ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၂၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တောလည်ရာ မာတိကာ

      • ကာဒေရှအရပ်မှာ မိရိအံ သေဆုံး (၁)

      • မောရှေ ကျောက်ကိုရိုက်၊ အပြစ်လုပ်မိ (၂-၁၃)

      • ဧဒုံလူမျိုး အစ္စရေးတွေကို ဖြတ်ခွင့်မပေး (၁၄-၂၁)

      • အာရုန်သေဆုံး (၂၂-၂၉)

တောလည်ရာ ၂၀:၁

ကျမ်းညွှန်းများ

  • +တလ ၁၃:၂၆; ၂၀:၂၂; ၃၃:၃၆; တရ ၂:၁၄
  • +ထွ ၁၅:၂၀; တလ ၂၆:၅၉; မိ ၆:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၇

တောလည်ရာ ၂၀:၂

ကျမ်းညွှန်းများ

  • +ထွ ၁၇:၁

တောလည်ရာ ၂၀:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၂/၂၀၁၉၊ စာ. ၁၂-၁၃

တောလည်ရာ ၂၀:၄

ကျမ်းညွှန်းများ

  • +ထွ ၁၄:၁၁; ၁၇:၃; တလ ၁၆:၁၃၊ ၁၄; ၂၁:၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၉

တောလည်ရာ ၂၀:၅

ကျမ်းညွှန်းများ

  • +တရ ၈:၁၄၊ ၁၅
  • +တရ ၈:၇၊ ၈
  • +ထွ ၁၇:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၂/၂၀၁၉၊ စာ. ၁၂-၁၃

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၉

တောလည်ရာ ၂၀:၆

ကျမ်းညွှန်းများ

  • +ထွ ၁၆:၁၀; တလ ၁၄:၁၀

တောလည်ရာ ၂၀:၈

ကျမ်းညွှန်းများ

  • +ထွ ၁၇:၅၊ ၆; ဆ ၇၈:၁၅; ၁၀၅:၄၁; ၁၁၄:၈; ရှာ ၄၈:၂၁

တောလည်ရာ ၂၀:၉

ကျမ်းညွှန်းများ

  • +ထွ ၇:၁၂၊ ၁၉; တလ ၁၇:၁၀

တောလည်ရာ ၂၀:၁၀

ကျမ်းညွှန်းများ

  • +ဆ ၁၀၆:၃၂၊ ၃၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၇/၂၀၁၈၊ စာ. ၁၄-၁၅

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၉

တောလည်ရာ ၂၀:၁၁

ကျမ်းညွှန်းများ

  • +၁က ၁၀:၁၊ ၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၉

တောလည်ရာ ၂၀:၁၂

ကျမ်းညွှန်းများ

  • +တလ ၂၇:၁၂-၁၄; တရ ၁:၃၇; ၃:၂၆; ၃၂:၅၁၊ ၅၂; ၃၄:၄; ယရ ၁:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၉

တောလည်ရာ ၂၀:၁၃

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ရန်ရှာခြင်း။”

