ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၉/၈ စာ. ၁၉
  • နိုးလော့! ဖတ်ရှုခြင်းဖြင့် သတိပေးခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုးလော့! ဖတ်ရှုခြင်းဖြင့် သတိပေးခံရ
  • နိုးလော့!—၂၀၀၅
နိုးလော့!—၂၀၀၅
န၀၅ ၉/၈ စာ. ၁၉

နိုးလော့! ဖတ်ရှုခြင်းဖြင့် သတိပေးခံရ

နိုးလော့! ကိုမှန်မှန်ဖတ်ရှုသူများသည် ယင်းဆောင်းပါးများ၏ တန်ဖိုးကိုသဘောပေါက်ကြသည်။ လွန်ခဲ့သောဒီဇင်ဘာလက ထိုင်းနိုင်ငံ၊ ကဦလပ်ခ်ကမ်းခြေတွင် အပန်းဖြေခရီးထွက်နေသူ ဂျာမန်လူမျိုးမောင်နှံစုံတစ်စုံအတွက်မူ ၂၀၀၁၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! ပါ “ဖျက်ဆီးတတ်သောလှိုင်းလုံးများ—ဒဏ္ဍာရီများနှင့် ဖြစ်ရပ်မှန်များ” ခေါင်းစဉ်ရှိ ဆောင်းပါးသည် ထူးကဲတန်ဖိုးရှိကြောင်း တွေ့ရှိခဲ့သည်။

ဂျာမန်သတင်းစာ ဖရန်ကန်ပိုစ် (ဇဲလ်ဘာတာ့ဂ်ဘလပ်) ကထိုမောင်နှံစုံ၏ အတွေ့အကြုံကို ဤသို့ဖော်ပြသည်–“‘ကျွန်မတို့ရေကူးနေခဲ့ကြတာ’ ဟု ရိုစဝီသာ ဂေဇယ်လ် ကပြန်ပြောပြသည်။ ပင်လယ်တွင် ရေကူးပြီးနောက် အဝတ်အစားလဲရန် ဟိုတယ်သို့သူတို့ပြန်သွားကြသည်။ ထို့နောက် သူတို့ကမ်းခြေသို့ ပြန်လာသည့်အခါ တွေ့လိုက်ရသော ထူးခြားထိတ်လန့်ဖွယ်မြင်ကွင်းကို ရေနာ ဂေဇယ်လ်က ဤသို့ပြောပြသည်– ‘ဆယ်မိနစ်လောက်အကြာမှာ ကျွန်တော်တို့ ကမ်းခြေကိုပြန်လာကြတဲ့အခါ ပင်လယ်မရှိတော့ဘူးဗျ။’ ကမ်းခြေမှ ခုနစ်ကီလိုမီတာ (လေးမိုင်) ခန့်အကွာရှိ ကျောက်ဆောင်တန်းအထိ တွေ့မြင်ရသည်မှာ ပင်လယ်ကြမ်းပြင်သာဖြစ်သည်။ ‘ရေကူးနေတဲ့သူအားလုံး ပင်လယ်ထဲမြောပါသွားခဲ့တယ်။’

“ဂေဇယ်လ်မောင်နှံစုံသည် နိုးလော့! မဂ္ဂဇင်းတွင်ပါသော ဆောင်းပါးကြောင့် အသက်ချမ်းသာရခဲ့သည်။” ထိုဆောင်းပါးက ဆူနာမီရေလှိုင်းများအရင် ထူးခြားစွာဒီရေကျတတ်ကြောင်း ရှင်းပြထားသည်။ “အဝေးမှ ဧရာမလှိုင်းလုံးကြီးကို သူတို့တွေ့လိုက်သည်နှင့် လှည့်ထွက်ပြေးခဲ့ကြသည်။

“ရေနံရံကြီးသည် ၁၂ မှ ၁၅ မီတာ [ပေ ၄၀ မှ ၅၀] ခန့်အမြင့်ရှိနိုင်သည်ဟု ရေနာ ဂေဇယ်လ်က ပြန်ပြောပြသည်။ သူမှတ်မိသော အဆိုးဝါးဆုံးမြင်ကွင်းတစ်ခုမှာ ကမ်းခြေရှိ အခြားကမ္ဘာလှည့်ခရီးသည်များ ပင်လယ်ကိုအံ့သြတကြီး ရပ်၍ငေးကြည့်နေကြခြင်းဖြစ်သည်။ ‘သူတို့ တုတ်တုတ်တောင်မလှုပ်ကြဘူး။ လုံခြုံတဲ့နေရာကိုပြေးကြပါလို့ ကျွန်တော်အော်ပြောလိုက်ပေမဲ့ ဘယ်သူမှနားမထောင်ဘူး။’ သူတို့ထဲမှ တစ်ဦးမျှ မလွတ်မြောက်ခဲ့။”

ဂေဇယ်လ်မောင်နှံစုံနှင့် ပတ်သက်၍လည်း သတင်းစာဆောင်းပါးက ဤသို့ဆိုသေးသည်– “ယေဟောဝါသက်သေများအနေနှင့် သူတို့အပန်းဖြေခရီးထွက်ချိန်အတွင်း ကဦလပ်ခ်ကမ်းခြေမှ ၁၄၀ ကီလိုမီတာ [၈၅ မိုင်] ဝေးသော အနီးဆုံးအသင်းတော်နှင့် ပေါင်းသင်းခဲ့ကြသည်။ သူတို့၏ယုံကြည်သူချင်းများသည် ရုတ်တရက်ဖြစ်ခဲ့သည့် ထိုဘေးအကြောင်း ကြားသောအခါ အသင်းတော်တစ်ခုလုံး ကဦလပ်ခ်ကမ်းခြေမှာ သူတို့ကိုလာရှာကြသည်။”

ယခု ဂျာမနီနိုင်ငံသို့ ချောချောမောမော ပြန်ရောက်နေကြသော ဤမောင်နှံစုံသည် နိုးလော့! ပါ အဖိုးတန်အကြောင်းအရာအတွက် မည်မျှတန်ဖိုးထားလေးမြတ်ကြပါသည်တကား! ထို့ပြင် သူတို့ကို ကူညီပေးခဲ့ကြသော ထိုင်းလူမျိုး၊ အထူးသဖြင့် စစ်မှန်သောခရစ်ယာန်မေတ္တာပြခဲ့ကြသော သူတို့၏ ဝိညာဉ်ရေးညီအစ်ကိုများကို ကျေးဇူးတင်လိုက်ကြမည်ဖြစ်ခြင်း!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