ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ဘုရင်များ မာတိကာ

      • ဟေဇကိ ဖျားနာ၊ ပြန်ကောင်းလာ (၁-၁၁)

      • ဗာဗုလုန်ကနေ တမန်တွေရောက်လာ (၁၂-၁၉)

      • ဟေဇကိကွယ်လွန် (၂၀၊ ၂၁)

၂ ဘုရင်များ ၂၀:၁

ကျမ်းညွှန်းများ

  • +၂ရ ၃၂:၂၄
  • +ရှာ ၃၈:၁-၃

၂ ဘုရင်များ ၂၀:၃

ကျမ်းညွှန်းများ

  • +၂ရ ၃၁:၂၀၊ ၂၁; ဆ ၂၅:၇; ၁၁၉:၄၉

၂ ဘုရင်များ ၂၀:၄

ကျမ်းညွှန်းများ

  • +ရှာ ၃၈:၄-၆

၂ ဘုရင်များ ၂၀:၅

ကျမ်းညွှန်းများ

  • +ဆ ၃၉:၁၂
  • +တရ ၃၂:၃၉; ဆ ၄၁:၃; ၁၀၃:၃; ၁၄၇:၃
  • +ဆ ၆၆:၁၃; ၁၁၆:၁၂-၁၄

၂ ဘုရင်များ ၂၀:၆

ကျမ်းညွှန်းများ

  • +၂ရ ၃၂:၂၂; ရှာ ၁၀:၂၄
  • +၂ဘု ၁၉:၃၄; ရှာ ၃၇:၃၅

၂ ဘုရင်များ ၂၀:၇

ကျမ်းညွှန်းများ

  • +ရှာ ၃၈:၂၁၊ ၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁၅/၂၀၀၃၊ စာ. ၂၅

၂ ဘုရင်များ ၂၀:၈

ကျမ်းညွှန်းများ

  • +သူ ၆:၁၇; ရှာ ၇:၁၁

၂ ဘုရင်များ ၂၀:၉

အောက်ခြေမှတ်ချက်များ

  • *

    နေနာရီလိုမျိုး အချိန်တွက်ချက်ရာမှာသုံးတဲ့ လှေကားထစ်ဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +ရှာ ၃၈:၇၊ ၈

၂ ဘုရင်များ ၂၀:၁၁

ကျမ်းညွှန်းများ

  • +ယရ ၁၀:၁၂; ၂ရ ၃၂:၃၁

၂ ဘုရင်များ ၂၀:၁၂

ကျမ်းညွှန်းများ

  • +ရှာ ၃၉:၁၊ ၂

၂ ဘုရင်များ ၂၀:၁၃

ကျမ်းညွှန်းများ

  • +၂ရ ၃၂:၂၇

၂ ဘုရင်များ ၂၀:၁၄

ကျမ်းညွှန်းများ

  • +ရှာ ၃၉:၃၊ ၄

၂ ဘုရင်များ ၂၀:၁၆

ကျမ်းညွှန်းများ

  • +ရှာ ၃၉:၅-၇

၂ ဘုရင်များ ၂၀:၁၇

ကျမ်းညွှန်းများ

  • +၂ဘု ၂၄:၁၂၊ ၁၃; ၂၅:၁၃; ၂ရ ၃၆:၇၊ ၁၈; ယေ ၂၇:၂၁၊ ၂၂; ဒံ ၁:၂

၂ ဘုရင်များ ၂၀:၁၈

ကျမ်းညွှန်းများ

  • +၂ဘု ၂၄:၁၂
  • +ဒံ ၁:၁၉; ၂:၄၉

၂ ဘုရင်များ ၂၀:၁၉

ကျမ်းညွှန်းများ

  • +ဆ ၁၄၁:၅
  • +ရှာ ၃၉:၈

၂ ဘုရင်များ ၂၀:၂၀

ကျမ်းညွှန်းများ

  • +ယဟ ၉:၁၁
  • +၂ရ ၃၂:၃၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁/၂၀၀၉၊ စာ. ၂၇

