ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • မောရှေကို ယေဟောဝါ အားပေး (၁-၇)

      • အာရုန်ရဲ့တောင်ဝှေး မြွေကြီးဖြစ်သွား (၈-၁၃)

      • ကပ်ဘေး ၁– ရေတွေ သွေးဖြစ်သွား (၁၄-၂၅)

ထွက်မြောက်ရာ ၇:၁

ကျမ်းညွှန်းများ

  • +ထွ ၄:၁၄-၁၆၊ ၃၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၄၊ စာ. ၂၅

    ၈/၁/၂၀၀၂၊ စာ. ၁၅

    ၁/၁၅/၁၉၉၆၊ စာ. ၂၅

ထွက်မြောက်ရာ ၇:၃

ကျမ်းညွှန်းများ

  • +ထွ ၄:၂၁; ၇:၁၃၊ ၂၂; ၈:၁၅၊ ၁၉; ၉:၁၂၊ ၃၅; ၁၀:၂၀၊ ၂၇; ၁၁:၁၀; ၁၄:၈; ရ ၉:၁၇၊ ၁၈
  • +ထွ ၃:၁၉၊ ၂၀; ဆ ၁၀၅:၂၆၊ ၂၇; တ ၇:၃၆

ထွက်မြောက်ရာ ၇:၄

ကျမ်းညွှန်းများ

  • +ထွ ၁၂:၁၂၊ ၅၁

ထွက်မြောက်ရာ ၇:၅

ကျမ်းညွှန်းများ

  • +ထွ ၇:၁၇; ၈:၉၊ ၁၀၊ ၂၂; ၉:၂၉; ၁၄:၄

ထွက်မြောက်ရာ ၇:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၁၉၉၅၊ စာ. ၁၂

ထွက်မြောက်ရာ ၇:၇

ကျမ်းညွှန်းများ

  • +တရ ၃၄:၇; တ ၇:၂၂၊ ၂၃

ထွက်မြောက်ရာ ၇:၉

ကျမ်းညွှန်းများ

  • +ထွ ၄:၂၊ ၃

ထွက်မြောက်ရာ ၇:၁၁

ကျမ်းညွှန်းများ

  • +က ၄၁:၈; ၂တိ ၃:၈
  • +ထွ ၇:၂၀၊ ၂၂; ၈:၇၊ ၁၈; ၉:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၆၊ စာ. ၂၄

