ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၄/၈ စာ. ၂၃
  • အကောင်းဆုံး ကစားစရာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကောင်းဆုံး ကစားစရာများ
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကာတွန်းဗီဒီယိုတွေကို စိတ်နှလုံးရိုးဖြောင့်သူတွေ ကြိုက်ကြ
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • အလုပ်လုပ်ဖို့ လိုအပ်ရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • တီထွင်ကြံဆပြီး ကစားခြင်းရဲ့ အကျိုးကျေးဇူးများ
    မိသားစုအတွက် အကူအညီ
  • ဘာက တကယ် အရေးကြီးသလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နိုးလော့!—၂၀၀၅
န၀၅ ၄/၈ စာ. ၂၃

အကောင်းဆုံး ကစားစရာများ

ကျွန်ုပ်၏ကလေးအတွက် အဘယ်ကစားစရာမျိုး ဝယ်ပေးသင့်သနည်း။ ငွေမည်မျှအကုန်ခံသင့်သနည်း။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ဤမေးခွန်းများကို ကြိမ်ဖန်များစွာ မေးကောင်းမေးပေမည်။ သတင်းကောင်းမှာ တန်ဖိုးအနည်းဆုံးသည် အကောင်းဆုံးကစားစရာများ ဖြစ်ပေမည်။

“မလှုပ်မယှက်ထိုင်ကြည့်နေခြင်းထက် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား စူးစမ်းလေ့လာခြင်းက ကလေးများအတွက် ပို၍အကျိုးရှိသည်၊ သို့ဖြစ်၍ စိတ်ကူးဖြင့်ဖန်တီးနိုင်သည့် ရိုးရိုး ကစားစရာများသည် သင့်ကလေးငယ်၏လုပ်ဆောင်ရည်ကို ကန့်သတ်ထားသည့် ကြွားဝါစရာ ဘက်ထရီအားသုံးကားများ သို့မဟုတ် စကားပြောအရုပ်များထက် သာ၍ကောင်း၏”ဟု ဉာဏ်စွမ်းမြှင့်တင်—သင်ယူခြင်းကိုမြတ်နိုးလာရန် ကလေးများကို ပျိုးထောင်ပေးခြင်း စာအုပ်ကဆိုသည်။ ဒုတိယကစားစရာ အမျိုးအစားများသည် “အစပထမတွင် ကလေးများအတွက် ပျော်စရာကောင်းသော်လည်း စမ်းသပ်စူးစမ်းဖန်တီး၍မရသောကြောင့် မကြာခင် ၎င်းကစားစရာများကို စိတ်ဝင်စားတော့မည်မဟုတ်ချေ။”

ကလေး၏အသက်အရွယ်အလိုက် စိတ်ဝင်စားစရာကောင်းသည့် ရိုးရိုးကစားစရာများတွင် ဆောက်လုပ်ရေးသစ်တုံးများ၊ သေတ္တာခွံများ၊ စာရွက်များ၊ အနုပညာပစ္စည်းများအပြင် သဲနှင့်ရေ အစရှိသည်တို့ ပါဝင်သည်။ “လယ်ယာသုံးတိရစ္ဆာန်ကဲ့သို့သော ကစားစရာအရုပ်လေးများသည် [ကလေးအား] အတွဲလိုက်၊ အုပ်စုလိုက် ရွေးချယ်ခွဲခြားစေကာ နှိုင်းယှဉ်ခွင့်ရရှိစေပြီး ဇာတ်လမ်းများ ဖန်တီးပြောဆိုခြင်းဖြင့် သူ၏ဘာသာစကားစွမ်းရည် တိုးတက်လာစေလိမ့်မည်” ဟုဉာဏ်စွမ်းမြှင့်တင်စာအုပ်က ဆို၏။ အကယ်၍ သင်သည် ဆူညံသံကို ခံနိုင်ဖို့ အသင့်ရှိနေမည်ဆိုလျှင် တူရိယာရိုးရိုးလေးများကို ဝယ်ပေးရန် ထိုစာအုပ်ကပင် အကြံပြုသည်၊ အကြောင်းမှာ ကလေးများသည် အသံနေအသံထားများကို လေ့လာစူးစမ်းခွင့်ရရှိမည်ဖြစ်သည်။

ကလေးများတွင် ထက်မြက်သော စိတ်ကူးဉာဏ်များရှိကြရာ သူတို့သည် သင်ယူလိုစိတ်ရော ကစားလိုစိတ်ပါ ပြင်းပြကြသည်။ ထို့ကြောင့် ကလေးများအတွက် ကစားစရာများကို ပညာရှိရှိ ရွေးချယ်ပေးခြင်းအားဖြင့် အဆိုပါကဏ္ဍသုံးရပ်စလုံးတွင် ထောက်ကူပေးနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