ဆာလံ
א
စိတ်ရိုးဖြောင့်သူတွေ စုဝေးတဲ့နေရာမှာ၊ လူစုလူဝေးအလယ်မှာ
ב
ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ ငါချီးမွမ်းမယ်။+
ג
ה
၃ ဘုရားရဲ့ လုပ်ရပ်တွေဟာ ဂုဏ်ကျက်သရေရှိပြီး ခမ်းနားမြင့်မြတ်တယ်။
ו
ဘုရားရဲ့ ဖြောင့်မတ်မှုဟာ ထာဝစဉ်တည်မြဲတယ်။+
ז
၄ ဘုရားက မိမိရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကို သတိရစေတယ်။+
ח
ယေဟောဝါဟာ သနားစာနာတတ်ပြီး ကရုဏာရှိတယ်။+
ט
၅ ကြောက်ရွံ့ရိုသေသူတွေကို စားစရာပေးတယ်။+
י
မိမိရဲ့ ပဋိညာဉ်ကိုလည်း ထာဝစဉ်သတိရတယ်။+
כ
၆ လူမျိုးတော်ကို တခြားလူမျိုးတွေရဲ့အမွေ ပေးတယ်။+
ל
ဒီနည်းနဲ့ တန်ခိုးကြီး လုပ်ဆောင်မှုတွေအကြောင်း ဖော်ပြတယ်။
מ
ס
၈ အခုရော၊ နောင်ရော အမြဲစိတ်ချနိုင်တယ်။
ע
အမိန့်တော်တွေကို အမှန်တရားနဲ့အညီ၊ ဖြောင့်မတ်မှုနဲ့အညီ ပြဋ္ဌာန်းထားတယ်။+
פ
ק
နာမတော်ဟာ သန့်ရှင်းမြင့်မြတ်ပြီး ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။+
ר
၁၀ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။+
ש
အမိန့်တော်ကို လိုက်နာသူဟာ ထိုးထွင်းဉာဏ်ရှိရှိ လုပ်ဆောင်တယ်။+
ת
ဘုရားကို ထာဝစဉ် ချီးမွမ်းကြပါ။