ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၁ စာ. ၃
  • သင်ဟာ ‘ထူးဆန်းစွာ ဖန်ဆင်းခံရ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ဟာ ‘ထူးဆန်းစွာ ဖန်ဆင်းခံရ’
  • နိုးလော့!—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • စွမ်းအင်ချွေတာခြင်းအကြောင်း သိသင့်သိအပ်ရာ
    နိုးလော့!—၂၀၁၇
  • ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သတ္တဝါတွေရဲ့ စွမ်းအင်အသုံးပြုမှု
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဖန်ဆင်းခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၁
န ၅/၁၁ စာ. ၃

သင်ဟာ ‘ထူးဆန်းစွာ ဖန်ဆင်းခံရ’

တိရစ္ဆာန်အမျိုးမျိုးရဲ့ အံ့သြဖွယ်လုပ်ဆောင်နိုင်စွမ်းတွေကိုစဉ်းစားကြည့်တဲ့အခါ သူတို့လို လုပ်နိုင်ရင်ကောင်းမှာပဲလို့ သင် ခံစားဖူးသလား။ ပင်လယ်စင်ရော်လို ပျံသန်းချင်မယ်၊ လင်းပိုင်လို ကူးခတ်ချင်မယ်၊ လင်းယုန်လို အမြင်အာရုံရချင်မယ်၊ တောလိုက်ကျားသစ်လို ပြေးလွှားချင်မှာပဲ။

တိရစ္ဆာန်တွေမှာ အံ့သြလောက်ဖွယ်လုပ်ဆောင်နိုင်စွမ်းတချို့ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ရှိပါတယ်။ တကယ်ဆိုရင် လူ့ကိုယ်ခန္ဓာကို ပြည့်စုံကောင်းမွန်တဲ့စက်ယန္တရား ဆိုပြီးဖော်ညွှန်းကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက စက်ယန္တရားထက် ပိုပြီးစွမ်းဆောင်နိုင်တာ သေချာတယ်။ ကျွန်တော်တို့မှာ တီထွင်နိုင်စွမ်း၊ စိတ်ကူးနိုင်စွမ်း၊ ကြံဖန်လုပ်ဆောင်နိုင်စွမ်းနဲ့ စူးစမ်းလိုစိတ် စတဲ့အရည်အသွေးတွေရှိပြီး ဒါတွေက စဉ်းစားမိရာမှန်သမျှနီးပါးကို တကယ်ဖြစ်စေမယ့် စက်ယန္တရားတွေ တီထွင်ဖန်တီးဖြစ်အောင် လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့က အသံထက်ပိုမြန်တဲ့နှုန်းနဲ့တောင် ပျံသန်းနိုင်တယ်၊ ကျယ်ပြောလှတဲ့သမုဒ္ဒရာကြီးတွေရဲ့ ရေပေါ်ရေအောက်ကနေ သွားချင်တဲ့နေရာကို တန်းတန်းမတ်မတ်ရောက်အောင်သွားနိုင်တယ်၊ အာကာသထဲ အလင်းနှစ် ၁၄ ဘီလီယံလောက် ဝေးတဲ့နေရာအထိ ကြည့်ရှုနိုင်တယ်၊ သက်ရှိဆဲလ်ကို အနီးကပ်ကြည့်ရှုနိုင်တယ်၊ ရောဂါတွေကို ရှာဖွေကုသရာမှာထောက်ကူပေးတဲ့ ဆေးဝါး၊ ကုထုံးနဲ့ နည်းပညာတွေ ပုံစံပြုထုတ်လုပ်နိုင်တယ်။

