ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ သက်သာလောနိတ် ၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ သက်သာလောနိတ် မာတိကာ

      • သက်သာလောနိတ်မြို့မှာ ပေါလုရဲ့ အမှုဆောင်လုပ်ငန်း (၁-၁၂)

      • သက်သာလောနိတ်မြို့သားတွေ တရားစကားကို လက်ခံကြ (၁၃-၁၆)

      • သက်သာလောနိတ်မြို့သားတွေကို ပေါလုတွေ့ချင်လှ (၁၇-၂၀)

၁ သက်သာလောနိတ် ၂:၁

ကျမ်းညွှန်းများ

  • +တ ၁၇:၁၊ ၄

၁ သက်သာလောနိတ် ၂:၂

အောက်ခြေမှတ်ချက်များ

  • *

    “ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့ကြားက” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +တ ၁၆:၁၂၊ ၂၂-၂၄
  • +တ ၁၇:၁၊ ၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၃၃

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၅၉

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၉၊ စာ. ၂၀

    ၇/၁၅/၂၀၀၈၊ စာ. ၈-၉

    ၁၂/၁၅/၁၉၉၉၊ စာ. ၂၂-၂၃၊ ၂၅

၁ သက်သာလောနိတ် ၂:၄

ကျမ်းညွှန်းများ

  • +ပ ၁၇:၃; ယေ ၁၁:၂၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၃/၂၀၂၄၊ စာ. ၃၀-၃၁

၁ သက်သာလောနိတ် ၂:၅

ကျမ်းညွှန်းများ

  • +တ ၂၀:၃၃

၁ သက်သာလောနိတ် ၂:၆

ကျမ်းညွှန်းများ

  • +၂က ၁၁:၉; ၂သ ၃:၈၊ ၁၀

၁ သက်သာလောနိတ် ၂:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁၅/၂၀၀၀၊ စာ. ၂၂

    ၉/၁၅/၁၉၉၀၊ စာ. ၂၀

၁ သက်သာလောနိတ် ၂:၈

ကျမ်းညွှန်းများ

  • +ယဟ ၁၅:၁၃
  • +ယဟ ၁၃:၃၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁၅/၂၀၀၀၊ စာ. ၂၂

၁ သက်သာလောနိတ် ၂:၉

ကျမ်းညွှန်းများ

  • +တ ၁၈:၃; ၂၀:၃၄; ၂က ၁၁:၉; ၂သ ၃:၈၊ ၁၀

၁ သက်သာလောနိတ် ၂:၁၁

ကျမ်းညွှန်းများ

  • +၁က ၄:၁၅
  • +တ ၂၀:၃၁

၁ သက်သာလောနိတ် ၂:၁၂

ကျမ်းညွှန်းများ

  • +ဧ ၄:၁; ကော ၁:၁၀; ၁ပေ ၁:၁၅
  • +လု ၂၂:၂၈-၃၀
  • +၁ပေ ၅:၁၀

၁ သက်သာလောနိတ် ၂:၁၃

ကျမ်းညွှန်းများ

  • +၁သ ၁:၂၊ ၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၅

၁ သက်သာလောနိတ် ၂:၁၄

ကျမ်းညွှန်းများ

  • +တ ၁၇:၅

၁ သက်သာလောနိတ် ၂:၁၅

ကျမ်းညွှန်းများ

  • +တ ၂:၂၂၊ ၂၃; ၇:၅၂
  • +မ ၂၃:၃၄

၁ သက်သာလောနိတ် ၂:၁၆

ကျမ်းညွှန်းများ

  • +လု ၁၁:၅၂; တ ၁၃:၄၉၊ ၅၀
  • +ရ ၁:၁၈

၁ သက်သာလောနိတ် ၂:၁၉

ကျမ်းညွှန်းများ

  • +၁သ ၅:၂၃; ၂သ ၁:၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ သက်. ၂:၁တ ၁၇:၁၊ ၄
၁ သက်. ၂:၂တ ၁၆:၁၂၊ ၂၂-၂၄
၁ သက်. ၂:၂တ ၁၇:၁၊ ၂
၁ သက်. ၂:၄ပ ၁၇:၃; ယေ ၁၁:၂၀
၁ သက်. ၂:၅တ ၂၀:၃၃
၁ သက်. ၂:၆၂က ၁၁:၉; ၂သ ၃:၈၊ ၁၀
၁ သက်. ၂:၈ယဟ ၁၅:၁၃
၁ သက်. ၂:၈ယဟ ၁၃:၃၅
၁ သက်. ၂:၉တ ၁၈:၃; ၂၀:၃၄; ၂က ၁၁:၉; ၂သ ၃:၈၊ ၁၀
၁ သက်. ၂:၁၁၁က ၄:၁၅
၁ သက်. ၂:၁၁တ ၂၀:၃၁
၁ သက်. ၂:၁၂ဧ ၄:၁; ကော ၁:၁၀; ၁ပေ ၁:၁၅
၁ သက်. ၂:၁၂လု ၂၂:၂၈-၃၀
၁ သက်. ၂:၁၂၁ပေ ၅:၁၀
၁ သက်. ၂:၁၃၁သ ၁:၂၊ ၃
၁ သက်. ၂:၁၄တ ၁၇:၅
၁ သက်. ၂:၁၅တ ၂:၂၂၊ ၂၃; ၇:၅၂
၁ သက်. ၂:၁၅မ ၂၃:၃၄
၁ သက်. ၂:၁၆လု ၁၁:၅၂; တ ၁၃:၄၉၊ ၅၀
၁ သက်. ၂:၁၆ရ ၁:၁၈
၁ သက်. ၂:၁၉၁သ ၅:၂၃; ၂သ ၁:၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ သက်သာလောနိတ် ၂:၁-၂၀

