ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၁၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • ကပ်ဘေး ၈– ကျိုင်းကောင် (၁-၂၀)

      • ကပ်ဘေး ၉– အမှောင်ထု (၂၁-၂၉)

ထွက်မြောက်ရာ ၁၀:၁

ကျမ်းညွှန်းများ

  • +ထွ ၄:၂၁; ၉:၃၄
  • +ထွ ၉:၁၅၊ ၁၆; ဆ ၇၈:၁၂; ရ ၉:၁၇

ထွက်မြောက်ရာ ၁၀:၂

ကျမ်းညွှန်းများ

  • +ထွ ၁၃:၃၊ ၈; တရ ၄:၉; ၆:၂၀-၂၂; ဆ ၄၄:၁

ထွက်မြောက်ရာ ၁၀:၃

ကျမ်းညွှန်းများ

  • +ထွ ၉:၁၇

ထွက်မြောက်ရာ ၁၀:၅

ကျမ်းညွှန်းများ

  • +ထွ ၉:၃၁၊ ၃၂

ထွက်မြောက်ရာ ၁၀:၆

ကျမ်းညွှန်းများ

  • +ထွ ၉:၂၄

ထွက်မြောက်ရာ ၁၀:၉

ကျမ်းညွှန်းများ

  • +ထွ ၃:၁၈; ၅:၁
  • +ထွ ၁၀:၂၅၊ ၂၆

ထွက်မြောက်ရာ ၁၀:၁၀

ကျမ်းညွှန်းများ

  • +ထွ ၁၂:၃၁၊ ၃၂

ထွက်မြောက်ရာ ၁၀:၁၄

ကျမ်းညွှန်းများ

  • +ဆ ၇၈:၄၆
  • +ထွ ၁၀:၅; ဆ ၁၀၅:၃၄၊ ၃၅

ထွက်မြောက်ရာ ၁၀:၁၈

ကျမ်းညွှန်းများ

  • +ထွ ၈:၃၀၊ ၃၁

ထွက်မြောက်ရာ ၁၀:၂၀

ကျမ်းညွှန်းများ

  • +ထွ ၇:၃; ၁၁:၁၀; ရ ၉:၁၇၊ ၁၈

ထွက်မြောက်ရာ ၁၀:၂၂

ကျမ်းညွှန်းများ

  • +ဆ ၁၀၅:၂၈

ထွက်မြောက်ရာ ၁၀:၂၃

ကျမ်းညွှန်းများ

  • +ထွ ၈:၂၁၊ ၂၂; ၉:၃၊ ၆၊ ၂၆; ၁၁:၇; ၁၂:၁၃

ထွက်မြောက်ရာ ၁၀:၂၄

ကျမ်းညွှန်းများ

  • +ထွ ၈:၂၈; ၉:၂၈

ထွက်မြောက်ရာ ၁၀:၂၅

ကျမ်းညွှန်းများ

  • +ထွ ၃:၁၈; ၅:၃

ထွက်မြောက်ရာ ၁၀:၂၇

ကျမ်းညွှန်းများ

  • +ထွ ၄:၂၁; ၁၄:၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၁၀:၁ထွ ၄:၂၁; ၉:၃၄
ထွ. ၁၀:၁ထွ ၉:၁၅၊ ၁၆; ဆ ၇၈:၁၂; ရ ၉:၁၇
ထွ. ၁၀:၂ထွ ၁၃:၃၊ ၈; တရ ၄:၉; ၆:၂၀-၂၂; ဆ ၄၄:၁
ထွ. ၁၀:၃ထွ ၉:၁၇
ထွ. ၁၀:၅ထွ ၉:၃၁၊ ၃၂
ထွ. ၁၀:၆ထွ ၉:၂၄
ထွ. ၁၀:၉ထွ ၃:၁၈; ၅:၁
ထွ. ၁၀:၉ထွ ၁၀:၂၅၊ ၂၆
ထွ. ၁၀:၁၀ထွ ၁၂:၃၁၊ ၃၂
