ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၂၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ရှမွေလ မာတိကာ

      • နောဗမြို့မှာ ရှေ့တော်မုန့်ကို ဒါဝိဒ်စားသုံး (၁-၉)

      • ဂါသမြို့မှာ ဒါဝိဒ် ရူးဟန်ဆောင် (၁၀-၁၅)

၁ ရှမွေလ ၂၁:၁

ကျမ်းညွှန်းများ

  • +၁ရှ ၂၂:၉၊ ၁၉
  • +၁ရှ ၁၈:၁၃

၁ ရှမွေလ ၂၁:၄

ကျမ်းညွှန်းများ

  • +ထွ ၂၅:၃၀; ဝ ၂၄:၅၊ ၉; မ ၁၂:၃၊ ၄
  • +ထွ ၁၉:၁၅; ဝ ၁၅:၁၆; ၂ရှ ၁၁:၁၁

၁ ရှမွေလ ၂၁:၅

ကျမ်းညွှန်းများ

  • +ဝ ၁၅:၁၈

၁ ရှမွေလ ၂၁:၆

ကျမ်းညွှန်းများ

  • +ဝ ၂၄:၇-၉; မာ ၂:၂၅၊ ၂၆; လု ၆:၃၊ ၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ယေရှု—လမ်းခရီး၊ စာ. ၇၆

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၅၊ စာ. ၃၀

    ၉/၁/၂၀၀၂၊ စာ. ၁၈

    အကြီးမြတ်ဆုံးလူသား၊ အခန်း ၃၁

၁ ရှမွေလ ၂၁:၇

ကျမ်းညွှန်းများ

  • +က ၃၆:၁
  • +၁ရှ ၂၂:၉; ဆ ၅၂:ထိပ်စီးစာသား

၁ ရှမွေလ ၂၁:၉

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၂၊ ၅၀
  • +၁ရှ ၁၇:၅၁၊ ၅၄
  • +ထွ ၂၈:၆

၁ ရှမွေလ ၂၁:၁၀

ကျမ်းညွှန်းများ

  • +၁ရှ ၂၇:၁
  • +ယရ ၁၁:၂၂; ၁ရှ ၅:၈; ၁၇:၄; ၂၇:၂; ဆ ၅၆:ထိပ်စီးစာသား

၁ ရှမွေလ ၂၁:၁၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၆-၈; ၂၉:၄၊ ၅

၁ ရှမွေလ ၂၁:၁၂

ကျမ်းညွှန်းများ

  • +ဆ ၅၆:၃၊ ၆

၁ ရှမွေလ ၂၁:၁၃

ကျမ်းညွှန်းများ

  • +ဆ ၃၄:ထိပ်စီးစာသား

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁/၂၀၂၄၊ စာ. ၂-၃

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၅၊ စာ. ၂၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ရှ. ၂၁:၁၁ရှ ၂၂:၉၊ ၁၉
၁ ရှ. ၂၁:၁၁ရှ ၁၈:၁၃
၁ ရှ. ၂၁:၄ထွ ၂၅:၃၀; ဝ ၂၄:၅၊ ၉; မ ၁၂:၃၊ ၄
၁ ရှ. ၂၁:၄ထွ ၁၉:၁၅; ဝ ၁၅:၁၆; ၂ရှ ၁၁:၁၁
၁ ရှ. ၂၁:၅ဝ ၁၅:၁၈
၁ ရှ. ၂၁:၆ဝ ၂၄:၇-၉; မာ ၂:၂၅၊ ၂၆; လု ၆:၃၊ ၄
၁ ရှ. ၂၁:၇က ၃၆:၁
၁ ရှ. ၂၁:၇၁ရှ ၂၂:၉; ဆ ၅၂:ထိပ်စီးစာသား
၁ ရှ. ၂၁:၉၁ရှ ၁၇:၂၊ ၅၀
၁ ရှ. ၂၁:၉၁ရှ ၁၇:၅၁၊ ၅၄
၁ ရှ. ၂၁:၉ထွ ၂၈:၆
၁ ရှ. ၂၁:၁၀၁ရှ ၂၇:၁
၁ ရှ. ၂၁:၁၀ယရ ၁၁:၂၂; ၁ရှ ၅:၈; ၁၇:၄; ၂၇:၂; ဆ ၅၆:ထိပ်စီးစာသား
၁ ရှ. ၂၁:၁၁၁ရှ ၁၈:၆-၈; ၂၉:၄၊ ၅
၁ ရှ. ၂၁:၁၂ဆ ၅၆:၃၊ ၆
၁ ရှ. ၂၁:၁၃ဆ ၃၄:ထိပ်စီးစာသား
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၂၁:၁-၁၅

