ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၇ စာ. ၆
  • ၂။ ပွင့်လင်းရိုးသားမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂။ ပွင့်လင်းရိုးသားမှု
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ—တကယ်ပဲ “စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တာလား
    နိုးလော့!—၂၀၁၇
  • သမ္မာကျမ်းစာက လူ့ဉာဏ်ပညာနဲ့ ရေးထားတဲ့ စာအုပ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သမ္မာကျမ်းစာ—ထူးခြားသောစာအုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေရှုအကြောင်း ရေးသားခဲ့သူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၁/၀၇ စာ. ၆

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရသည့် အကြောင်းရင်းများ

၂။ ပွင့်လင်းရိုးသားမှု

ယုံကြည်စိတ်ချမှုသည် ပွင့်လင်းရိုးသားမှုအပေါ် အခြေပြုသည်။ ပွင့်လင်းရိုးသားသူအဖြစ် နာမည်ကောင်းရှိထားသူတစ်ဦးသည် သင်၏ယုံကြည်စိတ်ချမှုကို ရနိုင်သော်လည်း ၎င်းသည် သင့်အား တစ်ကြိမ်သာ လိမ်ညာလိုက်ပါက သင်၏ယုံကြည်စိတ်ချမှုကို ဆုံးရှုံးရပေမည်။

ကျမ်းရေးသူများသည် ပွင့်လင်းရိုးသားသူများဖြစ်ကြသည်။ ၎င်းတို့၏အရေးအသားများသည် ယုံကြည်စိတ်ချရကြောင်း ၎င်းတို့၏ပွင့်လင်းရိုးသားမှုက အထင်အရှားဖော်ပြသည်။

အားနည်းချက်များ။

ကျမ်းရေးသူများသည် မိမိတို့၏အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံခဲ့ကြ၏။ မောရှေသည် မိမိအမှားပြုမိသဖြင့် ဆိုးရွားသောအကျိုးဆက်များ ခံစားခဲ့ရကြောင်း ပြောပြသည်။ (တောလည်ရာ ၂၀:၇-၁၃) အာသပ်သည် တစ်ချိန်တွင် လူဆိုးများ၏ဘဝ ကောင်းစားနေသည်ကို မနာလိုဖြစ်မိကြောင်း ရှင်းပြခဲ့၏။ (ဆာလံ ၇၃:၁-၁၄) ယောနသည် မနာခံခဲ့ကြောင်း၊ နောင်တရသောအပြစ်သားများအပေါ် ဘုရားသခင် သနားကြင်နာမှုပြသောအခါ အစပိုင်းတွင် မိမိ၌ အပျက်သဘောထားရှိခဲ့ကြောင်း ၎င်းကပြောပြ၏။ (ယောန ၁:၁-၃; ၃:၁၀; ၄:၁-၃) မဿဲသည် ယေရှုအဖမ်းခံရသည့်ညတွင် မိမိကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြသည်။—မဿဲ ၂၆:၅၆။

ဟေဗြဲကျမ်းစောင်များကို ရေးသားခဲ့သူတို့သည် မိမိတို့အမျိုးသားချင်းများ၏ ထပ်ခါတလဲလဲ ညည်းတွားမြည်တမ်းမှုနှင့် ပုန်ကန်မှုတို့ကို ထုတ်ဖော်ရေးသားခဲ့ကြ၏။ (၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆) အဆိုပါကျမ်းရေးသူတို့သည် မိမိတို့တိုင်းပြည်၏ အုပ်စိုးရှင်များအကြောင်းကိုပင် မချန်ဘဲ ရေးသားခဲ့ကြလေသည်။ (ယေဇကျေလ ၃၄:၁-၁၀) တမန်တော်များ၏စာများတွင်လည်း တာဝန်ရှိသူများအပါအဝင် ခရစ်ယာန်တစ်ဦးချင်းစီနှင့် အေဒီပထမရာစုရှိ အသင်းတော်တချို့ တွေ့ကြုံခဲ့ရသည့် ကြီးလေးသောပြဿနာများကို ပွင့်ပွင့်လင်းလင်း တင်ပြထားကြသည်။—၁ ကောရိန္သု ၁:၁၀-၁၃; ၂ တိမောသေ ၂:၁၆-၁၈; ၄:၁၀။

ယောနကဲ့သို့သော ကျမ်းရေးသူတို့သည် မိမိတို့၏အမှားများကို မှတ်တမ်းတင်ခဲ့ကြ

မနှစ်မြို့ဖွယ်ရာ အမှန်တရား။

ကျမ်းရေးသူတို့သည် စိတ်အနှောင့်အယှက်ဖြစ်စေသော အမှန်တရားဟု တချို့ယူဆကောင်းယူဆကြမည့်အရာကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ကြချေ။ ပထမရာစုခရစ်ယာန်များသည် လောက၏ချီးမွမ်းမှုကို ခံရမည့်အစား စဉ်းစားဉာဏ်မဲ့သူ၊ ယုတ်ညံ့သူအဖြစ် အထင်အမြင်သေးခံရကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ကြသည်။ (၁ ကောရိန္သု ၁: ၂၆-၂၉) ယေရှု၏တမန်တော်များသည် “ပညာတတ်များမဟုတ်၊ သာမန်လူများ” သာဖြစ်သည်ဟု ရှုမြင်ခံရကြောင်း ကျမ်းရေးသူများက ဖော်ပြခဲ့ကြသည်။—တမန်တော် ၄:၁၃၊ ကဘ။

ခရစ်ဝင်ကျမ်းရေးသူများသည် ယေရှုကို ပို၍အထင်ကြီးစေရန် အဖြစ်မှန်များကို လိုရာဆွဲ၍မပြောခဲ့ကြချေ။ ယင်းအစား ယေရှုသည် အလုပ်သမားလူတန်းစားမိသားစုတွင် နိမ့်ကျသောအခြေအနေဖြင့် မွေးဖွားလာခဲ့ကြောင်း၊ သူ့ခေတ်က နာမည်ကြီးကျောင်းများတွင် စာမသင်ခဲ့ရကြောင်း၊ သို့နှင့် ကိုယ်တော်၏တရားကို နားထောင်သူအများစုက လက်မခံခဲ့ကြကြောင်း ရိုးသားပွင့်လင်းစွာ ဖော်ပြခဲ့ကြသည်။—မဿဲ ၂၇:၂၅; လုကာ ၂:၄-၇; ယောဟန် ၇:၁၅။

ကျမ်းစာကို ပွင့်လင်းရိုးသားသူများက ရေးသားခဲ့ကြောင်း လုံလောက်သော အထောက်အထားများကို သမ္မာကျမ်းစာကဖော်ပြသည်မှာ ရှင်းနေပါသည်။ ၎င်းတို့၏ပွင့်လင်းရိုးသားမှုကြောင့် သမ္မာကျမ်းစာကို သင်ယုံကြည်စိတ်ချနိုင်သည် မဟုတ်ပေလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