ထွ. ၁၀:၁၄ဆ ၇၈:၄၆
ထွ. ၁၀:၁၄ထွ ၁၀:၅; ဆ ၁၀၅:၃၄၊ ၃၅
ထွ. ၁၀:၁၈ထွ ၈:၃၀၊ ၃၁
ထွ. ၁၀:၂၀ထွ ၇:၃; ၁၁:၁၀; ရ ၉:၁၇၊ ၁၈
ထွ. ၁၀:၂၂ဆ ၁၀၅:၂၈
ထွ. ၁၀:၂၃ထွ ၈:၂၁၊ ၂၂; ၉:၃၊ ၆၊ ၂၆; ၁၁:၇; ၁၂:၁၃
ထွ. ၁၀:၂၄ထွ ၈:၂၈; ၉:၂၈
ထွ. ၁၀:၂၅ထွ ၃:၁၈; ၅:၃
ထွ. ၁၀:၂၇ထွ ၄:၂၁; ၁၄:၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၁၀:၁-၂၉

ထွက်မြောက်ရာ

၁၀ အဲဒီနောက် ယေဟောဝါက မောရှေကို “ဖာရောဆီ သွားပါ။ သူနဲ့ မင်းမှုထမ်းတွေ ခေါင်းမာတာကို ငါခွင့်ပြုထားတာက+ အံ့ဖွယ်အမှုတွေပြဖို့၊+ ၂ အီဂျစ်ပြည်ကို ငါပြင်းပြင်းထန်ထန် ဒဏ်ခတ်ခဲ့တဲ့အကြောင်း၊ ငါပြခဲ့တဲ့ အံ့ဖွယ်အမှုတွေအကြောင်း မင်းတို့သားမြေးတွေကို ပြောပြနိုင်ဖို့ပဲ။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ ကောင်းကောင်းသိရလိမ့်မယ်” လို့ပြောတယ်။

၃ မောရှေနဲ့ အာရုန်လည်း ဖာရောဆီ သွားပြောတယ်– “ဟီဘရူးတွေရဲ့ဘုရားသခင် ယေဟောဝါ ပြောတာက ‘ဘယ်အချိန်အထိ ငါ့ကို မနာခံဘဲနေဦးမှာလဲ။+ ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ။ ၄ မလွှတ်ပေးရင် မနက်ဖြန် မင်းရဲ့တိုင်းပြည်ဆီ ကျိုင်းကောင်တွေ လွှတ်လိုက်မယ်။ ၅ ကျိုင်းကောင်တွေ များလွန်းလို့ မြေပြင်ကိုတောင် မြင်ရမှာမဟုတ်ဘူး။ မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲ ကျန်ခဲ့သမျှကို ကျိုင်းကောင်တွေ စားပစ်လိမ့်မယ်။ လယ်ထဲက အပင်ရှိသမျှကိုလည်း စားပစ်လိမ့်မယ်။+ ၆ မင်းရဲ့နန်းဆောင်တွေ၊ မင်းမှုထမ်းတွေရဲ့အိမ်တွေ၊ အီဂျစ်တစ်ပြည်လုံးကအိမ်တွေမှာ ကျိုင်းကောင်တွေ ပြည့်နေမယ်။ မင်းရဲ့ဘိုးဘေးခေတ်ကစပြီး ဒီနေ့အထိ ဒီလောက်များတဲ့ကျိုင်းကောင်တွေကို တစ်ခါမှ မြင်ဖူးမှာမဟုတ်ဘူး။’”+ မောရှေက အဲဒီလိုပြောပြီး ဖာရောရှေ့ကနေ ထွက်သွားတယ်။

