ယောဘ
၃၈ လေမုန်တိုင်းထဲကနေ ယောဘကို ယေဟောဝါပြောတာက–+
၃ ယောက်ျားပီပီ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။
ငါမေးမယ်။ ပြန်ဖြေပါ။
၄ ကမ္ဘာကြီးကို ငါအုတ်မြစ်ချတုန်းက မင်း ဘယ်မှာရှိသလဲ။+
နားလည်ရင် ပြောပါ။
၅ ကမ္ဘာကြီးရဲ့ အတိုင်းအတာတွေကို ဘယ်သူသတ်မှတ်သလဲ။ သိရင် ပြောပါ။
ဘယ်သူက တိုင်းကြိုးကိုဆန့်ပြီး ကမ္ဘာကြီးကို တိုင်းတာသလဲ။
၆ ကမ္ဘာ့အောက်ခံခုံတွေ ဘယ်ထဲမှာ နစ်ဝင်နေသလဲ။
ကမ္ဘာ့ထောင့်ချုပ်ကျောက်ကို ဘယ်သူချသလဲ။+
၉ အဲဒီတုန်းက ပင်လယ်ကို တိမ်စိုင်တိမ်လိပ်တွေနဲ့ ငါဝတ်ဆင်ပေးတယ်။
တိမ်ထုကြီးနဲ့ လွှမ်းခြုံပေးတယ်။
၁၀ ပင်လယ်ကို နယ်နိမိတ် သတ်မှတ်ပေးပြီး
ကန့်လန့်ကျင်နဲ့တံခါးတွေ တပ်ပေးတယ်။+
၁၁ ပြီးတော့ ‘ဒီအထိပဲ လာ။ ဒီထက် မကျော်နဲ့။
ဒီနေရာဟာ လှိုင်းလုံးကြီးတွေ ရပ်ရမယ့်နေရာပဲ’ လို့ ငါမှာထားတယ်။+
၁၂ မင်းက မနက်ခင်းကို အမိန့်ပေးဖူးသလား။
အရုဏ်ဦး ထွက်ပေါ်ရမယ့်နေရာကို သတ်မှတ်ဖူးသလား။+
၁၃ မြေကြီးစွန်းတွေကို ကိုင်ပြီး
လူဆိုးတွေကို ခါချလိုက်ပါလို့ အရုဏ်ဦးကို ခိုင်းစေဖူးသလား။+
၁၄ ကမ္ဘာကြီးဟာ တံဆိပ်နှိပ်ခံရတဲ့ ရွှံ့စေးလို ပုံပေါ်လာတယ်။
အဝတ်ဆင်ယင်ထားသလို အဆင်းသဏ္ဌာန် ပေါ်လွင်လာတယ်။
၁၅ ဒါပေမဲ့ လူဆိုးတွေရဲ့အလင်း ဆုတ်ခွာသွားတယ်။
မြှောက်ထားတဲ့ သူတို့လက်ရုံးလည်း ကျိုးသွားတယ်။
၁၆ မင်းက ပင်လယ်မြစ်ဖျားခံတဲ့ နေရာဆီ ဆင်းသွားဖူးသလား။
နက်ရှိုင်းတဲ့ရေထုထဲ ဆင်းပြီး စူးစမ်းရှာဖွေဖူးသလား။+
၁၇ သေခြင်းရဲ့တံခါးတွေကို+ မင်းကို ဘယ်သူဖွင့်ပြဖူးသလဲ။
ပိန်းပိတ်အောင်မှောင်တဲ့အရပ်ရဲ့ တံခါးတွေကို မြင်ဖူးသလား။+
၁၈ ကမ္ဘာမြေရဲ့ အကျယ်အဝန်းကို မင်းသိသလား။+
ဒါတွေအားလုံးကို သိရင် ပြောပါ။
၁၉ ဘယ်အရပ်မှာ အလင်းနေထိုင်သလဲ။+
အမှောင်ရဲ့နေရာကရော ဘယ်မှာလဲ။
၂၀ ဒါကိုသိမှ အလင်းနဲ့ အမှောင်ကို သူတို့ရဲ့ဌာနေဆီ မင်း ခေါ်သွားနိုင်မှာပေါ့။
သူတို့ရဲ့ အိမ်ပြန်လမ်းတွေအကြောင်း နားလည်နိုင်မှာပေါ့။
၂၁ ဒါတွေကိုသိရအောင် အဲဒီတုန်းက မင်းကို မွေးဖွားခဲ့ပြီမို့လို့လား။
မင်းရဲ့နှစ်အရေအတွက်ဟာ များလွန်းနေလို့လား။
၂၂ နှင်းဘဏ္ဍာတိုက်တွေထဲ မင်းဝင်ဖူးသလား။+
မိုးသီးဘဏ္ဍာတိုက်တွေကိုကော မြင်ဖူးသလား။+
၂၄ အလင်းဟာ ဘယ်လမ်းကြောင်းနဲ့ ဖြာထွက်သလဲ။
ကမ္ဘာကြီးပေါ်မှာ အရှေ့လေက ဘယ်ကနေ တိုက်ခတ်လာသလဲ။+
၂၅ ရေလုံးကြီးစီးဆင်းရာ လမ်းကြောင်းကို ဘယ်သူ ဖောက်ပေးသလဲ။
မိုးသက်မုန်တိုင်းနဲ့ မိုးကြိုး အတွက် ဘယ်သူ လမ်းထွင်ပေးသလဲ။+
၂၈ မိုးစက်လေးတွေမှာ အဖေရှိသလား။+
နှင်းစက်လေးတွေရဲ့ အဖေကကော ဘယ်သူလဲ။+
၂၉ ရေခဲက ဘယ်သူ့ဝမ်းထဲကနေ ထွက်လာသလဲ။
မိုးကောင်းကင်နှင်းခဲတွေကို ဘယ်သူ မွေးထုတ်လိုက်သလဲ။+
၃၁ ခိမကြယ်စုရဲ့* ကြိုးတွေကို မင်း ချည်နိုင်သလား။
ခသိလကြယ်စုရဲ့* ကြိုးတွေကို ဖြေနိုင်သလား။+
၃၂ ကြယ်စုတွေကို သူ့အချိန်နဲ့သူ ခေါ်ထုတ်လာနိုင်သလား။
အာရှကြယ်စုနဲ့* သူ့ရဲ့သားတွေကို လမ်းပြနိုင်သလား။
၃၃ မိုးကောင်းကင်ရဲ့ နိယာမတရားတွေကို မင်း သိသလား။+
ကမ္ဘာမြေကို အဲဒီနိယာမတရားတွေနဲ့ ထိန်းချုပ်နိုင်အောင် လုပ်လို့ရသလား။
၃၄ မင်းကို ရေထုကြီး ဖုံးလွှမ်းသွားအောင်
မိုးတိမ်ကို အော်ခေါ်နိုင်သလား။+
၃၅ လျှပ်စီးတွေကို မင်း လွှတ်နိုင်သလား။
လျှပ်စီးတွေက ပြန်လာပြီး ‘ဒီမှာရှိပါတယ်’ လို့ မင်းကို ပြောမလား။
၃၆ တိမ်လွှာတွေထဲ ဘယ်သူ ဉာဏ်ပညာသွင်းပေးသလဲ။+
မိုးကောင်းကင်ရဲ့ သဘာဝဖြစ်စဉ်တွေကို ဘယ်သူ အသိဉာဏ်ပေးထားလဲ။+
၃၇ တိမ်တွေကို ရေတွက်နိုင်လောက်အောင် ဘယ်သူ ပညာရှိလို့လဲ။
မိုးကောင်းကင်ရေအိုးတွေကို ဘယ်သူ လောင်းချနိုင်သလဲ။+
၃၈ အဲဒီလိုလောင်းချလိုက်လို့ မြေမှုန့်တွေဟာ ရွှံ့ပြင်ကြီး ဖြစ်သွားပြီး
မြေစိုင်မြေခဲတွေ စေးကပ်ကုန်တာ မဟုတ်လား။
၃၉ ခြင်္သေ့စားဖို့ သားကောင်ကို မင်း ဖမ်းပေးနိုင်လို့လား။
ခြင်္သေ့ပျိုတွေ အဆာပြေသွားအောင် လုပ်ပေးနိုင်သလား။+
၄၀ သူတို့က တွင်းထဲမှာ ဝပ်ပြီး
ဂူထဲမှာ ချောင်းမြောင်းနေတယ်။
၄၁ ကျီးနက်ကြီးက သားပေါက်တွေ စားစရာမရှိလို့ ပျံဝဲပြီး
ဘုရားသခင်ဆီ အော်ဟစ်အကူအညီတောင်းတဲ့အခါ
သူ့အတွက် စားစရာကို ဘယ်သူ ပြင်ဆင်ပေးသလဲ။+