ဆာလံ
၁၁၈ ယေဟောဝါကိုကျေးဇူးတင်ကြပါ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်” လို့
အစ္စရေးတို့ ပြောကြပါစေ။
၃ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်” လို့
အာရုန်အမျိုး ပြောကြပါစေ။
၄ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်” လို့
ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတွေ ပြောကြပါစေ။
၅ ဒုက္ခရောက်ချိန်မှာ ယေဟောဝါဆီ ငါဆုတောင်းတယ်။
ယေဟောဝါက ဖြေကြားပြီး ဘေးကင်းတဲ့နေရာဆီ ခေါ်ဆောင်သွားတယ်။+
၆ ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။+
လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ။+
၇ ကူညီမစရှင်အဖြစ် ငါ့ဘေးမှာ ယေဟောဝါရှိတယ်။*+
ငါ့ကိုမုန်းတဲ့သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ငါကြည့်ရလိမ့်မယ်။+
၉ မင်းညီမင်းသားတွေကို အားကိုးတာထက်
ယေဟောဝါဆီမှာ ခိုလှုံတာ ပိုကောင်းတယ်။+
၁၀ လူမျိုးအားလုံး ငါ့ကို ဝိုင်းထားပေမဲ့
ယေဟောဝါရဲ့နာမည်ကို အားကိုးပြီး ငါတွန်းလှန်ခဲ့တယ်။+
၁၁ သူတို့ဝိုင်းထားလို့ ငါပိတ်မိနေပေမဲ့ ယေဟောဝါရဲ့နာမည်ကို အားကိုးပြီး
ငါတွန်းလှန်ခဲ့တယ်။
၁၂ သူတို့က ငါ့ကို ပျားလို ဝိုင်းအုံထားပေမဲ့
ဆူးချုံကိုလောင်တဲ့ မီးလို ချက်ချင်းငြိမ်းသွားတယ်။
ယေဟောဝါရဲ့ နာမည်ကို အားကိုးပြီး ငါတွန်းလှန်ခဲ့တယ်။+
၁၅ ဖြောင့်မတ်သူတွေရဲ့ တဲကနေ
ရွှင်မြူးသံတွေ၊ ကယ်တင်ခြင်း တေးသံတွေ ထွက်ပေါ်နေတယ်။
ယေဟောဝါရဲ့ ညာလက်က တန်ခိုးတော်ကို ဖော်ပြတယ်။+
၁၆ ယေဟောဝါက အောင်ပွဲခံတဲ့အနေနဲ့ ညာလက်ကို မြှောက်တယ်။
ယေဟောဝါရဲ့ ညာလက်က တန်ခိုးတော်ကို ဖော်ပြတယ်။+
၁၇ ငါသေလို့ မဖြစ်သေးဘူး။
ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေကို ကြေညာနိုင်ဖို့ ငါအသက်ရှင်နေရမယ်။+
၁၈ ယေဟောဝါက ငါ့ကို ပြင်းပြင်းထန်ထန် ဆုံးမပေမဲ့+
သေခြင်းလက်ထဲကိုတော့ မအပ်ခဲ့ဘူး။+
၁၉ ဖြောင့်မတ်ခြင်းတံခါးတွေကို ငါ့အတွက် ဖွင့်ပေးပါ။+
အဲဒီတံခါးတွေထဲ ငါဝင်ပြီး ယေဟောဝါကို ချီးမွမ်းမယ်။
၂၀ ဒါဟာ ယေဟောဝါရဲ့ တံခါးပဲ။
ဖြောင့်မတ်သူတွေ အဲဒီတံခါးထဲ ဝင်လိမ့်မယ်။+
၂၃ ဒီကျောက်ဟာ ယေဟောဝါဆီက လာတယ်။+
ငါတို့အမြင်မှာ အံ့သြစရာပဲ။+
၂၄ အဲဒီနေ့ဟာ ယေဟောဝါ စီစဉ်တဲ့နေ့ပဲ။
အဲဒီနေ့မှာ ငါတို့ ဝမ်းမြောက်ရွှင်လန်းရလိမ့်မယ်။
၂၅ အို ယေဟောဝါ၊ ကယ်တင်ပေးလှည့်ပါ၊ တောင်းပန်ပါတယ်။
ယေဟောဝါဘုရား၊ ကျွန်တော်တို့ကို အောင်ပွဲခံစေပါ။
၂၆ ယေဟောဝါရဲ့ နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။+
ယေဟောဝါရဲ့ အိမ်တော်ကနေ ငါတို့ကောင်းချီးပေးပါတယ်။
၂၇ ယေဟောဝါဟာ ဘုရားသခင်ပဲ။
ငါတို့ကို အလင်းပေးတယ်။+
သစ်ခက်တွေကိုင်ပြီး ပွဲတော်မှာ စီတန်းလှည့်လည်သူတွေနဲ့အတူ လိုက်သွားကြ။+
ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေဆီ ရောက်တဲ့အထိ တက်သွားကြ။+
၂၈ ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။ ကိုယ်တော့်ကို ချီးမွမ်းမယ်။
ဘုရားသခင်၊ ကိုယ်တော့်ကို ချီးမြှောက်မယ်။+
၂၉ ယေဟောဝါကို ကျေးဇူးတင်ကြ။+ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+