၇ အဲဒီအခါ ဖာရောရဲ့မင်းမှုထမ်းတွေက “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ကို ဒီလူ ဘယ်လောက်အထိ ဒုက္ခပေးနေဦးမှာလဲ။ သူတို့ရဲ့ဘုရား ယေဟောဝါကို ဝတ်ပြုဖို့ သူတို့ကို လွှတ်ပေးလိုက်ပါတော့။ အီဂျစ်ပြည် ပျက်စီးနေပြီဆိုတာ မင်းကြီးအသိပဲ မဟုတ်လား” ဆိုပြီးပြောကြတယ်။ ၈ ဒါကြောင့် ဖာရောက မောရှေနဲ့အာရုန်ကို ပြန်ခေါ်ပြီး “မင်းတို့ရဲ့ဘုရား ယေဟောဝါကို ဝတ်ပြုဖို့ သွားကြ။ ဒါနဲ့၊ ဘယ်သူတွေ သွားကြမှာလဲ” လို့မေးတယ်။ ၉ မောရှေက “ယေဟောဝါဘုရားအတွက် ပွဲတော်ကျင်းပမှာဖြစ်လို့+ လူကြီးလူငယ်၊ သားသမီး၊ သိုးနွားတိရစ္ဆာန်အားလုံး သွားမှဖြစ်မယ်”+ လို့ပြောတော့၊ ၁၀ ဖာရောက “မင်းတို့ကိုရော ကလေးတွေကိုပါ လွှတ်ပေးမှ ယေဟောဝါက မင်းတို့နဲ့အတူ ရှိမတဲ့လား။+ မဖြစ်နိုင်ဘူး။ မင်းတို့မှာမကောင်းတဲ့အကြံရှိနေမှန်း အသိသာကြီး။ ၁၁ ယေဟောဝါကို ဝတ်ပြုချင်တယ်ဆိုရင်လည်း ယောက်ျားတွေပဲ သွားကြ။ မင်းတို့ အဲဒီလိုပဲ တောင်းဆိုခဲ့တာ မဟုတ်လား” ဆိုပြီး သူတို့ကို မောင်းထုတ်တယ်။

၁၂ ယေဟောဝါက မောရှေကို “အီဂျစ်ပြည်အပေါ် လက်ကိုဆန့်လိုက်ပါ။ ကျိုင်းကောင်တွေ ရောက်လာပြီး မိုးသီးဒဏ်ကလွတ်လို့ ကျန်ခဲ့သမျှ အပင်အားလုံးကို စားပစ်လိမ့်မယ်” လို့ပြောတယ်။ ၁၃ မောရှေလည်း ချက်ချင်းပဲ အီဂျစ်ပြည်အပေါ် တောင်ဝှေးကို ဆန့်လိုက်တယ်။ ယေဟောဝါက အရှေ့လေကို အီဂျစ်ပြည်မှာ တစ်နေ့လုံး၊ တစ်ညလုံး တိုက်စေတယ်။ မနက်ကျတော့ ကျိုင်းကောင်တွေက အရှေ့လေနဲ့အတူ ရောက်လာပြီး၊ ၁၄ အီဂျစ်တစ်ပြည်လုံး ဖုံးလွှမ်းသွားတော့တယ်။+ ကျိုင်းကောင်ကပ်ဘေးဟာ ပြင်းထန်လွန်းတယ်။+ ဒီလောက်များတဲ့ ကျိုင်းကောင်တွေ အရင်တုန်းကမရှိခဲ့သလို နောင်လည်း ရှိမှာမဟုတ်ဘူး။ ၁၅ ကျိုင်းကောင်တွေ များလွန်းလို့ တစ်ပြည်လုံး မည်းနေတာပဲ။ မိုးသီးဒဏ်ကလွတ်လို့ ကျန်ခဲ့သမျှ သီးပင်စားပင်တွေကို စားပစ်ကြတယ်။ အီဂျစ်တစ်ပြည်လုံးမှာ အရွက်စိမ်းတွေ လုံးဝမကျန်တော့ဘူး။

