ဆာလံ
အာသပ်စပ်ဆိုတဲ့သီချင်း။+
၇၉ အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ အမွေမြေကို လူမျိုးခြားတွေ ကျူးကျော်နေပြီ။+
သန့်ရှင်းတဲ့ ဗိမာန်တော်ကို ညစ်ညူးစေပြီ။+
ဂျေရုဆလင်မြို့ကို အပျက်အယွင်းပုံကြီး ဖြစ်စေပြီ။+
၂ ကိုယ်တော့်ကျွန်တွေရဲ့ အလောင်းကို ငှက်တွေစားဖို့၊
သစ္စာစောင့်သိသူတွေရဲ့ အသားကို မြေပေါ်က သားရဲတွေ စားဖို့ ကျွေးပစ်ကြပြီ။+
၃ ဒီလူတွေရဲ့ သွေးကို ဂျေရုဆလင်မြို့ ပတ်လည်မှာ ရေလို သွန်ပစ်ကြပြီ။
အလောင်းတွေကို သင်္ဂြိုဟ်မယ့်သူ တစ်ယောက်မှ မကျန်တော့ဘူး။+
၄ ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်နေပြီ။+
ပတ်ဝန်းကျင်ကလူတွေ လှောင်ပြောင်သရော်နေကြပြီ။
၅ ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာ အမျက်ထွက်နေမှာလဲ။ ထာဝစဉ်ပဲလား။+
ဘယ်လောက်ကြာကြာ ဒေါသမီး တောက်လောင်နေမှာလဲ။+
၆ ကိုယ်တော့်ကို အရေးမစိုက်တဲ့ လူမျိုးတွေအပေါ်၊
နာမတော်ကိုခေါ်ပြီး ဆုမတောင်းတဲ့ နိုင်ငံတွေအပေါ် အမျက်တော် သွန်းလောင်းလိုက်ပါ။+
၇ သူတို့က ယာကုပ်ကို ဝါးမျိုပစ်လို့ပါ။
သူ့ရဲ့မွေးရပ်မြေကို လူသူကင်းမဲ့စေလို့ပါ။+
၈ ဘိုးဘေးတွေရဲ့ အမှားတွေအတွက် ကျွန်တော်တို့ မပေးဆပ်ပါရစေနဲ့။+
တအားနှိမ့်ချခံနေရလို့ အမြန်ဆုံး ကရုဏာပြလှည့်ပါ။+
နာမတော်ကို ထောက်ပြီး ကယ်မပေးပါ၊ အပြစ်တွေကို ခွင့်လွှတ်ပေးပါ။+
၁၀ “သူတို့ဘုရားသခင် ဘယ်မှာလဲ”လို့ လူမျိုးခြားတွေ ဘာလို့ပြောရမှာလဲ။+
ကျွန်တော်မျိုးတို့ရဲ့ သွေးအတွက် သူတို့လက်စားချေခံရတာကို မြင်ပါရစေ။+
၁၁ အကျဉ်းသားတွေရဲ့ သက်ပြင်းချသံကို ကိုယ်တော် ကြားပါစေ။+
သေဒဏ်စီရင်ခံရသူတွေကို ကြီးမားလှတဲ့ တန်ခိုးတော်နဲ့ အသက်ဆက်ရှင်စေပါ။*+
၁၃ အဲဒီအခါ ကိုယ်တော်ရဲ့လူတွေ၊ ကိုယ်တော့်စားကျက်ထဲက သိုးတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ+
ကိုယ်တော့်ကို ထာဝစဉ် ကျေးဇူးတင်ချီးမွမ်းပါ့မယ်။
ချီးမွမ်းစကားတွေကို လူမျိုးအဆက်ဆက် ကြေညာပါ့မယ်။+