ကျမ်းညွှန်းများ

  • +ဆ ၁၀၆:၃၂၊ ၃၃

တောလည်ရာ ၂၀:၁၄

ကျမ်းညွှန်းများ

  • +သူ ၁၁:၁၇
  • +က ၃၆:၈; တရ ၂:၄; ၂၃:၇

တောလည်ရာ ၂၀:၁၅

ကျမ်းညွှန်းများ

  • +က ၄၆:၆
  • +က ၁၅:၁၃; ထွ ၁၂:၄၀
  • +ထွ ၁:၁၁၊ ၁၄

တောလည်ရာ ၂၀:၁၆

ကျမ်းညွှန်းများ

  • +ထွ ၂:၂၃; ၃:၇
  • +ထွ ၁၄:၁၉; ၂၃:၂၀; ၃၃:၂

တောလည်ရာ ၂၀:၁၇

ကျမ်းညွှန်းများ

  • +တလ ၂၁:၂၁၊ ၂၂; တရ ၂:၂၆၊ ၂၇

တောလည်ရာ ၂၀:၁၉

ကျမ်းညွှန်းများ

  • +တရ ၂:၅၊ ၆
  • +တရ ၂:၂၆၊ ၂၈

တောလည်ရာ ၂၀:၂၀

ကျမ်းညွှန်းများ

  • +သူ ၁၁:၁၇

တောလည်ရာ ၂၀:၂၁

ကျမ်းညွှန်းများ

  • +တရ ၂:၈; သူ ၁၁:၁၈

တောလည်ရာ ၂၀:၂၂

ကျမ်းညွှန်းများ

  • +တလ ၂၁:၄; ၃၃:၃၇

တောလည်ရာ ၂၀:၂၄

အောက်ခြေမှတ်ချက်များ

  • *

    သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။

ကျမ်းညွှန်းများ

  • +တလ ၃၃:၃၈; တရ ၃၂:၅၀
  • +တလ ၂၀:၁၂; တရ ၃၂:၅၁၊ ၅၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၇/၂၀၁၈၊ စာ. ၁၄-၁၅

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၉

တောလည်ရာ ၂၀:၂၆

ကျမ်းညွှန်းများ

  • +ထွ ၂၈:၂; ၂၉:၂၉
  • +ထွ ၆:၂၃; တလ ၄:၁၆

တောလည်ရာ ၂၀:၂၈

ကျမ်းညွှန်းများ

  • +တလ ၃၃:၃၉; တရ ၁၀:၆; ၃၂:၅၀

တောလည်ရာ ၂၀:၂၉

ကျမ်းညွှန်းများ

  • +တရ ၃၄:၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တော. ၂၀:၁တလ ၁၃:၂၆; ၂၀:၂၂; ၃၃:၃၆; တရ ၂:၁၄
တော. ၂၀:၁ထွ ၁၅:၂၀; တလ ၂၆:၅၉; မိ ၆:၄
တော. ၂၀:၂ထွ ၁၇:၁
တော. ၂၀:၄ထွ ၁၄:၁၁; ၁၇:၃; တလ ၁၆:၁၃၊ ၁၄; ၂၁:၅
တော. ၂၀:၅တရ ၈:၁၄၊ ၁၅
တော. ၂၀:၅တရ ၈:၇၊ ၈
တော. ၂၀:၅ထွ ၁၇:၂
တော. ၂၀:၆ထွ ၁၆:၁၀; တလ ၁၄:၁၀
တော. ၂၀:၈ထွ ၁၇:၅၊ ၆; ဆ ၇၈:၁၅; ၁၀၅:၄၁; ၁၁၄:၈; ရှာ ၄၈:၂၁
တော. ၂၀:၉ထွ ၇:၁၂၊ ၁၉; တလ ၁၇:၁၀
တော. ၂၀:၁၀ဆ ၁၀၆:၃၂၊ ၃၃
တော. ၂၀:၁၁၁က ၁၀:၁၊ ၄
တော. ၂၀:၁၂တလ ၂၇:၁၂-၁၄; တရ ၁:၃၇; ၃:၂၆; ၃၂:၅၁၊ ၅၂; ၃၄:၄; ယရ ၁:၂
တော. ၂၀:၁၃ဆ ၁၀၆:၃၂၊ ၃၃
တော. ၂၀:၁၄သူ ၁၁:၁၇
တော. ၂၀:၁၄က ၃၆:၈; တရ ၂:၄; ၂၃:၇
တော. ၂၀:၁၅က ၄၆:၆
တော. ၂၀:၁၅က ၁၅:၁၃; ထွ ၁၂:၄၀
တော. ၂၀:၁၅ထွ ၁:၁၁၊ ၁၄
တော. ၂၀:၁၆ထွ ၂:၂၃; ၃:၇
တော. ၂၀:၁၆ထွ ၁၄:၁၉; ၂၃:၂၀; ၃၃:၂
တော. ၂၀:၁၇တလ ၂၁:၂၁၊ ၂၂; တရ ၂:၂၆၊ ၂၇
တော. ၂၀:၁၉တရ ၂:၅၊ ၆
တော. ၂၀:၁၉တရ ၂:၂၆၊ ၂၈
တော. ၂၀:၂၀သူ ၁၁:၁၇
တော. ၂၀:၂၁တရ ၂:၈; သူ ၁၁:၁၈
တော. ၂၀:၂၂တလ ၂၁:၄; ၃၃:၃၇
တော. ၂၀:၂၄တလ ၃၃:၃၈; တရ ၃၂:၅၀
တော. ၂၀:၂၄တလ ၂၀:၁၂; တရ ၃၂:၅၁၊ ၅၂
တော. ၂၀:၂၆ထွ ၂၈:၂; ၂၉:၂၉
တော. ၂၀:၂၆ထွ ၆:၂၃; တလ ၄:၁၆
တော. ၂၀:၂၈တလ ၃၃:၃၉; တရ ၁၀:၆; ၃၂:၅၀
တော. ၂၀:၂၉တရ ၃၄:၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တောလည်ရာ ၂၀:၁-၂၉