၁၆ ဒါကြောင့် ဖာရောမင်းက မောရှေနဲ့အာရုန်ကို အမြန်ခေါ်ပြီး “မင်းတို့နဲ့ မင်းတို့ရဲ့ဘုရား ယေဟောဝါကို ငါပြစ်မှားမိပြီ။ ၁၇ ငါ့အပြစ်ကို ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ။ ဒီဘေးဆိုးကို ဖယ်ရှားပေးဖို့ မင်းတို့ရဲ့ဘုရား ယေဟောဝါဆီ အသနားခံပေးပါ” လို့ပြောတယ်။ ၁၈ မောရှေလည်း ဖာရောရှေ့ကနေ ထွက်သွားပြီး ယေဟောဝါဆီ အသနားခံတယ်။+ ၁၉ အဲဒီအခါ ယေဟောဝါက လေကြောင်းပြောင်းလိုက်တော့ အနောက်လေပြင်း တိုက်ခတ်လာတယ်။ ကျိုင်းကောင်တွေ လေနဲ့ပါသွားပြီး ပင်လယ်နီထဲ ကျကုန်တယ်။ တစ်ကောင်မှ မကျန်တော့ဘူး။ ၂၀ ဒီတစ်ခါလည်း အစ္စရေးတွေကို မလွှတ်ပေးပြန်ဘူး။ ဖာရော ခေါင်းမာနေတာကို ယေဟောဝါ ခွင့်ပြုတယ်။+

၂၁ ယေဟောဝါက မောရှေကို “မိုးပေါ် လက်ဆန့်လိုက်ပါ။ အီဂျစ်ပြည်မှာ အမှောင်ထုကြီး ကျရောက်လာမယ်” လို့ပြောတယ်။ ၂၂ မောရှေလည်း ချက်ချင်းပဲ မိုးပေါ် လက်ဆန့်လိုက်တဲ့အခါ အီဂျစ်တစ်ပြည်လုံး သုံးရက်တိတိ မှောင်မိုက်သွားတယ်။+ ၂၃ တစ်ယောက်ကိုတစ်ယောက် မမြင်ရလို့ သုံးရက်လုံးလုံး ဘယ်ကိုမှ သွားလို့မရဘူး။ အစ္စရေးတွေရဲ့ နေရာမှာတော့ အလင်းရောင်ရတယ်။+ ၂၄ အဲဒီအခါ ဖာရောက မောရှေကိုခေါ်ပြီး “ယေဟောဝါကို ဝတ်ပြုဖို့ သွားကြ။+ သားသမီးတွေကိုပါ ခေါ်သွားကြ။ သိုးနွားတွေကိုတော့ ထားခဲ့” လို့ပြောတယ်။ ၂၅ မောရှေကလည်း “ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါဆီ အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သရမှာမို့လို့ တိရစ္ဆာန်တွေကိုပါ ခေါ်သွားခွင့်ပြုပါ။+ ၂၆ ယေဟောဝါဘုရားကို ဝတ်ပြုတဲ့အခါ တိရစ္ဆာန်တွေထဲကတချို့ကို ပူဇော်ရမှာဖြစ်လို့ တစ်ကောင်မှ ချန်ခဲ့လို့မဖြစ်ဘူး။ ယေဟောဝါကို ဝတ်ပြုတဲ့အခါ ဘယ်အကောင်တွေ ပူဇော်ရမယ်ဆိုတာ အဲဒီနေရာရောက်မှ သိနိုင်မှာပါ” လို့ပြောတယ်။ ၂၇ ယေဟောဝါက ဖာရောမင်း ခေါင်းမာတာကို ခွင့်ပြုတဲ့အတွက် အစ္စရေးတွေကို သူ မလွှတ်ပေးပြန်ဘူး။+ ၂၈ ဒါကြောင့် ဖာရောက မောရှေကို “ငါ့ရှေ့က ထွက်သွားစမ်း။ မင်း ကြပ်ကြပ်သတိထား။ ငါ့ရှေ့မှာ ထပ်ပေါ်မလာနဲ့။ ပေါ်လာတဲ့နေ့ မင်းအသေပဲ” လို့ပြောတယ်။ ၂၉ မောရှေကလည်း “အမိန့်တော်အတိုင်း ကျွန်တော် နောက်ထပ် မလာတော့ပါဘူး” လို့ပြောတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