ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၁၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • ပြည်နှင်ခံရမယ့်အကြောင်း သရုပ်ပြ၊ ကြိုဟော (၁-၂၀)

        • ပြည်နှင်ခံရသူလို အထုပ်အပိုး သယ်ထုတ်  (၁-၇)

        • မင်းညီမင်းသားတွေ အမှောင်ထဲမှာ ထွက်သွား (၈-၁၆)

        • ကြောက်ကြောက်နဲ့စား၊ ချောက်ချားတဲ့စိတ်နဲ့သောက် (၁၇-၂၀)

      • အလိမ်အညာစကားတွေ ဖြစ်မလာ (၂၁-၂၈)

        • “ငါပြောသမျှ မနှောင့်နှေးဘဲ ပြည့်စုံလာမယ်” (၂၈)

ယေဇကျေလ ၁၂:၂

ကျမ်းညွှန်းများ

  • +ရှာ ၆:၉၊ ၁၀; ယေ ၅:၂၁; ရ ၁၁:၈
  • +ယဇ ၂:၃၊ ၅

ယေဇကျေလ ၁၂:၄

ကျမ်းညွှန်းများ

  • +၂ရ ၃၆:၂၀; ယေ ၅၂:၁၀၊ ၁၁

ယေဇကျေလ ၁၂:၅

ကျမ်းညွှန်းများ

  • +၂ဘု ၂၅:၄

ယေဇကျေလ ၁၂:၆

ကျမ်းညွှန်းများ

  • +ရှာ ၈:၁၈; ယဇ ၄:၃; ၂၄:၂၄

ယေဇကျေလ ၁၂:၁၀

ကျမ်းညွှန်းများ

  • +ယေ ၂၁:၇; ယဇ ၂၁:၂၅

ယေဇကျေလ ၁၂:၁၁

ကျမ်းညွှန်းများ

  • +ယဇ ၂၄:၂၄
  • +ယေ ၅၂:၁၅

ယေဇကျေလ ၁၂:၁၂

ကျမ်းညွှန်းများ

  • +၂ဘု ၂၅:၄; ယေ ၃၉:၄

ယေဇကျေလ ၁၂:၁၃

ကျမ်းညွှန်းများ

  • +ယေ ၅၂:၉; ယဇ ၁၇:၂၀၊ ၂၁
  • +၂ဘု ၂၅:၆၊ ၇; ယေ ၃၄:၃; ၅၂:၁၁; ယဇ ၁၇:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၅/၂၀၁၇၊ စာ. ၅

ယေဇကျေလ ၁၂:၁၄

ကျမ်းညွှန်းများ

  • +၂ဘု ၂၅:၅
  • +ဝ ၂၆:၃၃; ယေ ၄၂:၁၅၊ ၁၆

ယေဇကျေလ ၁၂:၁၈

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၆

ယေဇကျေလ ၁၂:၁၉

ကျမ်းညွှန်းများ

  • +ဆ ၁၀၇:၃၃၊ ၃၄; ယေ ၆:၇
  • +ရှာ ၆:၁၁; ဇာ ၇:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ စာ. ၅၃

ယေဇကျေလ ၁၂:၂၀

ကျမ်းညွှန်းများ

  • +ရှာ ၆၄:၁၀; ယေ ၂၅:၉
  • +ယဇ ၆:၁၃

ယေဇကျေလ ၁၂:၂၂

ကျမ်းညွှန်းများ

  • +ရှာ ၅:၁၉; အ ၆:၃; ၂ပေ ၃:၃၊ ၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ စာ. ၅၃