၁ သက်သာလောနိတ်

၂ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဆီ ကျွန်တော်တို့ လည်ပတ်ခဲ့တာ အကျိုးမဲ့မဖြစ်မှန်း ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။+ ၂ အရင်ဆုံး၊ ဖိလိပ္ပိမြို့မှာ+ ကျွန်တော်တို့ ဒုက္ခရောက်ခဲ့တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံခဲ့ရတာ ခင်ဗျားတို့ အသိပါပဲ။ ဒါပေမဲ့ ဆန့်ကျင်မှုတွေ  အများကြီးကြုံရတဲ့ကြားက* ဘုရားသခင့်အကူအညီနဲ့ သတ္တိမွေးပြီး ခင်ဗျားတို့ကို သတင်းကောင်း ဟောပြောခဲ့တယ်။+ ၃ ခင်ဗျားတို့ကို တိုက်တွန်းနှိုးဆော်တာတွေဟာ မဟုတ်မမှန် ပြောနေတာ၊ မကောင်းတဲ့စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး။ ခင်ဗျားတို့ကို လှည့်စားနေတာလည်း မဟုတ်ဘူး။ ၄ သတင်းကောင်းဟောပြောတဲ့ တာဝန်ကို ရထိုက်သူအဖြစ် ဘုရားသခင် ယူမှတ်ထားတဲ့အတွက် ကျွန်တော်တို့က သတင်းကောင်းဟောတဲ့အခါ လူတွေရဲ့ နှစ်သက်မှုရဖို့ မဟုတ်ဘဲ စိတ်နှလုံးကိုစစ်ဆေးတဲ့ ဘုရားသခင်ရဲ့+ နှစ်သက်မှုကို ရဖို့ပဲ ကြိုးစားတယ်။

၅ မြှောက်ပင့်ပြီး  ပြောတာမျိုး၊ လောဘစိတ်ကို+  ဖုံးကွယ်ပြီး  ဟန်ဆောင်ခဲ့တာမျိုး ကျွန်တော်တို့ တစ်ခါမှ မလုပ်ခဲ့ဘူးဆိုတာ  ခင်ဗျားတို့ရော ဘုရားသခင်ပါ သိတယ်။ ၆ ခရစ်တော်ရဲ့ တမန်တော်တွေအနေနဲ့ ကျွန်တော်တို့ဟာ  ခင်ဗျားတို့ကို  အကြီးအကျယ် ဝန်ပိအောင် လုပ်လို့ရသားပဲ။+ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အချီးအမွမ်းကို ခံရဖို့၊ တခြားသူတွေရဲ့ အချီးအမွမ်းကို ခံရဖို့ တစ်ခါမှ မကြိုးစားခဲ့ဘူး။ ၇ အဲဒီအစားနို့တိုက်မိခင်ကရင်သွေးကို တယုတယ ပြုစုသလို ကျွန်တော်တို့လည်း ခင်ဗျားတို့ကို တယုတယ ဆက်ဆံခဲ့တယ်။ ၈ ခင်ဗျားတို့ကို ချစ်ခင်မြတ်နိုးလွန်းလို့ဘုရားသခင်ရဲ့သတင်းကောင်းကို ဝေမျှဖို့သာမက အသက်ကိုပေးဖို့တောင် အသင့်ပါပဲ။+ ခင်ဗျားတို့ဟာ ကျွန်တော်တို့ ချစ်မြတ်နိုးရသူတွေ ဖြစ်လာလို့ပါ။+