ကျန်းမာပြီး ကောင်းကောင်းလေ့ကျင့်ထားတဲ့ လူသားတွေဟာ ပြင်ပအကူအညီအနည်းငယ် ဒါမှမဟုတ် ဘာမှမပါဘဲနဲ့တောင် အံ့သြဖွယ်ကောင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်ကြတယ်။ ဥပမာ၊ အိုလံပစ်အားကစားပွဲမှာ ကျွမ်းဘားသမား၊ ဒိုင်ဗင်ထိုးသူ၊ ရေခဲပြင်စကိတ်စီးသူ၊ နှင်းလျှောစီးသူတွေနဲ့ တခြားအားကစားသမားတွေဟာ ပေါ့ပါးသွက်လက်စွာ၊ ကျွမ်းကျင်ပြောင်မြောက်စွာ၊ တီထွင်ကြံဆပြီး လှပညက်ညောစွာ စွမ်းဆောင်ကာ ပရိသတ်တွေကို ပါးစပ်အဟောင်းသားနဲ့ အံ့သြမိန်းမောသွားစေတယ်။

လူသားတစ်ဦးအနေနဲ့ သင့်မှာရှိတဲ့ ထူးခြားတဲ့အရည်အသွေးတွေကို ကျေးဇူးတင်လေးမြတ်ပါသလား။ သင်ဟာ အိုလံပစ်အားကစားသမားတစ်ဦး မဟုတ်ရင်တောင်မှ ကျေးဇူးတင်ဖို့ကောင်းတဲ့ ဆုလက်ဆောင်တွေ သင့်မှာရှိပါတယ်။ ရှေးခေတ်ကျမ်းရေးသူတစ်ဦးက သူရဲ့ကျေးဇူးတင်လေးမြတ်မှုကို ဘုရားသခင်ဆီ ချီးမွမ်းသီချင်းဆိုရာမှာ ဒီလိုပြောခဲ့တယ်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည် (ဖန်ဆင်းခံရသည်၊ ကဘ) ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။”a (ဆာလံ ၁၃၉:၁၄) ဒီကျမ်းစကားကို စိတ်ထဲထားပြီး နောက်ပိုင်းဆောင်းပါးတွေကို ဆက်ဖတ်ကြည့်ပါ။ အဲဒီဆောင်းပါးတွေမှာ လူ့ကိုယ်ခန္ဓာရဲ့ ထူးခြားတဲ့ကဏ္ဍတချို့ကို အသေးစိတ်ကျကျဆွေးနွေးမယ့်အပြင် ကျွန်တော်တို့ကို တစ်မူထူးခြားစေတဲ့ ပိုအရေးကြီးတဲ့အရည်အသွေးတွေကိုလည်း သုံးသပ်ပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

a ဖန်ဆင်းခြင်းနဲ့ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာအကြောင်းအရာတွေကို စိတ်ဝင်စားတဲ့ စာဖတ်သူတွေက သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော နဲ့ သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု (အင်္ဂလိပ်) ကိုဖတ်လိုပါလိမ့်မယ်။ ဒီဘရိုရှာတွေကို ဒေသခံ ယေဟောဝါသက်သေတွေဆီကနေ (သို့) ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီကနေ ရယူနိုင်ပါတယ်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

စွမ်းအင်ချွေတာတဲ့နည်းနဲ့ ပြုလုပ်ခံရ

ကျွန်တော်တို့ရဲ့မတ်တတ်အနေအထားက စွမ်းအင်ကို များစွာချွေတာထားတယ်၊ အကြောင်းက ကျွန်တော်တို့ မတ်တတ်အနေအထားရှိစေဖို့ ကြွက်သားလုပ်ဆောင်မှု အနည်းငယ်သာ လိုအပ်လို့ပဲ။ တကယ်တော့၊ ကျွန်တော်တို့ ‘မတ်တတ်ရပ်တဲ့အခါ လဲလျောင်းတဲ့အနေအထားထက် စွမ်းအင် ၇% သာပိုအသုံးပြုရတယ်’ လို့ အာရုံကြော သုတေသီ ဂျွန် အာ. စကွိုင်း ကဆိုတယ်။ ခွေးတစ်ကောင်ဟာ (ခြေလေးချောင်းစလုံးနဲ့) မတ်တတ်ရပ်တဲ့အခါ လဲလျောင်းတဲ့အနေအထားထက် စွမ်းအင် ၇၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုရတယ်လို့ သူဆက်ပြောတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