တောလည်ရာ

၂၀ ပထမလမှာ  အစ္စရေးတစ်မျိုးလုံး  ဇိနတောကန္တာရကို ရောက်လာပြီး  ကာဒေရှအရပ်မှာ+ စခန်းချကြတယ်။  အဲဒီမှာ  မိရိအံ+ သေဆုံးသွားတဲ့အတွက်  သင်္ဂြိုဟ်လိုက်တယ်။

၂ လူတွေက ရေမရှိတော့+ မောရှေနဲ့အာရုန်ကို အပြစ်တင်ဖို့ စုဝေးလာကြတယ်။ ၃ မောရှေကို “ကျုပ်တို့ညီအစ်ကိုတွေ ယေဟောဝါဘုရားရှေ့မှာ သေတုန်းက ကျုပ်တို့လည်း သေသွားခဲ့ရင် အကောင်းသား။ ၄ ယေဟောဝါဘုရားရဲ့ လူတွေကို ဒီတောထဲ ဘာလို့ခေါ်လာတာလဲ။ ကျုပ်တို့ရော တိရစ္ဆာန်တွေပါ သေကုန်တော့မှာပဲ။+ ၅ ကျုပ်တို့ကို အီဂျစ်ပြည်ကနေ ဒီလောက်ဆိုးရွားတဲ့ နေရာမျိုးကို ဘာလို့ခေါ်လာတာလဲ။+ ဒီမှာ မျိုးကြဲလို့လည်း မရ။ သဖန်းပင်၊ စပျစ်ပင်၊ သလဲပင်တွေလည်း စိုက်လို့ မရ။ သောက်စရာရေလည်း မရှိပါလား”+ ဆိုပြီး ရန်ရှာကြတယ်။+ ၆ မောရှေနဲ့အာရုန်လည်း လူတွေဆီကနေ တွေ့ဆုံရာတဲတော် ဝင်ပေါက်ကို လာပြီး မြေပေါ်ပျပ်ဝပ်တဲ့အခါ ယေဟောဝါရဲ့ ဘုန်းအသရေ ထင်ရှားလာတယ်။+

၇ ယေဟောဝါက  မောရှေကို၊ ၈ “တောင်ဝှေးကို သွားယူခဲ့။ မင်းနဲ့မင်းအစ်ကိုအာရုန်က လူတွေကို ခေါ်လိုက်။ ပြီးတော့ ကျောက်ဆောင်ထဲက ရေထွက်လာအောင် သူတို့ရှေ့မှာ ကျောက်ဆောင်ကို အမိန့်ပေးလိုက်ပါ။ လူတွေ၊ တိရစ္ဆာန်တွေ သောက်ဖို့ ကျောက်ဆောင်ထဲကနေ ရေထွက်လာအောင် မင်း လုပ်ပေးရမယ်”+ လို့ပြောတယ်။

