၁၁ အဲဒီအခါ ဖာရောက ပညာရှိတွေ၊ ပယောဂဆရာတွေကို ဆင့်ခေါ်လိုက်တယ်။ အီဂျစ်ပြည်က မှော်ဆရာတွေလည်း+ မှော်ပညာသုံးပြီး ထပ်တူလုပ်ပြကြတယ်။+ ၁၂ သူတို့ရဲ့တောင်ဝှေးတွေကို ပစ်ချတဲ့အခါ မြွေကြီးတွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ အာရုန်ရဲ့တောင်ဝှေးက သူတို့တောင်ဝှေးတွေကို မျိုပစ်လိုက်တယ်။