ဆာလံ
ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်း။
၁၀၀ မြေတစ်ခွင်လုံး၊ ယေဟောဝါဆီ အောင်သံလွှင့်ကြပါ။+
၂ ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြုကြပါ။+
ရွှင်လန်းစွာ သီချင်းဆိုရင်း ရှေ့တော်ကို လာကြပါ။
၃ ယေဟောဝါဟာ ဘုရားသခင်ပဲဆိုတာ သိမှတ်ကြပါ။+
ဘုရားဟာ ငါတို့ကို ဖန်ဆင်းတဲ့အရှင်ပဲ။ ငါတို့ကို ပိုင်တဲ့ အရှင်ပဲ။*+
ငါတို့ဟာ ဘုရားရဲ့လူတွေ၊ ဘုရားရဲ့ စားကျက်ထဲက သိုးတွေပဲ။+
၄ ကျေးဇူးတင် ချီးမွမ်းရင်း သန့်ရှင်းရာဌာနတော်ရဲ့ တံခါးတွေထဲ ဝင်လာပါ။+
ဘုရားကို ချီးမွမ်းရင်း တံတိုင်းတော်ထဲ ဝင်လာပါ။+
ဘုရားကို ကျေးဇူးတင် ချီးမွမ်းပါ။ နာမတော်ကို ချီးမွမ်းပါ။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်။
သစ္စာတရားဟာ လူမျိုးအဆက်ဆက် တည်မြဲတယ်။+