၉ မောရှေလည်း ပြောတဲ့အတိုင်းပဲ တောင်ဝှေးကို ယေဟောဝါရှေ့ကနေ ယူလိုက်တယ်။+ ၁၀ မောရှေနဲ့  အာရုန်က  လူတွေကို  ကျောက်ဆောင်ရှေ့မှာ စုခိုင်းတယ်။ ပြီးတော့ မောရှေက “ဟေ့ သူပုန်တွေ၊ နားထောင်ကြစမ်း။ မင်းတို့က ဒီကျောက်ဆောင်ထဲကနေ  ရေထွက်အောင် ငါတို့ကို လုပ်ခိုင်းနေတာမဟုတ်လား”+  ဆိုပြီး၊ ၁၁ တောင်ဝှေးကိုမြှောက်၊ ကျောက်ဆောင်ကို နှစ်ချက်ရိုက်လိုက်တော့ ရေတွေ ဒလဟော ထွက်လာတယ်။ လူတွေရော တိရစ္ဆာန်တွေပါ သောက်ကြတယ်။+

၁၂ နောက်တော့ ယေဟောဝါက မောရှေနဲ့အာရုန်ကို “မင်းတို့တွေ ငါ့ကို မယုံဘူး။ အစ္စရေးတွေရှေ့မှာ ငါ့ကို သန့်ရှင်းမြင့်မြတ်တဲ့ အရှင်အဖြစ် ဂုဏ်မတင်ဘူး။ ဒါကြောင့် ငါပေးမယ့်ပြည်ထဲ ဒီလူတွေကို ခေါ်သွားရမှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၁၃ ယေဟောဝါကို အစ္စရေးတွေ ရန်ရှာခဲ့တဲ့အတွက် အဲဒီနေရာကို မေရိဘ*+ စမ်းရေလို့ ခေါ်တယ်။ အဲဒီတုန်းက ဘုရားသခင်ဟာ သန့်ရှင်းမြင့်မြတ်တဲ့အရှင်ဖြစ်မှန်း သူတို့ကို ပြခဲ့တယ်။

၁၄ နောက်တော့ မောရှေက ကာဒေရှအရပ်ကနေ ဧဒုံဘုရင်ဆီ တမန်တွေလွှတ်ပြီး+ စကားပါးလိုက်တယ်– “မင်းကြီးရဲ့ညီ အစ္စရေးမှာလိုက်တာက+ ‘ကျွန်တော်တို့ကြုံရတဲ့ အခက်အခဲတွေကို မင်းကြီး ကောင်းကောင်းသိပါတယ်။ ၁၅ ဘိုးဘေးတွေဟာ အီဂျစ်ပြည်ကို သွားပြီး+ အဲဒီမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။+ အီဂျစ်တွေက ဘိုးဘေးတွေနဲ့ ကျွန်တော်တို့ကို နှိပ်စက်ခဲ့တယ်။+ ၁၆ ကျွန်တော်တို့ အော်ဟစ်အကူအညီတောင်းတော့+ ယေဟောဝါဘုရား နားထောင်ပါတယ်။ ဒါကြောင့် ကောင်းကင်တမန်စေလွှတ်ပြီး+ ကျွန်တော်တို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ပါတယ်။ အခု၊ မင်းကြီးရဲ့ တိုင်းပြည်နယ်စပ်မှာရှိတဲ့ ကာဒေရှမြို့ကို ရောက်နေပါပြီ။ ၁၇ မင်းကြီးရဲ့ပြည်ကို ဖြတ်သွားခွင့်ပေးပါ။ လယ်မြေတွေ၊ စပျစ်ခြံတွေကို မဖြတ်သွားပါဘူး။ တွင်းရေကိုလည်း မသောက်ပါဘူး။ မင်းကြီးရဲ့နယ်မြေကို မကျော်မချင်း လမ်းမကြီးအတိုင်းပဲ တည့်တည့်သွားပါ့မယ်။’”+

