၂ ပေတရု
၂ အစ္စရေးလူမျိုးမှာ ပရောဖက်အတုအယောင်တွေ ရှိခဲ့သလို ခင်ဗျားတို့ထဲမှာလည်း ဆရာအတုအယောင်တွေ ရှိလိမ့်မယ်။+ သူတို့က ဂိုဏ်းခွဲမယ့်သူတွေကို မသိမသာ ပေါ်လာစေမယ်။ သူတို့ကို ဝယ်ထားတဲ့အရှင်ကိုတောင် ငြင်းပယ်တဲ့အတွက်+ အလျင်အမြန် ပျက်စီးရလိမ့်မယ်။ ၂ အဲဒီအပြင် လူများစွာက သူတို့ရဲ့ မျက်နှာပြောင်တိုက်တဲ့*+ လုပ်ရပ်တွေအတိုင်း လိုက်လုပ်ကြလိမ့်မယ်။ သူတို့ကြောင့် အမှန်တရားလမ်းစဉ်ကို လူတွေ ကဲ့ရဲ့ကြလိမ့်မယ်။+ ၃ သူတို့က မဟုတ်မမှန်တာတွေ ပြောပြီး ခင်ဗျားတို့ကို လောဘတကြီး အမြတ်ထုတ်လိမ့်မယ်။ ဒါပေမဲ့ ဟိုးအရင်ကတည်းက သူတို့အတွက် သတ်မှတ်ထားတဲ့ တရားစီရင်ခြင်းဟာ+ မနှောင့်နှေးဘဲ ကျရောက်တော့မှာဖြစ်လို့ သူတို့ သေချာပေါက် ပျက်စီးရလိမ့်မယ်။+
၄ ဘုရားသခင်က အပြစ်ကျူးလွန်တဲ့ ကောင်းကင်တမန်တွေကို အပြစ်မပေးဘဲ မနေခဲ့ဘူး။+ သူတို့ကို တားတရပ်ဆီ*+ ပစ်ချလိုက်တယ်။ တရားစီရင်ဖို့ မှောင်မိုက်တွင်းထဲမှာ ချုပ်နှောင်ထားတယ်။+ ၅ နောဧခေတ်က လူတွေကိုလည်း အပြစ်မပေးဘဲ မနေခဲ့ဘူး။+ ဘုရားတရားမဲ့တဲ့ လူ့လောကကို ရေလွှမ်းမိုးချိန်မှာ+ ဖြောင့်မတ်ခြင်းတရား ဟောပြောတဲ့ နောဧနဲ့+ လူခုနစ်ယောက်ကို ကယ်တင်ခဲ့တယ်။+ ၆ သောဒုံနဲ့ ဂေါမောရမြို့ကိုလည်း ပြာကျအောင်လုပ်ပြီး ပြစ်ဒဏ်စီရင်ခဲ့တယ်။+ ဒါဟာ ဘုရားတရားမဲ့သူတွေ နောင်ကြုံရမယ့်အရာကို ဖော်ပြတဲ့ နမူနာပဲ။+ ၇ ဒါပေမဲ့ ဖြောင့်မတ်တဲ့ လောတကိုတော့ ဘုရားသခင် ကယ်တင်ခဲ့တယ်။+ လောတဟာ တရားမဲ့သူတွေရဲ့ မျက်နှာပြောင်တိုက်တဲ့* လုပ်ရပ်တွေကြောင့် အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတယ်။ ၈ ဖြောင့်မတ်သူလောတဟာ အဲဒီလူတွေနဲ့အတူ နေထိုင်တုန်းက သူမြင်ရကြားရတဲ့ တရားမဲ့တဲ့လုပ်ရပ်တွေကြောင့် နေ့တိုင်း စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ၉ ယေဟောဝါက* ဘုရားတရားကိုင်းရှိုင်းသူတွေကို ဒုက္ခတွေကြားကနေ ဘယ်လိုကယ်ရမလဲဆိုတာ သိတယ်။+ မဖြောင့်မတ်သူတွေကိုတော့ တရားစီရင်ရာနေ့မှာ ဖျက်ဆီးဖို့ သတ်မှတ်ထားတယ်။+ ၁၀ အထူးသဖြင့် ရမ္မက်အလိုနောက်ကို လိုက်ပြီး သူတစ်ပါးကို ညစ်ညူးစေသူ၊+ အခွင့်အာဏာရှိသူတွေကို မထီလေးစားလုပ်သူတွေပေါ့။+
သူတို့ဟာ အတင့်ရဲပြီး ထင်ရာစိုင်းတတ်တဲ့အပြင် ဂုဏ်အသရေရှိသူတွေကို ရင့်ရင့်သီးသီး ပြောဆိုဝံ့ကြတယ်။ ၁၁ ကောင်းကင်တမန်တွေကတော့ အဲဒီဆရာအတုအယောင်တွေထက် ခွန်အားရော တန်ခိုးပါ ပိုကြီးမားပေမဲ့ ယေဟောဝါကို* လေးစားတဲ့အတွက် သူတို့ကို ရင့်ရင့်သီးသီး မစွပ်စွဲဘူး။+ ၁၂ အဲဒီလူတွေကတော့ ကိုယ်မသိနားမလည်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ရင့်ရင့်သီးသီး ပြောတတ်တယ်။ ဖမ်းဆီးသတ်ဖြတ်ခံရဖို့ မွေးဖွားလာပြီး စဉ်းစားဉာဏ်မရှိ၊ ပင်ကိုသိစိတ်နဲ့ပဲလုပ်တတ်တဲ့ တိရစ္ဆာန်တွေနဲ့ တူတယ်။+ သူတို့က ကိုယ်တိုင်ရဲ့ ပျက်စီးစေတဲ့လမ်းစဉ်ကြောင့် ပျက်စီးသွားလိမ့်မယ်။ ၁၃ ကိုယ်တိုင်ရဲ့ ထိခိုက်စေတဲ့လမ်းစဉ်ကြောင့် ထိခိုက်နစ်နာရလိမ့်မယ်။
