ဇာခရိ
၆ ကြေးနီတောင်နှစ်လုံးကြားကနေ မြင်းရထား ၄ စီး ထွက်လာတာကို စိတ်အာရုံထဲမှာ ကျွန်တော်မြင်တယ်။ ၂ ပထမမြင်းရထားကို မြင်းနီတွေ၊ ဒုတိယမြင်းရထားကို မြင်းနက်တွေ၊+ ၃ တတိယမြင်းရထားကို မြင်းဖြူတွေ၊ စတုတ္ထမြင်းရထားကို ရောင်စုံပါတဲ့မြင်းတွေနဲ့ အကွက်အပြောက်ပါတဲ့ မြင်းတွေက ဆွဲလာတယ်။+
၄ ကျွန်တော်နဲ့စကားပြောနေတဲ့ ကောင်းကင်တမန်ကို “သခင်၊ အဲဒီမြင်းရထားတွေက ဘာကိုဆိုလိုတာလဲ” လို့မေးလိုက်တယ်။
၅ ကောင်းကင်တမန်က “အဲဒီမြင်းရထားတွေဟာ မြေတစ်ပြင်လုံးကိုပိုင်စိုးတဲ့ သခင်ရှေ့မှာ ခစားပြီး+ ထွက်လာတဲ့ ဝိညာဉ်သတ္တဝါလေးပါးပဲ။*+ ၆ မြင်းနက်တွေဆွဲတဲ့ မြင်းရထားက မြောက်အရပ်မှာရှိတဲ့ ပြည်ဆီ ထွက်သွားတယ်။+ မြင်းဖြူတွေက ပင်လယ်အနောက်ဘက်မှာရှိတဲ့ ပြည်ဆီ ထွက်သွားတယ်။ အကွက်အပြောက်ပါတဲ့ မြင်းတွေက တောင်အရပ်မှာရှိတဲ့ ပြည်ဆီ ထွက်သွားတယ်။ ၇ ရောင်စုံပါတဲ့ မြင်းတွေက မြေတစ်ပြင်လုံးကို လှည့်လည်သွားလာဖို့ စိတ်ပြင်းပြနေတယ်” လို့ပြောတယ်။ အဲဒီနောက် သူက “မြေတစ်ပြင်လုံးကို လှည့်လည်သွားလာကြ” လို့ပြောတဲ့အတွက် မြင်းတွေက မြေတစ်ပြင်လုံးကို လှည့်လည်သွားလာကြတော့တယ်။
၈ ပြီးတော့ သူက “ကြည့်လိုက်ပါ။ မြောက်အရပ်မှာရှိတဲ့ ပြည်ဆီ ထွက်သွားတဲ့ မြင်းတွေကြောင့် အဲဒီပြည်ကို ယေဟောဝါဘုရား စိတ်ပြေသွားပြီ” လို့ ကျွန်တော့်ကို ပြောတယ်။
၉ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၀ “ပြည်နှင်ခံတွေရဲ့ အလှူပစ္စည်းကို ဟေလဒဲ၊ တောဘိယ၊ ယေဒါယဆီကနေ ယူလိုက်ပါ။ အဲဒီနေ့မှာ ဗာဗုလုန်ကလာတဲ့သူတွေနဲ့အတူ ဇေဖနိရဲ့သား ယောရှိရဲ့အိမ်ကို သွားပါ။ ၁၁ ပြီးတော့ ရွှေငွေတွေ ယူပြီး သရဖူလုပ်ပါ။ အဲဒီသရဖူကို ယောဇဒက်ရဲ့သား ပုရောဟိတ်မင်း ယောရှုကို+ ဆောင်းပေးပါ။ ၁၂ သူ့ကို ပြောရမှာက–
“‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်၊ “အတက်ဆိုတဲ့+ နာမည်ကို ရထားတာ ဒီလူပဲ။ သူဟာ သူ့နေရာကနေ ပေါ်ထွက်လာမယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ကို တည်ဆောက်မယ်။+ ၁၃ ယေဟောဝါရဲ့ ဗိမာန်တော်ကို သူတည်ဆောက်မယ်။ ခံ့ညားထည်ဝါမှုကို ပိုင်ဆိုင်မယ်။ ရာဇပလ္လင်ပေါ်မှာ ထိုင်ပြီး ဘုရင်အဖြစ် အုပ်စိုးမယ်။ ရာဇပလ္လင်ပေါ်မှာ ထိုင်တဲ့ ပုရောဟိတ်လည်း ဖြစ်လာမယ်။+ အဲဒီတာဝန်နှစ်ခုစလုံးကို သူထမ်းဆောင်တဲ့အခါ ငြိမ်းချမ်းညီညွတ်လိမ့်မယ်။ ၁၄ အဲဒီသရဖူက ဟေလင်၊ တောဘိယ၊ ယေဒါယနဲ့+ ဇေဖနိရဲ့သား ဟေနတို့လုပ်ဆောင်ခဲ့တာတွေကို ပြန်အောက်မေ့စေတဲ့အရာအဖြစ် ယေဟောဝါရဲ့ ဗိမာန်တော်မှာ ရှိနေမယ်။ ၁၅ ရပ်ဝေးမှာရှိတဲ့လူတွေ ရောက်လာပြီး ယေဟောဝါရဲ့ဗိမာန်တော် တည်ဆောက်ရေးမှာ ပါဝင်ကြလိမ့်မယ်။” ယေဟောဝါဘုရားရဲ့ စကားကို ခင်ဗျားတို့ နားထောင်မယ်ဆိုရင် ကျွန်တော့်ကို စေလွှတ်တဲ့သူဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပဲဆိုတာ ခင်ဗျားတို့ သိရလိမ့်မယ်။’”