ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၂/၈ စာ. ၃
  • စစ်ပွဲနှင့်ယှဉ်နိုင်သည့် အသေအပျောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်ပွဲနှင့်ယှဉ်နိုင်သည့် အသေအပျောက်
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောင်ပွဲလည်းဖြစ် ဝမ်းနည်း ကြေကွဲဖွယ်လည်းဖြစ်
    နိုးလော့!—၁၉၉၈
  • မရဏ မဟာမိတ်ဖွဲ့ မှုတစ်ရပ်
    နိုးလော့!—၁၉၉၉
  • အဆုတ်ရောဂါ ပြန်ဖြစ်လာ
    နိုးလော့!—၁၉၉၇
  • တစ်ကမ္ဘာလုံးစုပေါင်းဖြေရှင်းခြင်း—ဖြစ်နိုင်ပါမည်လော
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၂/၈ စာ. ၃

စစ်ပွဲနှင့်ယှဉ်နိုင်သည့် အသေအပျောက်

အသက် ၂၃ နှစ်အရွယ်ရှိ မာရီလင်သည် ကိုယ်အလေးချိန်ကျသွားကာ အားအင်ကုန်ခန်းနေသည်ဟု ခံစားရချိန်တွင် မိမိ၏လက်ရှိကိုယ်ဝန်ကြောင့် တစ်ခုခုလုပ်ရမည်ဟု ယူဆခဲ့သည်။ ချောင်းမပြတ်ဆိုးနေရာ ယင်းအကြောင်း သူမ၏ဆရာဝန်ကို ပြောပြခဲ့သည်။ ဆရာဝန်က အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးဝင်နေကြောင်းပြောပြီး ပဋိဇီဝဆေးများကို ပေးသည်။ ယင်းနောက် ညချွေးများပြန်လာသည့်အခါ မာရီလင်မှာ အမှန်ပင် စိတ်ပူသွားသည်။ သူမ၏ဆရာဝန်ဆီပြန်သွားပြရာ ဆရာဝန်က ရင်ဘတ်တွင် ဓာတ်မှန်ရိုက်ဖို့ စီစဉ်ပေးလိုက်သည်။

ဓာတ်မှန်တွင်ပေါ်သည့်ပုံရိပ်အရ အရေးပေါ်ကုသမှုလိုအပ်သော်လည်း မာရီလင်ဆီသို့ဖုန်းဆက်၍ မရနိုင်ပါ။ “ဆရာဝန်ကိုယ်တိုင် ကျွန်မအမေဆီအရောက်သွားပြီး ကျွန်မဟာ တကယ့်ကို ရောဂါရနေကြောင်း အမေ့ကို ပြောပြလိုက်တယ်။ အမေက ကျွန်မကို လာရှာပြီး [ဆရာဝန်ဆီ] ချက်ချင်းသွားဖို့ ပြောတယ်။ ဓာတ်မှန်ထပ်ရိုက်ဖို့ ဆရာဝန်က ကျွန်မကို ဆေးရုံပို့ပေးပြီး ဆေးရုံတင်လိုက်ပါတယ်” ဟုမာရီလင်က ပြောသည်။

မိမိ တီဘီရောဂါဖြစ်နေကြောင်းသိလိုက်ရချိန်တွင် မာရီလင်ခမျာ အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။ မိမိ သေမည်ဟုထင်မိသော်လည်း တီဘီပျောက်ဆေးများဖြင့် ကုသလိုက်ပြီးနောက် မကြာမီတွင် ကျန်းမာရေးပုံမှန်ပြန်ဖြစ်လာသည်။

တီဘီဖြစ်ခြင်းကြောင့် မာရီလင်အံ့အားသင့်မည်ဆိုလည်း အံ့အားသင့်လောက်ပေသည်။ မကြာသေးမီကအထိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများစွာကပင် ဖွံ့ဖြိုးသောကမ္ဘာ့ဒေသများတွင် တီဘီကို အောင်နိုင်ပြီဟု ယုံကြည်ခဲ့ကြသည်။ “ပလိပ်ရောဂါနဲ့အတူ ပျောက်သွားပြီလို့ ကျွန်မထင်ခဲ့တာ။ ဒီမှာအလုပ်လာလုပ်တော့မှ ဒီရောဂါ အသက်ဆက်နေသေးတယ်၊ မြို့တွင်းပိုင်းမှာ အကြီးအကျယ်တိုးပွားနေတယ်ဆိုတာ သိလိုက်ရတယ်” ဟုလန်ဒန်မြို့ရှိ ဆေးခန်းတစ်ခုမှ လက်ထောက်ဆေးခန်းမှူးတစ်ဦးက ဆိုသည်။

တီဘီရောဂါပျောက်ကွယ်သွားသည့်ဒေသများတွင် ၎င်းတစ်ဖန်ပြန်ပေါ်လာသည်; ဆက်ရှိနေသည့်ဒေသများတွင် ဆိုးရွားစွာတိုးပွားလာသည်။ အောင်နိုင်ဖို့ဝေးစွ၊ တီဘီသည် စစ်၊ အစာငတ်မှုတို့နှင့် ယှဉ်နိုင်သည့် လူသတ်ကောင်ဖြစ်သည်။ သုံးသပ်ကြည့်ပါကုန်–

◼ ခေတ်သစ်ဆေးဝါးများ အံ့မခန်းလောက်အောင်တိုးတက်ပါလျက်ကယ် တီဘီရောဂါသည် လွန်ခဲ့သည့်အနှစ် တစ်ရာကျော်အတွင်း လူပေါင်းသန်း ၂၀၀ ခန့်ကို သေတွင်းသို့ပို့ခဲ့သည်။

◼ လူပေါင်းသန်း ၂,၀၀၀—ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ အထိ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်သော တီဘီကပ်ပါးပိုး စွဲကပ်ခံနေရပြီးဖြစ်သည်။ ထို့အပြင် စက္ကန့်တိုင်း လူတစ်ယောက် တီဘီကူးစက်ခံနေရသည်တကား!

◼ ၁၉၉၅ ခုနှစ်တွင် တီဘီရောဂါလုံးလုံးခံစားနေရသူ ၂၂ သန်းခန့်ရှိသည်။ သုံးသန်းနီးပါးအသက်ဆုံးခဲ့ရပြီး အများစုမှာ ဖွံ့ဖြိုးဆဲကမ္ဘာ့ဒေသများမှ ဖြစ်သည်။

တီဘီတိုက်ဖျက်သည့် အစွမ်းထက်ဆေးဝါးများရနိုင်ပါလျက်နှင့် ဤရောဂါသည် လူသားများအပေါ် အဘယ်ကြောင့် ဆက်၍ကပ်သင့်နေသနည်း။ ယင်းကို တစ်နေ့နေ့နှိမ်နင်းအောင်ပွဲဆင်နိုင်မည်လော။ ယင်းအန္တရာယ်မှ သင့်ကိုယ်ကိုကာကွယ်နိုင်သည့် နည်းရှိသလော။ လာမည့်ဆောင်းပါးများက ဤမေးခွန်းများကို ဖြေဆိုပေးပါလိမ့်မည်။

[Picture Credit Line on page 3]

New Jersey Medical School —National Tuberculosis Center

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