ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၁၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • ဧဖရိမ်အမျိုးသားတွေနဲ့ ပဋိပက္ခဖြစ် (၁-၇)

        • ရှိဗောလက်ဆိုတဲ့ အသံထွက်နဲ့ စမ်းသပ်(၆)

      • တရားသူကြီး အိဗဇန်၊ ဧလုန်၊ အာဗဒုန် (၈-၁၅)

တရားသူကြီး ၁၂:၁

အောက်ခြေမှတ်ချက်များ

  • *

    “မြောက်ပိုင်း” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +သူ ၈:၁

တရားသူကြီး ၁၂:၃

ကျမ်းညွှန်းများ

  • +သူ ၁၁:၂၉

တရားသူကြီး ၁၂:၄

ကျမ်းညွှန်းများ

  • +တရ ၃:၁၂၊ ၁၃

တရားသူကြီး ၁၂:၅

ကျမ်းညွှန်းများ

  • +သူ ၃:၂၈; ၇:၂၄

တရားသူကြီး ၁၂:၈

ကျမ်းညွှန်းများ

  • +သူ ၂:၁၆

တရားသူကြီး ၁၂:၁၅

ကျမ်းညွှန်းများ

  • +က ၃၆:၁၂; ထွ ၁၇:၁၆; တလ ၁၃:၂၉; ၁ရှ ၁၅:၂

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၁၂:၁သူ ၈:၁
သူကြီး. ၁၂:၃သူ ၁၁:၂၉
သူကြီး. ၁၂:၄တရ ၃:၁၂၊ ၁၃
သူကြီး. ၁၂:၅သူ ၃:၂၈; ၇:၂၄
သူကြီး. ၁၂:၈သူ ၂:၁၆
သူကြီး. ၁၂:၁၅က ၃၆:၁၂; ထွ ၁၇:၁၆; တလ ၁၃:၂၉; ၁ရှ ၁၅:၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၁၂:၁-၁၅

တရားသူကြီး

၁၂ အဲဒီနောက် ဧဖရိမ်အမျိုးသားတွေ စုရုံးပြီး ဇာဖုန်မြို့* အထိ ဖြတ်ကူးလာတယ်။ “အမ္မုန်လူတွေကို တိုက်ဖို့ ကူးသွားတုန်းက ငါတို့ကို ဘာလို့မခေါ်တာလဲ။+ မင်းကိုရော မင်းအိမ်ကိုပါ မီးရှို့ပစ်မယ်” လို့ယေဖသကို ရန်တွေ့ကြတယ်။ ၂ ယေဖသက “ငါနဲ့ငါ့လူတွေဟာ အမ္မုန်လူတွေနဲ့ အကြီးအကျယ် ပဋိပက္ခဖြစ်ခဲ့တယ်။ အဲဒီတုန်းက ငါအကူအညီ တောင်းပေမဲ့ မင်းတို့ မကူညီခဲ့ဘူး။ ၃ မင်းတို့ကူညီမှာ မဟုတ်မှန်း သိလိုက်ရတော့ အသက်စွန့်ပြီး အမ္မုန်လူတွေကိုတိုက်ဖို့ ငါဆုံးဖြတ်ခဲ့တယ်။+ ယေဟောဝါဘုရားက သူတို့ကို ငါ့လက်ထဲအပ်ခဲ့တယ်။ အခုကျမှ ဘာလို့ ငါ့ကို လာတိုက်တာလဲ” ဆိုပြီး ပြန်ပြောတယ်။

