ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၀၇ စာ. ၂၀
  • “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • “အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၀/၀၇ စာ. ၂၀

“ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”

◼ ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြရန် ဘုရားသခင်အားဝတ်ပြုသူများကို သမ္မာကျမ်းစာက ထပ်တလဲလဲ အားပေးထားသည်။ ဆာလံ ၉၂:၁၊ ၃ တွင် ‘ယေဟောဝါ၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် လျောက်ပတ်ပေ၏’ ဟုဖော်ပြထားသည်။ အလားတူ တမန်တော်ပေါလုကလည်း “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့” ဟုသတိပေးသည်။—ကောလောသဲ ၃:၁၅။

ကျေးဇူးတင်လေးမြတ်ရန် အကြောင်းကောင်းရှိ၏။ ဒေးဗစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခ ရောဘတ်အဲမ်မန်စ်က ဤသို့ပြောခဲ့သည်– “ကျေးဇူးတင်လေးမြတ်မှုအကြောင်း သုတေသနပြုသူများက ကျေးဇူးသိတတ်သောသဘောထားသည် နေ့စဉ်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ အထူးသဖြင့် ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်နှင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားသည့်သဘော မွေးမြူရာတွင် လူတို့အား အံ့ဖွယ်ကောင်းလောက်အောင် အကျိုးပြုသည်ဟု စတင်ပြောဆိုနေကြပြီ။”

တိုင်းမ် မဂ္ဂဇင်းကလည်း အခြားအကျိုးကျေးဇူးများကို ထောက်ပြသည်– “ကျေးဇူးတင်လေးမြတ်သောသဘောရှိကြောင်း တင်ပြသူများသည် . . . စွမ်းဆောင်ရည်ပိုမြင့်မားကြပြီး ပို၍အကောင်းမြင်တတ်ကြသည်။ အခြားသူများထက် ဖိစီးမှုလျော့နည်းပြီး ပြင်းထန်သည့်စိတ်ကျဝေဒနာဖြစ်စရာအကြောင်း ပိုနည်းပါးသည်။”

သို့သော်၊ ဝမ်းနည်းစရာမှာ ‘နောက်ဆုံးသောကာလတွင်’ လူအများသည် “မိမိကိုယ်ကိုချစ်သောသူ” နှင့် “ကျေးဇူးမရှိသောသူ” များဖြစ်ကြောင်း ပြသကြလိမ့်မည်ဟု သမ္မာကျမ်းစာက ကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၁-၅) ခရစ်ယာန်စစ်များသည် ဤသဘောထားမျိုး ကူးစက်မခံရစေရန် မည်သို့ရှောင်နိုင်သနည်း။ သမ္မာကျမ်းစာ၏အာဘော်ရှင်က ဤသို့မိန့်တော်မူသည်– ‘ယေဟောဝါ မိန့်တော်မူသည်ကား ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင်ဖြစ်၏။’ (ဟေရှာယ ၄၈:၁၇) ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်များကို လိုက်နာခြင်းဖြင့် ကိုယ်ကျိုးရှာလမ်းစဉ်လိုက်စားသူများခံစားရသည့် စိတ်ဆင်းရဲစရာများစွာကို ရှောင်ရှားနိုင်ပါသည်။ ထို့ ပြင် ယေဟောဝါသည် ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်မှုများကို တွေ့ မြင်တော်မူပြီး ယင်းနှင့်အညီဆုချမည်ဟူသော အာမခံချက်ကို ကျွန်ုပ်တို့ရရှိထားကြသည်။ (ဟေဗြဲ ၆:၁၀) ဤသို့သောအကျိုးကျေးဇူးများက ‘ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြ’ ရန်ကျွန်ုပ်တို့အား လှုံ့ဆော်ပေးပါသည်။—ဆာလံ ၁၀၇:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