ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၃/၁၅ စာ. ၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥပုသ်နေ့တွင် စပါးဆွတ်ခူးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဥပုသ်နေ့မှာ ကောက်နှံဆွတ်ခူး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၃/၁၅ စာ. ၃၀

စာရှုသူများထံမှ မေးခွန်းလွှာ

ခက်ခဲသောအခြေအနေများတွင် ဘုရားသခင့်ပညတ်တော်ကို ပြစ်ဒဏ်မခံရဘဲ ချိုးဖောက်နိုင်သည်ဟု ရှေ့တော်မုန့်ကို ဒါဝိဒ်နှင့် သူ့လူများစားသုံးခြင်းက ဖော်ပြပါသလော။—၁ ဓမ္မရာဇဝင် ၂၁:၁-၆။

ဝတ်ပြုရာ ၂၄:၅-၉ အရ၊ ဥပုသ်နေ့တိုင်း လဲလိုက်ရသည့် ရှေ့တော်မုန့်များသည် ယဇ်ပုရောဟိတ်များစားဖို့ဖြစ်သည်။ ရှေ့တော်မုန့်ကို ယဇ်ပုရောဟိတ်များစားနိုင်ခြင်းနှင့်ပတ်သက်သည့်မူမှာ ရှေ့တော်မုန့်သည် သန့်ရှင်း၏၊ ဘုရားသခင့်လုပ်ငန်းတော်ကိုထမ်းဆောင်သူ ယဇ်ပုရောဟိတ်များ စားရန်ဖြစ်၏။ သို့ဖြစ်၍ ထိုမုန့်ကို သာမန်လုပ်သားတစ်ဦးအား ကျွေးခြင်း၊ အပျော်စားသုံးခြင်းက အမှန်ပင် မှားပေသည်။ သို့ရာတွင် ရှေ့တော်မုန့်ကို ဒါဝိဒ်နှင့် သူ့လူများအား ယူကျွေးသည့်အခါ ယဇ်ပုရောဟိတ် အဟိမလက်သည် မည်သည့်အပြစ်မျှ မပြုခဲ့ပေ။

ဒါဝိဒ်သည် ဘုရင်ရှောလု၏ အထူးတာဝန်တစ်ခုကို ထမ်းဆောင်နေပုံရှိသည်။ ဒါဝိဒ်နှင့် သူ့လူများသည် ဆာလောင်နေကြ၏။ သို့ဖြစ်၍ သူတို့သည် ထုံးတမ်းအရ သန့်ရှင်းစင်ကြယ်သည်ဟု အဟိမလက်ယူမှတ်ခဲ့ခြင်းဖြစ်သည်။ ရှေ့တော်မုန့်များကို သူတို့စားသုံးခြင်းသည် ပညတ်တရားနှင့်မညီသော်လည်း ရှေ့တော်မုန့်ကိုအသုံးပြုခြင်းနှင့်ပတ်သက်သည့် အခြေခံသတ်မှတ်ချက်နှင့်ကား ညီညွတ်ပေသည်။ ဤသို့စဉ်းစားခဲ့ခြင်းကြောင့် အဟိမလက်သည် ခြွင်းချက်ထား၍ ခွင့်ပြုခဲ့လေသည်။ ယေရှုခရစ်ကိုယ်တော်တိုင် ဤအဖြစ်အပျက်ကို ဥပမာပေး၍ ဥပုသ်ပညတ်ကို ဖာရိရှဲများ အနက်ဖွင့်ဆိုပုံသည် တရားလွန်တင်းကျပ်၍ မလျော်ကန်ကြောင်း ဖော်ပြခဲ့သည်။—မဿဲ ၁၂:၁-၈။

သို့သော် အခြေအနေခက်ခဲလာလျှင် ဘုရားသခင့်ပညတ်တော်ကို ဖောက်ဖျက်၍ရသည်ဟု အထက်ပါဖြစ်ရပ်က ဆိုလိုနေခြင်းမဟုတ်ပါ။ သာဓကအနေနှင့်၊ ဣသရေလစစ်သည်များသည် ဖိလိတ္တိလူတို့နှင့် စစ်တိုက်နေကြစဉ် စိုးရိမ်ဖွယ်အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘုရင်ရှောလုက “ငါသည် ရန်သူတို့အပေါ်တွင် လက်စားချေသည်တိုင်အောင် ညဦးမတိုင်မီ အစာစားသောသူတိုင်း အမင်္ဂလာရှိစေ!” ဟု ကျိန်ဆိုခဲ့၏။ ကျမ်းစာက ‘ထိုနေ့၌ သူတို့သည် ဖိလိတ္တိလူတို့ကို လုပ်ကြံလျက်နေခဲ့ကြ၏’ ဟုဆိုသည်။ ထိုအခါ စစ်သည်များသည် စစ်ပန်းပြီး ဆာလောင်နေကြရာ ‘တိရစ္ဆာန်များကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။’ (၁ ဓမ္မရာဇဝင် ၁၄:၂၄၊ ၃၁-၃၃၊ သမ္မာ) သူတို့သည် အသွေးနှင့်ပတ်သက်သော ယေဟောဝါ၏ပညတ်တော်ကို ဖောက်ဖျက်ခြင်းဖြင့် အပြစ်ပြုခဲ့ကြသည်။ ၎င်းတို့၏လုပ်ရပ်သည် အသွေးကို အပြစ် “ဖြေသောအရာ” အဖြစ်သာ အသုံးပြုရမည်ဟူသော ဘုရားသခင်သတ်မှတ်ထားချက်နှင့်မညီညွတ်ခဲ့ချေ။ (ဝတ်ပြုရာ ၁၇:၁၀-၁၂; ကမ္ဘာဦး ၉:၃၊ ၄) ကရုဏာသက်စွာဖြင့် ပြစ်မှားခဲ့ကြသူတို့အတွက် အထူးပူဇော်ရာများကို ယေဟောဝါလက်ခံတော်မူခဲ့၏။—၁ ဓမ္မရာဇဝင် ၁၄:၃၄၊ ၃၅။

မှန်ပါသည်၊ အခြေအနေအားလုံးတွင် ကိုယ်တော့်ပညတ်များကို ကျွန်ုပ်တို့အား ယေဟောဝါလိုက်နာစေလိုတော်မူသည်။ တမန်တော်ယောဟန်က “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဟုဆိုသည်။—၁ ယောဟန် ၅:၃။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

တဲတော်တွင် ဥပုသ်နေ့တိုင်း ရှေ့တော်မုန့်များကို လဲရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