၄ ဒါနဲ့ ယေဖသက ဂိလဒ်ပြည်သားတွေကို+  စုစည်းပြီး ဧဖရိမ်အမျိုးသားတွေကို တိုက်ခိုက်တယ်။ “မင်းတို့ ဂိလဒ်အမျိုးသားတွေဟာ ဧဖရိမ်နဲ့ မနာရှေနယ်မြေမှာ  နေကြပေမဲ့ တကယ်တော့ ဧဖရိမ်ဝရမ်းပြေးတွေပဲ” ဆိုပြီး ရန်စခဲ့တဲ့ ဧဖရိမ်အမျိုးသားတွေကို အနိုင်ရလိုက်တယ်။ ၅ ပြီးတော့ ဧဖရိမ်နယ်မြေ အရှေ့ဘက်မှာရှိတဲ့ ဂျော်ဒန်မြစ် ရေတိမ်ပိုင်းတွေကို သိမ်းပိုက်လိုက်တယ်။+ အဲဒီကိုထွက်ပြေးလာတဲ့ ဧဖရိမ်အမျိုးသားတွေက  “ဖြတ်ကူးပါရစေ”  လို့ခွင့်တောင်းတဲ့အခါ ဂိလဒ်အမျိုးသားတွေက “မင်းက ဧဖရိမ်အမျိုးသားလား” လို့မေးတယ်။  “မဟုတ်ဘူး”  လို့ဖြေရင်၊ ၆ “ရှိဗောလက်” လို့ အသံထွက်ပြောခိုင်းတယ်။ မပီမသနဲ့ “စိဗောလက်” လို့အသံထွက်ရင်  ဖမ်းပြီး  ဂျော်ဒန်မြစ် ရေတိမ်ပိုင်းတွေမှာ သတ်ပစ်တယ်။ အဲဒီတိုက်ပွဲမှာ ဧဖရိမ်အမျိုးသား ၄၂,၀၀၀ ကျဆုံးသွားတယ်။

၇ ဂိလဒ်အမျိုးသားယေဖသက အစ္စရေးတွေကို ခြောက်နှစ် စီရင်အုပ်ချုပ်တယ်။ အဲဒီနောက် သေဆုံးသွားတဲ့အတွက် ဂိလဒ်ပြည်က သူ့နေရင်းမြို့မှာ သင်္ဂြိုဟ်လိုက်တယ်။

၈ ယေဖသ  မရှိတော့တဲ့နောက် ဘက်သလီဟင်မြို့သား  အိဗဇန်က အစ္စရေးတွေကို စီရင်အုပ်ချုပ်တယ်။+ ၉ သူ့မှာ သား ၃၀၊ သမီး ၃၀ ရှိတယ်။ သမီးတွေကို ဆွေမျိုးစုထဲက မဟုတ်တဲ့ လူတွေနဲ့ ပေးစားတယ်။ အမျိုးသမီး ၃၀ ကိုလည်း ခေါ်လာပြီး သူ့သားတွေနဲ့ ပေးစားတယ်။ သူက အစ္စရေးတွေကို ခုနစ်နှစ် စီရင်အုပ်ချုပ်တယ်။ ၁၀ အဲဒီနောက်  အိဗဇန်  သေဆုံးသွားတဲ့အတွက် ဘက်သလီဟင်မြို့မှာ သင်္ဂြိုဟ်လိုက်တယ်။

၁၁ အိဗဇန်  မရှိတော့တဲ့နောက် ဇာဗုလုန်အမျိုးသား ဧလုန်က အစ္စရေးတွေကို ဆယ်နှစ် စီရင်အုပ်ချုပ်တယ်။ ၁၂ အဲဒီနောက် ဧလုန် သေဆုံးသွားတဲ့အတွက် ဇာဗုလုန်နယ်မြေမှာရှိတဲ့ အာယလုန်မြို့မှာ သင်္ဂြိုဟ်လိုက်တယ်။

၁၃ ဧလုန် မရှိတော့တဲ့နောက် ပိရသုန်မြို့သား ဟိလေလရဲ့သား အာဗဒုန်က အစ္စရေးတွေကို စီရင်အုပ်ချုပ်တယ်။ ၁၄ သူ့မှာ သား ၄၀၊ မြေး ၃၀ ရှိတယ်။ သူတို့မှာ မြည်းကိုယ်စီ ရှိတယ်။ အာဗဒုန်က အစ္စရေးတွေကို ရှစ်နှစ် စီရင်အုပ်ချုပ်တယ်။ ၁၅ အဲဒီနောက် ဟိလေလရဲ့သား အာဗဒုန် သေဆုံးသွားတဲ့အတွက် အာမလက်တောင်တန်းဒေသ၊+ ဧဖရိမ်နယ်မြေမှာရှိတဲ့ ပိရသုန်မြို့မှာ သင်္ဂြိုဟ်လိုက်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