ယောဘ
၃ အဲဒီနောက် ယောဘက နှုတ်ဆိတ်မနေနိုင်တော့ဘဲသူမွေးတဲ့နေ့ကို ကျိန်ဆဲပြီး၊+ ၂ ဒီလိုပြောတယ်–
‘သားယောက်ျားလေး ကိုယ်ဝန်ရှိနေပြီ’ လို့ပြောတဲ့ညလည်း ပျက်စီးပါစေ။
၄ အဲဒီနေ့ မှောင်မိုက်ပါစေ။
ဘုရားသခင် ဂရုမစိုက်ပါစေနဲ့။
အလင်း မထွန်းလင်းပါစေနဲ့။
၅ အဲဒီနေ့ကို အမှောင်ထုကြီး လွှမ်းမိုးပါစေ။
မိုးတိမ်တိုက်ကြီး ဖုံးလွှမ်းပါစေ။
မှောင်မိုက် ခြောက်လှန့်ပါစေ။
၆ အဲဒီညကို အမှောင်ထု သိမ်းယူသွားပါစေ။+
နှစ်တစ်နှစ်ရဲ့ နေ့ရက်တွေနဲ့အတူ ဝမ်းမြောက်ခွင့် မရပါစေနဲ့၊
လတွေကို ရေတွက်တဲ့အခါ မပါပါစေနဲ့။
၇ အဲဒီည အသက်မဲ့ပါစေ။
ပျော်ရွှင်မြူးထူးသံ ကင်းမဲ့ပါစေ။
၉ အဲဒီညရဲ့ မိုးသောက်ကြယ်တွေ မှောင်မိုက်ပါစေ။
အလင်းကို စောင့်မျှော်ပေမဲ့ အချည်းနှီးဖြစ်ပါစေ။
အရုဏ်ဦး အလင်းတန်းတွေကို မမြင်ရပါစေနဲ့။
၁၀ အဲဒီညက ငါ့အမေရဲ့ဝမ်းကို မပိတ်ထားခဲ့ဘူး။+
ဒုက္ခတွေကို ငါမမြင်အောင် မဝှက်ထားပေးဘူး။
၁၁ ငါက မွေးဖွားချိန်မှာ ဘာလို့ မသေသွားတာလဲ။
အမေ့ဝမ်းထဲက ထွက်လာချိန်မှာ ဘာလို့ မသေသွားတာလဲ။+
၁၂ ငါ့ကို ဘာလို့ ပေါင်ပေါ် သိပ်ရတာလဲ။
ဘာလို့ နို့တိုက်ရတာလဲ။
၁၃ အဲဒီလိုသာ မလုပ်ခဲ့ရင် အခုဆို ငါ အေးအေးဆေးဆေး လဲလျောင်းနေလောက်ပြီ။+
အိပ်စက်အနားယူနေလောက်ပြီ။+
၁၄ အခုပျက်စီးနေတဲ့ နေရာတွေကို* တည်ဆောက်ခဲ့သူတွေ၊
ကမ္ဘာပေါ်က ဘုရင်တွေ၊ မှူးမတ်တွေနဲ့အတူ၊
၁၅ ရွှေတွေပိုင်ဆိုင်ပြီး ကိုယ့်အိမ်ကို ငွေတွေနဲ့ဖြည့်ထားတဲ့
မင်းညီမင်းသားတွေနဲ့အတူ အိပ်စက် အနားယူနေလောက်ပြီ။
၁၆ ငါဟာ ပျက်ကျသွားတဲ့ သန္ဓေသားလို၊
အလင်းကို မမြင်လိုက်ရတဲ့ ကလေးတွေလို ဘာလို့ မဖြစ်ခဲ့တာလဲ။
၁၇ သင်္ချိုင်းမှာဆို လူဆိုးတွေတောင် သောကငြိမ်းအေးရတယ်။
မောပန်းသူတွေ အနားယူရတယ်။+
၁၈ အကျဉ်းသားတွေလည်း စိတ်အေးလက်အေး နေရတယ်။
ခိုင်းစေသူတွေရဲ့ အသံကို မကြားရဘူး။
၁၉ အဲဒီမှာ အယုတ်အမြတ်မရွေး အားလုံးတန်းတူပဲ။+
ကျွန်လည်း သခင့်လက်က လွတ်မြောက်သွားတာပဲ။
၂၀ ဘုရားသခင်က ဒုက္ခရောက်နေသူကို ဘာလို့ အလင်းပေးရတာလဲ။
စိတ်ညစ်နေသူတွေကို ဘာလို့ အသက်ရှင်ခွင့်ပေးရတာလဲ။+
၂၁ သေခြင်းကို တောင့်တနေလျက်နဲ့ ဘာလို့ မသေကြတာလဲ။+
သူတို့က သေခြင်းကို ရတနာသိုက်ထက် ပိုပြီးရှာနေကြတာ။
၂၂ သင်္ချိုင်းကိုသာ ရှာတွေ့ခဲ့ရင်
သူတို့ အကြီးအကျယ် ပျော်သွားမှာ။
၂၄ ငါ့မှာတော့ အစာမစားနိုင်ဘဲ သက်ပြင်းပဲ ချနေရတယ်။+
ငါ့ငိုကြွေးခြင်းတွေ+ ရေလို စီးဆင်းနေတယ်။
၂၅ ငါထိတ်လန့်တဲ့အရာ ငါ့ဆီ ရောက်လာပြီ။
ငါကြောက်တဲ့အရာကို ကြုံနေရပြီ။
၂၆ ငါ့မှာ မငြိမ်းချမ်းနိုင်ဘူး။ မအေးချမ်းနိုင်ဘူး။
စိတ်အေးလက်အေးလည်း မနေရဘူး။
ဒုက္ခတွေ တစ်ခုပြီးတစ်ခု ကြုံနေရတယ်။”