    ၆/၁၅/၁၉၉၇၊ စာ. ၉-၁၀

    ၈/၁၅/၁၉၉၆၊ စာ. ၅-၆

၂ ဘုရင်များ ၂၀:၂၁

ကျမ်းညွှန်းများ

  • +၁ဘု ၂:၁၀
  • +၂ဘု ၂၁:၁၆; ၂၃:၂၆; ၂ရ ၃၃:၁၁-၁၃
  • +၂ရ ၃၂:၃၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ဘု. ၂၀:၁၂ရ ၃၂:၂၄
၂ ဘု. ၂၀:၁ရှာ ၃၈:၁-၃
၂ ဘု. ၂၀:၃၂ရ ၃၁:၂၀၊ ၂၁; ဆ ၂၅:၇; ၁၁၉:၄၉
၂ ဘု. ၂၀:၄ရှာ ၃၈:၄-၆
၂ ဘု. ၂၀:၅ဆ ၃၉:၁၂
၂ ဘု. ၂၀:၅တရ ၃၂:၃၉; ဆ ၄၁:၃; ၁၀၃:၃; ၁၄၇:၃
၂ ဘု. ၂၀:၅ဆ ၆၆:၁၃; ၁၁၆:၁၂-၁၄
၂ ဘု. ၂၀:၆၂ရ ၃၂:၂၂; ရှာ ၁၀:၂၄
၂ ဘု. ၂၀:၆၂ဘု ၁၉:၃၄; ရှာ ၃၇:၃၅
၂ ဘု. ၂၀:၇ရှာ ၃၈:၂၁၊ ၂၂
၂ ဘု. ၂၀:၈သူ ၆:၁၇; ရှာ ၇:၁၁
၂ ဘု. ၂၀:၉ရှာ ၃၈:၇၊ ၈
၂ ဘု. ၂၀:၁၁ယရ ၁၀:၁၂; ၂ရ ၃၂:၃၁
၂ ဘု. ၂၀:၁၂ရှာ ၃၉:၁၊ ၂
၂ ဘု. ၂၀:၁၃၂ရ ၃၂:၂၇
၂ ဘု. ၂၀:၁၄ရှာ ၃၉:၃၊ ၄
၂ ဘု. ၂၀:၁၆ရှာ ၃၉:၅-၇
၂ ဘု. ၂၀:၁၇၂ဘု ၂၄:၁၂၊ ၁၃; ၂၅:၁၃; ၂ရ ၃၆:၇၊ ၁၈; ယေ ၂၇:၂၁၊ ၂၂; ဒံ ၁:၂
၂ ဘု. ၂၀:၁၈၂ဘု ၂၄:၁၂
၂ ဘု. ၂၀:၁၈ဒံ ၁:၁၉; ၂:၄၉
၂ ဘု. ၂၀:၁၉ဆ ၁၄၁:၅
၂ ဘု. ၂၀:၁၉ရှာ ၃၉:၈
၂ ဘု. ၂၀:၂၀ယဟ ၉:၁၁
၂ ဘု. ၂၀:၂၀၂ရ ၃၂:၃၀
၂ ဘု. ၂၀:၂၁၁ဘု ၂:၁၀
၂ ဘု. ၂၀:၂၁၂ဘု ၂၁:၁၆; ၂၃:၂၆; ၂ရ ၃၃:၁၁-၁၃
၂ ဘု. ၂၀:၂၁၂ရ ၃၂:၃၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ဘုရင်များ ၂၀:၁-၂၁