၁ ရှမွေလ

၂၁ နောက်တော့ ဒါဝိဒ်က ပုရောဟိတ် အဟိမလက်ရှိနေတဲ့ နောဗမြို့ကို+ ရောက်လာတယ်။ အဟိမလက်က ဒါဝိဒ်ကိုတွေ့တဲ့အခါ ထိတ်လန့်သွားပြီး “ဘာလို့ တစ်ယောက်တည်း လာတာလဲ။ ဘယ်သူမှ မပါဘူးလား”+ လို့မေးတယ်။ ၂ အဲဒီအခါ ဒါဝိဒ်က “မင်းကြီးခိုင်းလိုက်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ မင်းကြီးက ‘ဘာကိစ္စနဲ့ မင်းကိုလွှတ်တယ်၊ ဘာတွေ ခိုင်းလိုက်တယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့’ လို့ မှာလိုက်တယ်။ ကျွန်တော့်လူတွေနဲ့ တွေ့ဖို့ တစ်နေရာမှာ ချိန်းထားပြီးပါပြီ။ ၃ ဒါကြောင့် မုန့်ငါးလုံးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရှိတာလေး ကျွန်တော့်ကို ပေးလိုက်ပါ” ဆိုပြီးပြောတယ်။ ၄ ပုရောဟိတ်က “ရိုးရိုးမုန့်တော့ မရှိဘူး။ သန့်ရှင်းတဲ့မုန့်ပဲ ရှိတယ်။+ မင်းရဲ့လူတွေက မိန်းမကိစ္စနဲ့ ကင်းရင်တော့ ဒီမုန့်ကို ယူသွားပါ”+ လို့ပြောတယ်။ ၅ ဒါဝိဒ်ကလည်း “ကျွန်တော်တို့က ခါတိုင်း စစ်တိုက်ထွက်တုန်းကလိုပဲ မိန်းမကိစ္စနဲ့ ကင်းပါတယ်။+ ပုံမှန်တာဝန် ထမ်းဆောင်ချိန်မှာတောင် ကျွန်တော့်လူတွေဟာ သန့်ရှင်းပါတယ်။ အခုလို အထူးတာဝန် ထမ်းဆောင်ချိန်မှာဆိုရင် ပိုလို့တောင် သန့်ရှင်းပါတယ်” ဆိုပြီး ပြောတယ်။ ၆ အဲဒီနေ့မှာ မုန့်အသစ်နဲ့လဲဖို့ ယေဟောဝါရှေ့ကနေ ဖယ်ထားတဲ့ ရှေ့တော်မုန့်ကလွဲလို့ တခြားမုန့် မရှိဘူး။ ဒါနဲ့ ပုရောဟိတ်လည်း အဲဒီသန့်ရှင်းတဲ့ မုန့်တွေကိုပဲ ပေးလိုက်တယ်။+

၇ အဲဒီနေ့မှာ ရှောလုရဲ့ မင်းမှုထမ်းဖြစ်တဲ့ ဧဒုံအမျိုးသား+ သိုးထိန်းအုပ် ဒေါဂက+ တဲတော်ကို ရောက်နေတယ်။ ယေဟောဝါရှေ့မှာ သူ စောင့်ဆိုင်းနေချိန် ဖြစ်တယ်။

၈ ဒါဝိဒ်က ပုရောဟိတ် အဟိမလက်ကို “ဓားတွေ၊ လှံတွေ ဆောင်ထားတာ မရှိဘူးလား။ မင်းကြီး အရေးတကြီး ခိုင်းလိုက်လို့ ဓားလက်နက်တွေ မယူခဲ့မိဘူး” လို့ပြောတယ်။ ၉ အဟိမလက်က “ဧလာချိုင့်ဝှမ်းမှာ+ မင်းသတ်လိုက်တဲ့ ဖိလိတိလူ ဂေါလျတ်ရဲ့ ဓားတော့+ ရှိတယ်။ အဝတ်နဲ့ပတ်ပြီး သင်တိုင်းရဲ့+ အနောက်မှာ သိမ်းထားတယ်။ ဓားဆိုလို့ ဒီတစ်ချောင်းပဲ ရှိတာ။ မင်းယူချင်ရင် ယူသွား” ဆိုပြီးပြောတယ်။ ဒါဝိဒ်က “ဒီထက်ကောင်းတဲ့ဓား မရှိတော့ဘူး။ အဲဒီဓားကိုသာ ပေးလိုက်ပါ” လို့ပြောတယ်။

၁၀ အဲဒီနေ့မှာ ဒါဝိဒ်က ရှောလုဆီကနေ ဆက်ပြီး ထွက်ပြေးလာတယ်။+ နောက်ဆုံး  ဂါသမင်း  အာခိတ်ဆီ+ ရောက်လာတယ်။ ၁၁ မင်းမှုထမ်းတွေက “ဒီလူဟာ အစ္စရေးဘုရင် ဒါဝိဒ်ပဲ။ လူတွေ သီဆိုကခုန်ပြီး

‘ရှောလုသတ်တာ အထောင်ထောင်၊

ဒါဝိဒ်သတ်တာ အသောင်းသောင်း’+

လို့ပြောတာ သူပဲလေ” ဆိုပြီး အာခိတ်မင်းကို လျှောက်တင်တယ်။

၁၂ ဒါဝိဒ်က သူတို့ပြောနေတာတွေကို စဉ်းစားလေလေ ဂါသမင်း အာခိတ်ကို ကြောက်လေလေ ဖြစ်လာတယ်။+ ၁၃ ဒါကြောင့် သူတို့ရှေ့မှာ စိတ်မနှံ့တဲ့သူလို ရူးချင်ဟန်ဆောင်လိုက်တယ်။+ တံခါးတွေမှာ လျှောက်ရေးခြစ်ပြီး မုတ်ဆိတ်ပေါ်မှာ သွားရည်တွေ စီးကျစေတယ်။ ၁၄ နောက်ဆုံးတော့ အာခိတ်က မင်းမှုထမ်းတွေကို “ကြည့်စမ်း၊ ဒီလူ ရူးနေတာ။ ဘာလို့ ငါ့ဆီ ခေါ်လာတာလဲ။ ၁၅ ငါ့ဆီမှာ အရူးတွေ နည်းနေသေးလို့ ဒီရူးကြောင်ကြောင်လူကို ခေါ်လာတာလား။ ဒီလိုလူမျိုးကို ငါ့နန်းတော်ထဲ သွင်းစရာလား” လို့ပြောတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