ယေဇကျေလ ၁၂:၂၃

ကျမ်းညွှန်းများ

  • +ယလ ၂:၁; ဇေ ၁:၁၄

ယေဇကျေလ ၁၂:၂၄

ကျမ်းညွှန်းများ

  • +ယေ ၁၄:၁၄; မတ ၂:၁၄; ယဇ ၁၃:၂၃

ယေဇကျေလ ၁၂:၂၅

ကျမ်းညွှန်းများ

  • +မတ ၂:၁၇; ဇာ ၁:၆
  • +ယေ ၁၆:၉; ဟဗ ၁:၅

ယေဇကျေလ ၁၂:၂၇

ကျမ်းညွှန်းများ

  • +ရှာ ၅:၁၉; ၂၈:၁၅; ၂ပေ ၃:၃၊ ၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၁၂:၂ရှာ ၆:၉၊ ၁၀; ယေ ၅:၂၁; ရ ၁၁:၈
ယေဇ. ၁၂:၂ယဇ ၂:၃၊ ၅
ယေဇ. ၁၂:၄၂ရ ၃၆:၂၀; ယေ ၅၂:၁၀၊ ၁၁
ယေဇ. ၁၂:၅၂ဘု ၂၅:၄
ယေဇ. ၁၂:၆ရှာ ၈:၁၈; ယဇ ၄:၃; ၂၄:၂၄
ယေဇ. ၁၂:၁၀ယေ ၂၁:၇; ယဇ ၂၁:၂၅
ယေဇ. ၁၂:၁၁ယဇ ၂၄:၂၄
ယေဇ. ၁၂:၁၁ယေ ၅၂:၁၅
ယေဇ. ၁၂:၁၂၂ဘု ၂၅:၄; ယေ ၃၉:၄
ယေဇ. ၁၂:၁၃ယေ ၅၂:၉; ယဇ ၁၇:၂၀၊ ၂၁
ယေဇ. ၁၂:၁၃၂ဘု ၂၅:၆၊ ၇; ယေ ၃၄:၃; ၅၂:၁၁; ယဇ ၁၇:၁၆
ယေဇ. ၁၂:၁၄၂ဘု ၂၅:၅
ယေဇ. ၁၂:၁၄ဝ ၂၆:၃၃; ယေ ၄၂:၁၅၊ ၁၆
ယေဇ. ၁၂:၁၈ဝ ၂၆:၂၆
ယေဇ. ၁၂:၁၉ဆ ၁၀၇:၃၃၊ ၃၄; ယေ ၆:၇
ယေဇ. ၁၂:၁၉ရှာ ၆:၁၁; ဇာ ၇:၁၄
ယေဇ. ၁၂:၂၀ရှာ ၆၄:၁၀; ယေ ၂၅:၉
ယေဇ. ၁၂:၂၀ယဇ ၆:၁၃
ယေဇ. ၁၂:၂၂ရှာ ၅:၁၉; အ ၆:၃; ၂ပေ ၃:၃၊ ၄
ယေဇ. ၁၂:၂၃ယလ ၂:၁; ဇေ ၁:၁၄
ယေဇ. ၁၂:၂၄ယေ ၁၄:၁၄; မတ ၂:၁၄; ယဇ ၁၃:၂၃
ယေဇ. ၁၂:၂၅မတ ၂:၁၇; ဇာ ၁:၆
ယေဇ. ၁၂:၂၅ယေ ၁၆:၉; ဟဗ ၁:၅
ယေဇ. ၁၂:၂၇ရှာ ၅:၁၉; ၂၈:၁၅; ၂ပေ ၃:၃၊ ၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၁၂:၁-၂၈

ယေဇကျေလ

၁၂ ယေဟောဝါက ကျွန်တော့်ကို မိန့်မှာတယ်– ၂ “လူသား၊ မင်းဟာ ပုန်ကန်တတ်တဲ့ အမျိုးထဲမှာ နေထိုင်တယ်။ သူတို့ဟာ မျက်စိရှိပေမဲ့ မမြင်ကြဘူး။ နားရှိပေမဲ့ မကြားကြဘူး။+ ပုန်ကန်တတ်တဲ့အမျိုးပဲ။+ ၃ လူသား၊ ပြည်နှင်ခံရသူလို ထွက်သွားဖို့ အထုပ်အပိုးပြင်ပါ။ ပြီးတော့ သူတို့ကြည့်နေတုန်း ပြည်နှင်ခံရသူလို နေ့အချိန်မှာ ထွက်သွားပါ။ သူတို့ကြည့်နေတုန်း အိမ်ကနေ တခြားနေရာကို ထွက်သွားပါ။ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်ပေမဲ့ သတိပြုမိကောင်း ပြုမိလိမ့်မယ်။ ၄ သူတို့ကြည့်နေတုန်း ပြည်နှင်ခံရသူလို ထွက်သွားဖို့ မင်းပြင်ထားတဲ့ အထုပ်အပိုးကို နေ့အချိန်မှာ ထုတ်လာပါ။ ညနေစောင်းမှာ သူတို့ကြည့်နေတုန်း ပြည်နှင်ခံရသူလို ထွက်သွားပါ။+

