်တဲ့ လူအုပ်လည်း ဓားတွေ၊ တုတ်တွေ ကိုင်ပြီး အတူလိုက်ပါလာတယ်။+
၄၈ သစ္စာဖောက် ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကို ဖမ်းလိုက်” လို့ အချက်ပေးထားပြီးပြီ။ ၄၉ ရောက်တာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ၊ မင်္ဂလာပါ” ဆိုပြီး နမ်းလိုက်တယ်။ ၅၀ ယေရှုက “ဘာအတွက် လာတာလဲ” လို့ ယုဒကို မေးတဲ့အခါ+ သူတို့ ရှေ့တိုးလာပြီး ယေရှုကို ဖမ်းဆီးကြတယ်။ ၅၁ ယေရှုနဲ့ ပါလာတဲ့ တစ်ယောက်က ဓားဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ ကျွန်ကို ခုတ်လိုက်တော့ နားရွက်ပြတ်သွားတယ်။+
-
-
လုကာ ၂၂:၄၇-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၇ အဲဒီလိုပြောနေတုန်းမှာပဲ လူတစ်အုပ် ရောက်လာတယ်။ တမန်တော် ၁၂ ယောက်အဝင်ဖြစ်တဲ့ ယုဒက ဦးဆောင်ခေါ်လာတာ။ သူက ယေရှုဆီ သွားပြီး နမ်းလိုက်တယ်။+ ၄၈ ဒါနဲ့ ယေရှုက “ယုဒ၊ ခင်ဗျားက လူသားကို နမ်းပြီး သစ္စာဖောက်လိုက်တာပေါ့” လို့ပြောတယ်။ ၄၉ အနားမှာရှိသူတွေက ဘာဖြစ်တော့မယ်ဆိုတာ ရိပ်မိပြီး “သခင်၊ ဓားနဲ့ခုတ်လိုက်ရမလား” လို့မေးတယ်။ ၅၀ သူတို့ထဲက တစ်ယောက်က ပုရောဟိတ်မင်းရဲ့ကျွန်ကို ခုတ်လိုက်တဲ့အတွက် ညာဘက်နားရွက် ပြတ်သွားတယ်။+ ၅၁ ယေရှုက “တော်တော့” လို့ပြောပြီး သူ့နားရွက်ကို တို့လိုက်တဲ့အခါ အကောင်းပကတိ ဖြစ်သွားတယ်။
-