၉ ညီအစ်ကိုတို့၊ ကျွန်တော်တို့ ဘယ်လောက်တောင် ပင်ပင်ပန်းပန်းကြိုးစားခဲ့မှန်း ခင်ဗျားတို့ ကောင်းကောင်း အမှတ်ရကြမှာပါ။ ဘုရားသခင်ရဲ့ သတင်းကောင်းကို ဟောပြောတုန်းက ဘယ်သူ့ကိုမှ ဝန်မပိစေချင်လို့ နေ့နေ့ညည အလုပ်လုပ်ခဲ့တယ်။+ ၁၀ ယုံကြည်သူ ခင်ဗျားတို့အပေါ် ကျွန်တော်တို့ ဘယ်လောက်တောင်  သစ္စာစောင့်သိခဲ့တယ်၊  ရိုးသားဖြောင့်မှန်ခဲ့တယ်၊ အပြစ်ပြောစရာမရှိအောင် နေခဲ့တယ်ဆိုတာ ခင်ဗျားတို့သာမက  ဘုရားသခင်လည်း  သက်သေရှိပါတယ်။ ၁၁ ဖခင်က+  သားသမီးတွေကို ဆက်ဆံသလိုမျိုး အားလုံးကို ကျွန်တော်တို့ အမြဲတိုက်တွန်းခဲ့တာ၊ အားပေးနှစ်သိမ့်ခဲ့တာ၊ နှိုးဆော်ခဲ့တာ ခင်ဗျားတို့အသိပါ။+ ၁၂ ဘုရားသခင်နှစ်သက်တဲ့ လမ်းစဉ်အတိုင်း ခင်ဗျားတို့ကို အသက်ရှင်စေချင်လို့ပါ။+ ဘုရားသခင်က ခင်ဗျားတို့ကို နိုင်ငံတော်ဝင်ခွင့်၊+ ဘုန်းအသရေခံစားခွင့်+ ပေးဖို့ ရွေးချယ်ထားပြီ။

၁၃ ခင်ဗျားတို့က  ဘုရားသခင်ရဲ့ တရားစကားကို  ကျွန်တော်တို့ဆီကနေ  ကြားသိရတဲ့အခါ လူတွေရဲ့စကားလို့ သဘောမထားဘဲ ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံခဲ့တယ်။ တကယ်လည်း ဘုရားသခင်ရဲ့ တရားစကားပါပဲ။ အဲဒီတရားစကားဟာ ယုံကြည်သူ ခင်ဗျားတို့ရဲ့ ရင်ထဲအထိ အကျိုးသက်ရောက်ခဲ့လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အမြဲချီးမွမ်းတယ်။+ ၁၄ ညီအစ်ကိုတို့၊ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ယုဒပြည်က  အသင်းတော်တွေကိုလည်း  ခင်ဗျားတို့  အတုယူနေတာပဲ။  ဂျူးတွေရဲ့ လက်ချက်ကြောင့် သူတို့ ဆင်းရဲဒုက္ခခံခဲ့ရသလို ခင်ဗျားတို့လည်း တစ်မြို့တည်းသားတွေရဲ့ လက်ချက်ကြောင့်  ဆင်းရဲဒုက္ခခံခဲ့ရတယ်။+ ၁၅ ဂျူးတွေက ပရောဖက်တွေကိုသာမက သခင်ယေရှုကိုတောင် ကွပ်မျက်ခဲ့သလို+ ကျွန်တော်တို့ကိုလည်း ညှဉ်းဆဲတယ်။+ ဘုရားသခင် နှစ်သက်တာကို မလုပ်တဲ့အပြင် လူတွေကိုလည်း အကျိုးပျက်အောင် လုပ်တယ်။ ၁၆ လူမျိုးခြားတွေ ကယ်တင်ခံရဖို့ ကျွန်တော်တို့ ဟောပြောနေတာကိုလည်း သူတို့ပိတ်ပင်တယ်။+ သူတို့ရဲ့အပြစ်တွေ များသည်ထက် များလာပြီ။ နောက်ဆုံးမှာ အမျက်တော်ကို ခံရဖို့ပဲ ရှိတော့တယ်။+

၁၇ ညီအစ်ကိုတို့၊ ခင်ဗျားတို့နဲ့ တစ်ခဏတာ ခွဲခွာနေရပေမဲ့ စိတ်ကတော့ ခင်ဗျားတို့ဆီ ရောက်နေတယ်။ ခင်ဗျားတို့နဲ့  တွေ့ချင်လွန်းလို့  တွေ့ ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ၁၈ ခင်ဗျားတို့ဆီ  လာချင်လို့   နှစ်ကြိမ်တောင် ကျွန်တော်ကြိုးစားခဲ့ပေမဲ့  စာတန် တားဆီးခဲ့တယ်။ ၁၉ သခင်ယေရှု ရောက်ရှိလာတဲ့အခါ သခင့်ရှေ့မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ ရွှင်လန်းမှု၊ ဂုဏ်ယူစရာ သရဖူဆိုလို့ ဘာများရှိလို့လဲ။  ခင်ဗျားတို့ပဲ  မဟုတ်လား။+ ၂၀ ခင်ဗျားတို့ဟာ တကယ်ပဲ ကျွန်တော်တို့ ဂုဏ်ယူစရာ၊ ရွှင်လန်းစရာပါပဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