၂ ဘုရင်များ

၂၀ အဲဒီအချိန်မှာ  ဟေဇကိမင်းဟာ သေလုမြောပါး ဖျားနေတယ်။+ အာမွတ်ရဲ့သား ပရောဖက်ဟေရှာယ ရောက်လာပြီး “ယေဟောဝါဘုရား  ပြောတာက  ‘မင်း  ပြန်နေကောင်းလာမှာ မဟုတ်ဘူး၊ သေရလိမ့်မယ်။ ဒါကြောင့် မိသားစုဝင်တွေကို မှာစရာရှိတာ  မှာခဲ့ပါ’”+  ဆိုပြီးပြောတယ်။ ၂ ဒါနဲ့ ဟေဇကိက နံရံဘက်လှည့်ပြီး ယေဟောဝါကို  ဆုတောင်းတယ်– ၃ “ယေဟောဝါဘုရား၊  ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ဟာ ရှေ့တော်မှာ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိ လျှောက်လှမ်းခဲ့တာ၊ ကောင်းတာတွေပဲ လုပ်ဆောင်ခဲ့တာကို သတိရပေးပါ”+ လို့ အသနားခံပြီး ရှိုက်ကြီးတငင် ငိုတယ်။

၄ နန်းတော်ရဲ့  အလယ်ရင်ပြင်ကို ဟေရှာယ မဖြတ်ကျော်ခင်မှာပဲ ယေဟောဝါက သူ့ကို၊+ ၅ “ငါ့လူမျိုးရဲ့ခေါင်းဆောင် ဟေဇကိဆီ ပြန်သွားပြီး  ပြောလိုက်ပါ။  ‘ဘိုးဘေးဒါဝိဒ်ရဲ့ဘုရား ယေဟောဝါပြောတာက– “မင်းရဲ့ဆုတောင်းသံကို ငါကြားတယ်။ မင်းရဲ့မျက်ရည်ကိုလည်း ငါမြင်တယ်။+ အခု မင်းရဲ့ရောဂါပျောက်ကင်းအောင် လုပ်ပေးမယ်။+  သုံးရက်ကြာရင်  ယေဟောဝါရဲ့အိမ်တော်ကို မင်း တက်သွားရလိမ့်မယ်။+ ၆ မင်းရဲ့သက်တမ်းကို နောက်ထပ် ၁၅ နှစ် ငါတိုးပေးမယ်။ မင်းနဲ့ဒီမြို့ကို အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်မယ်။+ ငါ့နာမည်အတွက်၊ ငါ့ကျွန်ဒါဝိဒ်အတွက် ဒီမြို့ကို ကာကွယ်ပေးမယ်”’”+ လို့ပြောတယ်။

၇ ဟေရှာယက “သဖန်းသီးပျဉ်ကို ယူလာခဲ့” လို့ပြောတယ်။ သူတို့လည်း ယူလာပြီး ဟေဇကိရဲ့ အနာစိမ်းပေါ် အုံပေးလိုက်တဲ့အတွက် တဖြည်းဖြည်း ပြန်သက်သာလာတယ်။+

၈ ဟေဇကိက  “ဒီရောဂါကို ယေဟောဝါဘုရား  ပျောက်ကင်းစေမယ်၊ သုံးရက်ကြာရင်  ယေဟောဝါရဲ့အိမ်တော်ကို ကျုပ်တက်သွားနိုင်မယ်ဆိုတဲ့ အထောက်အထားများ ရှိသလား”+ လို့မေးတော့၊ ၉ ဟေရှာယက “ယေဟောဝါဟာ  ပြောတဲ့အတိုင်း  လုပ်ဆောင်မယ်ဆိုတာ မင်းကြီးသိအောင်ပြမယ်။ ယေဟောဝါပေးတဲ့ အထောက်အထားကတော့ လှေကားထစ်ပေါ်က* နေရိပ်ကို ဆယ်ထစ် ရှေ့တိုးစေချင်သလား၊ ဆယ်ထစ် နောက်ဆုတ်စေချင်သလား”+ လို့မေးတယ်။ ၁၀ ဒါနဲ့ ဟေဇကိက “နေရိပ်ဟာ ဆယ်ထစ်ရှေ့တိုးဖို့  လွယ်ပါတယ်။  ဒီတော့ ဆယ်ထစ် နောက်ဆုတ်စေချင်တယ်” လို့ဖြေတယ်။ ၁၁ ဒါနဲ့ ပရောဖက်ဟေရှာယက ယေဟောဝါဆီ ဆုတောင်းလိုက်တဲ့အခါ အာခတ်မင်းရဲ့ လှေကားထစ်တွေပေါ် ကျနေတဲ့ နေရိပ်ဟာ ဆယ်ထစ် နောက်ဆုတ်သွားတယ်။+

