-
မဿဲ ၂၆:၄၇-၅၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၇ အဲဒီအချိန်မှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒ ရောက်လာတယ်။ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ လွှတ်လိုက်တဲ့ လူအုပ်လည်း ဓားတွေ၊ တုတ်တွေ ကိုင်ပြီး အတူလိုက်ပါလာတယ်။+
၄၈ သစ္စာဖောက် ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကို ဖမ်းလိုက်” လို့ အချက်ပေးထားပြီးပြီ။ ၄၉ ရောက်တာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ၊ မင်္ဂလာပါ” ဆိုပြီး နမ်းလိုက်တယ်။ ၅၀ ယေရှုက “ဘာအတွက် လာတာလဲ” လို့ ယုဒကို မေးတဲ့အခါ+ သူတို့ ရှေ့တိုးလာပြီး ယေရှုကို ဖမ်းဆီးကြတယ်။
-
-
မာကု ၁၄:၄၃-၄၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၃ အဲဒီလိုပြောနေတုန်းမှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒက ဓားတွေ၊ တုတ်တွေကိုင်ထားတဲ့ လူတွေနဲ့အတူ ရောက်လာတယ်။ အဲဒီလူတွေကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ လွှတ်လိုက်တာ။+ ၄၄ သစ္စာဖောက်ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကိုဖမ်းပြီး စောင့်ကြပ်ခေါ်သွားကြ” လို့အချက်ပေးထားပြီးပြီ။ ၄၅ သူရောက်လာတာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ” လို့ခေါ်ပြီး နမ်းတယ်။ ၄၆ လူတွေလည်း ယေရှုကို ဖမ်းဆီးလိုက်ကြတယ်။
-