၅ “သူတို့ကြည့်နေတုန်း နံရံမှာအပေါက်ဖောက်ပြီး မင်းရဲ့ပစ္စည်းတွေကို သယ်ထုတ်ပါ။+ ၆ သူတို့ကြည့်နေတုန်း မင်းရဲ့ပစ္စည်းတွေကို ထမ်းပြီး အမှောင်ထဲမှာ ထွက်သွားပါ။ မြေကို မမြင်ရအောင် မျက်နှာကို ဖုံးထားပါ။ ငါက မင်းကို အစ္စရေးအမျိုးအတွက် နိမိတ်ဖြစ်စေမယ်။”+

၇ ဒါနဲ့ ကျွန်တော်လည်း မိန့်မှာတဲ့အတိုင်း လုပ်တယ်။ ပြည်နှင်ခံရသူလို ထွက်သွားဖို့ ပြင်ထားတဲ့ အထုပ်အပိုးကို နေ့အချိန်မှာ ထုတ်လာတယ်။ ညနေစောင်းမှာ နံရံကို လက်နဲ့ဖောက်တယ်။ မှောင်လာတဲ့အခါ အထုပ်အပိုးကို သယ်ထုတ်ပြီး သူတို့ရှေ့မှာပဲ ထမ်းသွားတယ်။

၈ မနက်ရောက်တော့ ယေဟောဝါဘုရားက ကျွန်တော့်ကို ပြောတယ်– ၉ “လူသား၊ ပုန်ကန်တတ်တဲ့ အစ္စရေးအမျိုးက ‘မင်း ဘာလုပ်နေတာလဲ’ လို့မေးကြတယ် မဟုတ်လား။ ၁၀ သူတို့ကို ပြောရမှာက ‘“ဒီသတင်းစကားဟာ ဂျေရုဆလင်မှာရှိတဲ့ ခေါင်းဆောင်နဲ့ရော+ မြို့ထဲမှာရှိတဲ့ အစ္စရေးတစ်မျိုးလုံးနဲ့ပါ သက်ဆိုင်တယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။’

၁၁ “မင်းဟာ နိမိတ်ပဲ။+ မင်းလုပ်ပြတဲ့အတိုင်း သူတို့ကြုံရမယ်။ သူတို့ ပြည်နှင်ခံရပြီး သုံ့ပန်းဘဝ ရောက်သွားမယ်။+ ၁၂ သူတို့ခေါင်းဆောင်က ပစ္စည်းတွေကို ထမ်းပြီး အမှောင်ထဲမှာ ထွက်သွားရလိမ့်မယ်။ နံရံကို ဖောက်ပြီး ပစ္စည်းတွေကို သယ်ထုတ်ရလိမ့်မယ်။+ မြေကို မမြင်ရအောင် မျက်နှာကို ဖုံးထားလိမ့်မယ်။ ၁၃ ငါက သူ့ကို ပိုက်ကွန်နဲ့ အုပ်မှာဖြစ်လို့ သူမိသွားမယ်။+ အဲဒီနောက် သူ့ကို ခါလဒဲပြည်၊ ဗာဗုလုန်ကို ခေါ်သွားမယ်။ ဒါပေမဲ့ အဲဒီပြည်ကို သူမြင်ရမှာ မဟုတ်ဘူး။ အဲဒီမှာပဲ သေဆုံးသွားမယ်။+ ၁၄ ပတ်ဝန်းကျင်လူတွေ၊ သူ့ကိုကူညီပေးသူတွေ၊ သူ့စစ်တပ်တွေကို အရပ်ရပ် ကွဲလွင့်စေမယ်။+ ဓားကို ဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+ ၁၅ သူတို့ကို လူမျိုးခြားတွေအလယ်မှာ၊ တိုင်းပြည်တွေအလယ်မှာ ကွဲလွင့်စေတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။ ၁၆ ဒါပေမဲ့ တချို့ကိုတော့ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကနေ လွတ်မြောက်စေမယ်။ ဒါမှ သူတို့ကျင့်ခဲ့တဲ့ ရွံစရာအကျင့်တွေကို သူတို့ရောက်သွားမယ့် လူမျိုးတွေအလယ်မှာ ပြောပြနိုင်လိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။”