၁၈ ဧဒုံဘုရင်က “ငါတို့နယ်မြေကို မဖြတ်သွားနဲ့။ ဖြတ်သွားရင် ဓားဆွဲပြီး ငါလာမယ်” လို့ပြောတယ်။ ၁၉ အစ္စရေးတွေက  “လမ်းမကြီးအတိုင်းပဲ သွားပါ့မယ်။ ကျွန်တော်တို့နဲ့ တိရစ္ဆာန်တွေ မင်းကြီးရဲ့ရေကို သောက်မိရင် အခပေးပါ့မယ်။+ ခြေကျင်ဖြတ်လျှောက်ခွင့်လေးပဲ ပေးပါ”+ လို့တောင်းဆိုတယ်။ ၂၀ ဒါပေမဲ့ ဧဒုံဘုရင်က “ခွင့်မပြုနိုင်ဘူး”+ လို့ပြောပြီး စစ်သည်အလုံးအရင်းနဲ့ ချီတက်လာတယ်။ ၂၁ ဧဒုံဘုရင်က ပြည်ထဲ ဖြတ်သွားခွင့်မပေးတဲ့အတွက် အစ္စရေးတွေလည်း ပြန်လှည့်သွားရတယ်။+

၂၂ အဲဒီနောက်  အစ္စရေးတစ်မျိုးလုံး  ကာဒေရှအရပ်ကနေ  ထွက်ပြီး ဟောရတောင်ကို+  ရောက်လာကြတယ်။ ၂၃ ဧဒုံပြည်နယ်စပ်နားက  ဟောရတောင်မှာ  ယေဟောဝါက  မောရှေနဲ့  အာရုန်ကို  ခေါ်ပြီး၊ ၂၄ “အာရုန်ဟာ ဘိုးဘေးတွေ စုဝေးရာကို  ရောက်သွားလိမ့်မယ်။*+ အစ္စရေးတွေကို ငါပေးမယ့်ပြည်ထဲ ဝင်ရမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်စလုံး မေရိဘစမ်းရေကိစ္စနဲ့  ပတ်သက်ပြီး  ငါ့အမိန့်ကို  လွန်ဆန်ခဲ့တယ်။+ ၂၅ အာရုန်နဲ့ သူ့သားဧလာဇာကို ခေါ်ပြီး ဟောရတောင်ပေါ် တက်သွားပါ။ ၂၆ အာရုန်ရဲ့ ပုရောဟိတ်အဝတ်တွေကို+ ချွတ်ပြီး သူ့သားဧလာဇာကို+ ဝတ်ပေးပါ။ အဲဒီမှာ အာရုန် သေဆုံးလိမ့်မယ်” လို့ပြောတယ်။

၂၇ မောရှေလည်း  ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်တယ်။ အစ္စရေးတွေရှေ့မှာ ဟောရတောင်ပေါ် သူတို့ တက်သွားကြတယ်။ ၂၈ မောရှေက အာရုန်ရဲ့အဝတ်တွေကို ချွတ်ပြီး သူ့သားဧလာဇာကို  ဝတ်ပေးတယ်။ တောင်ပေါ်မှာပဲ အာရုန် သေဆုံးသွားတယ်။+ မောရှေနဲ့ ဧလာဇာလည်း တောင်ပေါ်ကနေ ပြန်ဆင်းလာတယ်။ ၂၉ အာရုန်သေဆုံးပြီဆိုတာ အစ္စရေးတွေ သိသွားတဲ့အခါ ရက်ပေါင်း ၃၀ ကြာအောင် ငိုကြွေးကြတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