ထွက်မြောက်ရာ ၇:၁၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၆၊ စာ. ၂၄

ထွက်မြောက်ရာ ၇:၁၃

ကျမ်းညွှန်းများ

  • +ထွ ၇:၃

ထွက်မြောက်ရာ ၇:၁၄

ကျမ်းညွှန်းများ

  • +ထွ ၁၀:၁

ထွက်မြောက်ရာ ၇:၁၅

ကျမ်းညွှန်းများ

  • +ထွ ၄:၂၊ ၃

ထွက်မြောက်ရာ ၇:၁၆

ကျမ်းညွှန်းများ

  • +ထွ ၃:၁၈

ထွက်မြောက်ရာ ၇:၁၇

ကျမ်းညွှန်းများ

  • +ထွ ၇:၅; ၈:၉၊ ၁၀၊ ၂၂; ၉:၂၉; ၁၄:၄

ထွက်မြောက်ရာ ၇:၁၉

ကျမ်းညွှန်းများ

  • +ထွ ၈:၅
  • +ထွ ၉:၂၂; ၁၀:၁၂; ၁၄:၂၁

ထွက်မြောက်ရာ ၇:၂၀

ကျမ်းညွှန်းများ

  • +ဆ ၇၈:၄၄

ထွက်မြောက်ရာ ၇:၂၁

ကျမ်းညွှန်းများ

  • +ဆ ၁၀၅:၂၉
  • +ထွ ၇:၁၈၊ ၂၄

ထွက်မြောက်ရာ ၇:၂၂

ကျမ်းညွှန်းများ

  • +ထွ ၇:၁၁၊ ၁၂; ၈:၇၊ ၁၈; ၉:၁၁; ၂တိ ၃:၈
  • +ထွ ၃:၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၄၊ စာ. ၂၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၇:၁ထွ ၄:၁၄-၁၆၊ ၃၀
ထွ. ၇:၃ထွ ၄:၂၁; ၇:၁၃၊ ၂၂; ၈:၁၅၊ ၁၉; ၉:၁၂၊ ၃၅; ၁၀:၂၀၊ ၂၇; ၁၁:၁၀; ၁၄:၈; ရ ၉:၁၇၊ ၁၈
ထွ. ၇:၃ထွ ၃:၁၉၊ ၂၀; ဆ ၁၀၅:၂၆၊ ၂၇; တ ၇:၃၆
ထွ. ၇:၄ထွ ၁၂:၁၂၊ ၅၁
ထွ. ၇:၅ထွ ၇:၁၇; ၈:၉၊ ၁၀၊ ၂၂; ၉:၂၉; ၁၄:၄
ထွ. ၇:၇တရ ၃၄:၇; တ ၇:၂၂၊ ၂၃
ထွ. ၇:၉ထွ ၄:၂၊ ၃
ထွ. ၇:၁၁က ၄၁:၈; ၂တိ ၃:၈
ထွ. ၇:၁၁ထွ ၇:၂၀၊ ၂၂; ၈:၇၊ ၁၈; ၉:၁၁
ထွ. ၇:၁၃ထွ ၇:၃
ထွ. ၇:၁၄ထွ ၁၀:၁
ထွ. ၇:၁၅ထွ ၄:၂၊ ၃
ထွ. ၇:၁၆ထွ ၃:၁၈
ထွ. ၇:၁၇ထွ ၇:၅; ၈:၉၊ ၁၀၊ ၂၂; ၉:၂၉; ၁၄:၄
ထွ. ၇:၁၉ထွ ၈:၅
ထွ. ၇:၁၉ထွ ၉:၂၂; ၁၀:၁၂; ၁၄:၂၁
ထွ. ၇:၂၀ဆ ၇၈:၄၄
ထွ. ၇:၂၁ဆ ၁၀၅:၂၉
ထွ. ၇:၂၁ထွ ၇:၁၈၊ ၂၄
ထွ. ၇:၂၂ထွ ၇:၁၁၊ ၁၂; ၈:၇၊ ၁၈; ၉:၁၁; ၂တိ ၃:၈
ထွ. ၇:၂၂ထွ ၃:၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၇:၁-၂၅

ထွက်မြောက်ရာ

၇ ယေဟောဝါက မောရှေကို မိန့်မှာတယ်– “ဖာရောအတွက် ဘုရားသခင်အဖြစ် မင်းကို ငါခန့်လိုက်ပြီ။ မင်းအစ်ကိုအာရုန်က မင်းရဲ့ပရောဖက် ဖြစ်လိမ့်မယ်။+ ၂ ငါမိန့်မှာသမျှကို အာရုန်ကို ပြောပြလိုက်ပါ။ ဖာရောကို သူ စကားပြောလိမ့်မယ်။ ဖာရောက အစ္စရေးတွေကို တိုင်းပြည်ကနေ လွှတ်ပေးလိမ့်မယ်။ ၃ ဖာရော ခေါင်းမာမာနဲ့ငြင်းတာကို ငါခွင့်ပြုမယ်။+ အီဂျစ်ပြည်မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတာတွေ အများကြီး ငါလုပ်ပြဦးမယ်။+ ၄ မင်းတို့ပြောတာကို ဖာရောနားထောင်မှာ မဟုတ်ဘူး။ ဒါကြောင့် အီဂျစ်ပြည်ကို ငါ့လက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပြီးမှ ငါ့လူမျိုး အစ္စရေးလူစုကြီးကို ခေါ်ထုတ်မယ်။+ ၅ အီဂျစ်ပြည်ကို ငါ့လက်နဲ့ဒဏ်ခတ်ပြီး အစ္စရေးတွေကို ခေါ်ထုတ်တဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ အီဂျစ်တွေ ကောင်းကောင်းသိရလိမ့်မယ်။”+ ၆ မောရှေနဲ့အာရုန်လည်း ယေဟောဝါမိန့်မှာတဲ့အတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း လုပ်ဆောင်ကြတယ်။ ၇ ဖာရောရှေ့ဝင်ပြီး စကားပြောတဲ့အချိန်မှာ မောရှေက အသက် ၈၀၊ အာရုန်က ၈၃ နှစ်ရှိပြီ။+

၈ ယေဟောဝါက မောရှေနဲ့ အာရုန်ကို ပြောတယ်– ၉ “‘အံ့ဖွယ်အမှုတစ်ခု လုပ်ပြစမ်း’ လို့ ဖာရောပြောခဲ့ရင် ‘တောင်ဝှေးကို ပစ်ချလိုက်’ ဆိုပြီး အာရုန်ကို ပြောပါ။ တောင်ဝှေးဟာ မြွေကြီးတစ်ကောင် ဖြစ်သွားမယ်။”+ ၁၀ မောရှေနဲ့ အာရုန်လည်း ဖာရောဆီ သွားပြီး ယေဟောဝါမိန့်မှာတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်ကြတယ်။ အာရုန်က တောင်ဝှေးကို ဖာရောနဲ့ မင်းမှုထမ်းတွေရှေ့ ပစ်ချလိုက်တဲ့အခါ တောင်ဝှေးဟာ မြွေကြီးတစ်ကောင် ဖြစ်သွားတယ်။ ၁၁ အဲဒီအခါ ဖာရောက ပညာရှိတွေ၊ ပယောဂဆရာတွေကို ဆင့်ခေါ်လိုက်တယ်။ အီဂျစ်ပြည်က မှော်ဆရာတွေလည်း+ မှော်ပညာသုံးပြီး ထပ်တူလုပ်ပြကြတယ်။+ ၁၂ သူတို့ရဲ့တောင်ဝှေးတွေကို ပစ်ချတဲ့အခါ မြွေကြီးတွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ အာရုန်ရဲ့တောင်ဝှေးက သူတို့တောင်ဝှေးတွေကို မျိုပစ်လိုက်တယ်။ ၁၃ ဒါတောင် ဖာရောမင်း ခေါင်းမာနေတုန်းပဲ။+ ယေဟောဝါပြောခဲ့သလိုပဲ မောရှေနဲ့ အာရုန်ရဲ့ စကားကို နားမထောင်ဘူး။