၁၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၈ “လူသား၊ မင်းက အစာကို ကြောက်ကြောက်နဲ့ စားပါ။ ရေကိုလည်း စိုးရိမ်ချောက်ချားတဲ့စိတ်နဲ့ သောက်ပါ။+ ၁၉ ပြီးတော့ ပြည်သူပြည်သားတွေကို ပြောလိုက်– ‘အစ္စရေးပြည်မှာရှိတဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “သူတို့ဟာ အစာကို စိုးရိမ်တကြီးနဲ့ စားပြီး ရေကို ကြောက်ကြောက်နဲ့ သောက်ရလိမ့်မယ်။ ပြည်သားတွေရဲ့ အကြမ်းဖက်မှုကြောင့်+ တိုင်းပြည်ဟာ လူသူကင်းမဲ့သွားမယ်။+ ၂၀ လူနေထိုင်ရာမြို့တွေ ဖျက်ဆီးခံရမယ်။ တိုင်းပြည်ဟာ လွင်တီးခေါင် ဖြစ်သွားမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။”’”+

၂၁ ယေဟောဝါက ကျွန်တော့်ကို ဆက်ပြောတယ်– ၂၂ “လူသား၊ ‘နေ့တွေသာ ကုန်သွားတယ်။ စိတ်အာရုံတစ်ခုမှ တကယ်ဖြစ်မလာဘူး’ ဆိုတဲ့ ဆိုရိုးစကားကို အစ္စရေးပြည်မှာ ဘာလို့ပြောနေကြတာလဲ။+ ၂၃ ‘“ဒီဆိုရိုးစကားကို ငါပပျောက်စေမယ်။ အစ္စရေးပြည်မှာ ဒီဆိုရိုးစကားကို ပြောကြတော့မှာ မဟုတ်ဘူး။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ’ ဆိုပြီး သူတို့ကို ပြောလိုက်ပါ။ ‘အဲဒီနေ့တွေ နီးလာပြီ။+ စိတ်အာရုံမှန်သမျှ ပြည့်စုံတော့မယ်’ လို့လည်း ပြောလိုက်ပါ။ ၂၄ အစ္စရေးအမျိုးမှာ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ၊ နတ်ဆိုးပညာနဲ့ မြှောက်ပင့်ဟောတာတွေ ရှိတော့မှာ မဟုတ်ဘူး။+ ၂၅ ‘“ငါယေဟောဝါ ပြောမယ်။ ပြောသမျှ မနှောင့်နှေးဘဲ ပြည့်စုံလာမယ်။+ ပုန်ကန်တတ်တဲ့အမျိုး၊ မင်းတို့လက်ထက်မှာ+ ငါပြောမယ်။ ပြောတဲ့အတိုင်း လုပ်မယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။’”

၂၆ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၇ “လူသား၊ အစ္စရေးတွေက ‘သူမြင်တဲ့စိတ်အာရုံ ပြည့်စုံဖို့ အဝေးကြီး လိုပါသေးတယ်။ ဟိုးအနာဂတ်အကြောင်း သူပရောဖက်ပြုနေတာပါ’ လို့ မင်းနဲ့ပတ်သက်ပြီး ပြောကြတယ်။+ ၂၈ ဒါကြောင့် ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “‘ငါပြောသမျှ မနှောင့်နှေးဘဲ ပြည့်စုံလာမယ်။ ပြောသမျှ ပြည့်စုံလာမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ”’ ဆိုပြီး သူတို့ကို ပြောပါ။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