၁၂ ဟေဇကိမင်း နာမကျန်းဖြစ်တာကို ကြားတဲ့အခါ ဗာလဒန်မင်းရဲ့သား၊ ဗာဗုလုန်ဘုရင် မေရောဒဗာလဒန်က သဝဏ်လွှာတွေ၊ လက်ဆောင်တွေ ပါးလိုက်တယ်။+ ၁၃ ဟေဇကိက တမန်တွေကိုကြိုဆိုပြီး ရွှေငွေ၊ ဗာလစံဆီမွှေး၊ အဖိုးတန်ဆီ၊ လက်နက်တိုက်နဲ့ ဘဏ္ဍာတိုက်တွေထဲမှာ ရှိသမျှကို လိုက်ပြတယ်။+ နန်းတော်နဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ရှိတာတွေကို တစ်ခုမကျန် လိုက်ပြတယ်။

၁၄ အဲဒီနောက်  ပရောဖက်ဟေရှာယ ရောက်လာပြီး “ဒီလူတွေ ဘယ်ကလာတာလဲ။ ဘာပြောသွားလဲ” လို့မေးတော့ ဟေဇကိမင်းက “ဝေးလံတဲ့ ဗာဗုလုန်ပြည်ကနေ  လာကြတာ”+  လို့ဖြေတယ်။ ၁၅ “နန်းတော်ထဲက ဘာတွေကို တွေ့သွားလဲ” လို့ဆက်မေးတဲ့အခါ ဟေဇကိမင်းက “နန်းတော်မှာ ရှိသမျှကို  တွေ့သွားတယ်။  စည်းစိမ်ဘဏ္ဍာတွေကို တစ်ခုမကျန် ပြလိုက်တယ်” လို့ဖြေတယ်။

၁၆ ဒါနဲ့ ဟေရှာယက “ယေဟောဝါဘုရား ပြောတာကို နားထောင်ပါ။+ ၁၇ ယေဟောဝါဘုရား  ပြောတာက ‘မင်းရဲ့နန်းတော်မှာရှိသမျှ၊ ဒီနေ့အထိ ဘိုးဘေးတွေ စုဆောင်းခဲ့သမျှကို ဗာဗုလုန်ဆီ သိမ်းယူသွားမယ့်နေ့ ရောက်လာမယ်။+ ဘာတစ်ခုမှ ကျန်မှာမဟုတ်ဘူး။ ၁၈ မင်းကနေ  ဆင်းသက်လာမယ့် သားမြေးတွေကို ဖမ်းသွားမယ်။+ သူတို့ဟာ ဗာဗုလုန်ဘုရင်ရဲ့ နန်းတော်မှာ နန်းတွင်းအရာရှိတွေ ဖြစ်လာမယ်’”+ လို့ပြောတယ်။

၁၉ အဲဒီအခါ ဟေဇကိက  “ယေဟောဝါဘုရား ပြောခိုင်းလိုက်တဲ့ စကားတွေ သင့်လျော်ပါတယ်။+ ကျုပ်လက်ထက်မှာ တိုင်းပြည် ငြိမ်းချမ်းပြီး တည်ငြိမ်နေရင် ပြီးတာပဲ”+ ဆိုပြီး ဟေရှာယကို ပြောတယ်။

၂၀ ဟေဇကိရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ စွမ်းဆောင်ချက်တွေ၊ ရေလှောင်ကန်နဲ့+ ရေသွယ်ပြွန်လုပ်ပြီး မြို့ထဲရေသွင်းပုံတွေကို+ ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၁ နောက်ပိုင်း ဟေဇကိ ကွယ်လွန်သွားတဲ့အတွက်+ သားတော်မနာရှေက+ ထီးနန်းဆက်ခံတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