၁၄ ဒါနဲ့ ယေဟောဝါက မောရှေကို ပြောတယ်– “ဖာရော ခေါင်းမာနေတုန်းပဲ။+ ငါ့လူမျိုးကို မလွှတ်ပေးချင်ဘူး။ ၁၅ မနက်ကျရင် ဖာရောက နိုင်းမြစ်ကို သွားလိမ့်မယ်။ နိုင်းမြစ်ကမ်းစပ်မှာ သူ့ကို သွားတွေ့ပါ။ မြွေဖြစ်သွားတဲ့ တောင်ဝှေးကိုလည်း ကိုင်သွားပါ။+ ၁၆ ပြီးတော့ သူ့ကိုပြောလိုက်– ‘ဟီဘရူးတွေရဲ့ဘုရားယေဟောဝါက ကျွန်တော့်ကို စေလွှတ်ပြီး+ “တောမှာ ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ” လို့ပြောခိုင်းပေမဲ့ အခုချိန်ထိ မင်းကြီးနားမထောင်ဘူး။ ၁၇ ဒါကြောင့် ယေဟောဝါပြောတာက “အခု ငါ့လက်ထဲက တောင်ဝှေးနဲ့ နိုင်းမြစ်ရေကို ရိုက်တဲ့အခါ မြစ်ရေဟာ သွေးဖြစ်သွားမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ ဒီနည်းနဲ့ မင်းသိရမယ်။+ ၁၈ ငါးတွေ သေကုန်တဲ့အတွက် နိုင်းမြစ်က ပုပ်စော်နံလိမ့်မယ်။ အီဂျစ်တွေလည်း နိုင်းမြစ်ရေကို သောက်လို့ရတော့မှာ မဟုတ်ဘူး။”’”

၁၉ အဲဒီနောက် ယေဟောဝါက မောရှေကို “‘အီဂျစ်ပြည်ရဲ့ရေတွေ၊ မြစ်တွေ၊ တူးမြောင်းတွေ၊ စိမ့်တောတွေ၊+ ရေလှောင်ကန်တွေပေါ်မှာ တောင်ဝှေးကို ဆန့်လိုက်။+ ရေတွေအားလုံး သွေးဖြစ်သွားမယ်’ လို့အာရုန်ကို ပြောပါ။ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ ရေတွေသာမက သစ်သားအိုးခွက်၊ ကျောက်အိုးခွက်ထဲက ရေတွေလည်း သွေးဖြစ်သွားမယ်” လို့ပြောတယ်။ ၂၀ မောရှေနဲ့ အာရုန်လည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း ချက်ချင်းလုပ်ကြတယ်။ ဖာရောနဲ့ မင်းမှုထမ်းတွေရှေ့မှာ နိုင်းမြစ်ရေကို တောင်ဝှေးနဲ့ ရိုက်လိုက်တဲ့အခါ မြစ်ရေဟာ သွေးဖြစ်သွားတယ်။+ ၂၁ ငါးတွေသေကုန်တော့+ မြစ်ရေ ပုပ်စော်နံလာတယ်။ အီဂျစ်တွေလည်း နိုင်းမြစ်ရေကို မသောက်နိုင်ကြတော့ဘူး။+ အီဂျစ်တစ်ပြည်လုံးမှာ သွေးတွေချည်းပဲ ဖြစ်နေတယ်။

၂၂ အီဂျစ်မှော်ဆရာတွေလည်း မှော်ပညာသုံးပြီး ထပ်တူလုပ်ပြကြတယ်။+ ဒါကြောင့် ဖာရောဟာ ခေါင်းမာနေတုန်းပဲ။ ယေဟောဝါ ပြောခဲ့တဲ့အတိုင်း နားမထောင်ဘူး။+ ၂၃ ဒီနောက် ဖာရောက နန်းတော်ကို ပြန်သွားတယ်။ ဒီကိစ္စကို လုံးဝအရေးမလုပ်ဘူး။ ၂၄ အီဂျစ်လူတွေက နိုင်းမြစ်ရေကို မသောက်နိုင်တော့လို့ နိုင်းမြစ်အနီးတစ်ဝိုက်မှာ သောက်ရေတွင်းတွေ တူးကြတယ်။ ၂၅ ဒီလိုနဲ့ နိုင်းမြစ်ကို ယေဟောဝါရိုက်ခဲ့တာ ခုနစ်ရက်တိတိ ကြာသွားပြီ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