နေ့အချိန်မှာ သွေးသားဆန္ဒ ဖြည့်ဆည်းရတာကို ပျော်စရာလို့ သူတို့ ယူဆတယ်။+ သူတို့ဟာ ခင်ဗျားတို့အလယ်မှာရှိနေတဲ့ အစွန်းအထင်းတွေ၊ အပြစ်အနာအဆာတွေနဲ့ တူတယ်။ ခင်ဗျားတို့နဲ့အတူ မိတ်ဆုံစားပွဲလုပ်တဲ့အခါမှာလည်း သောက်စားပျော်ပါးပြီး မှားယွင်းတဲ့ သွန်သင်ချက်တွေနဲ့ လှည့်စားတတ်ကြတယ်။+ ၁၄ သူတို့ရဲ့မျက်လုံးဟာ ရာဂမီးတောက်နေတယ်။+ အပြစ်မလုပ်ရရင် မနေနိုင်ဘူး။ မတည်ငြိမ်တဲ့သူတွေကို ဖြားယောင်းတတ်တယ်။ သူတို့ရဲ့စိတ်နှလုံးဟာ လောဘလွန်ကျူးမှုမှာ ကျင်လည်တယ်။ သူတို့ဟာ ကျိန်ခြင်းခံထိုက်တဲ့ သားသမီးတွေပဲ။ ၁၅ ဖြောင့်မှန်တဲ့လမ်းစဉ်ကို စွန့်ပြီး သူတို့ လမ်းလွဲသွားကြတယ်။ ဗောရရဲ့သား ဗာလမ်လိုက်ခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြတယ်။+ ဗာလမ်က ရလာမယ့် အကျိုးအမြတ်ကို တပ်မက်ပြီး အပြစ်ကျူးလွန်ခဲ့တယ်။+ ၁၆ ပညတ်ကို ချိုးဖောက်လို့ ဆုံးမခံခဲ့ရတယ်။+ စကားမပြောတတ်တဲ့ မြည်းက လူလို စကားပြောပြီး အဲဒီပရောဖက်ရဲ့ မိုက်ရူးရဲလမ်းစဉ်ကို တားဆီးခဲ့ရတယ်။+
၁၇ သူတို့ဟာ ရေမရှိတဲ့တွင်း၊ လေပြင်းမုန်တိုင်းကျလို့ လွင့်ပါသွားတဲ့ မြူခိုးတွေလိုပဲ။ သူတို့အတွက်တော့ အမှောင်မိုက်ဆုံးနေရာပဲ ရှိတယ်။+ ၁၈ သူတို့ဟာ အနှစ်သာရမရှိတဲ့ စကားကြီးစကားကျယ်တွေ ပြောတတ်ကြတယ်။ မှားယွင်းတဲ့လမ်းစဉ်မှာ ကျင်လည်နေသူတွေရဲ့ လက်ကနေ လွတ်မြောက်ခါစလူတွေကို+ အပြစ်ရှိတဲ့ဆန္ဒတွေ၊+ မျက်နှာပြောင်တိုက်တဲ့* လုပ်ရပ်တွေနဲ့ ဖြားယောင်းတတ်ကြတယ်။ ၁၉ လွတ်လပ်သူတွေဖြစ်မယ်လို့ ကတိပေးပေမဲ့ သူတို့ကိုယ်တိုင်က ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်တွေ ဖြစ်နေတယ်။+ ဘာလို့လဲဆိုတော့ တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုကို ခံတဲ့သူဟာ အဲဒီအရာရဲ့ ကျွန်ပဲ။+ ၂၀ ကယ်တင်ရှင် သခင်ယေရှုခရစ်အကြောင်း တိကျမှန်ကန်စွာ သိရှိလာလို့ လောကရဲ့ ညစ်ညူးမှုကနေ လွတ်မြောက်ပြီးခါမှ+ အဲဒါတွေနဲ့ ပြန်ပတ်သက်ပြီး လွှမ်းမိုးခံမယ်ဆိုရင် သူတို့ရဲ့ နောက်ဆုံးအခြေအနေဟာ လက်ဦးအခြေအနေထက် ပိုဆိုးသွားပြီ။+ ၂၁ ဖြောင့်မတ်တဲ့ လမ်းစဉ်အကြောင်း တိကျမှန်ကန်စွာ သိရှိပြီးနောက် ရရှိခဲ့တဲ့သန့်ရှင်းတဲ့ ပညတ်တွေကနေ သွေဖည်သွားတာထက် အဲဒီလမ်းစဉ်အကြောင်း လုံးဝမသိလိုက်တာက ပိုကောင်းဦးမယ်။+ ၂၂ “ခွေးက ကိုယ့်အန်ဖတ်ကို ပြန်စားတတ်တယ်။ ဝက်လည်း ဆေးကြောပြီးခါမှ ရွှံ့ထဲပြန်လူးတတ်တယ်”+ ဆိုတဲ့ စကားပုံမှန်တယ်ဆိုတာ သူတို့အဖြစ်က ဖော်ပြတယ်။