ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၁ စာ. ၇-၈
  • သင့်ငွေကြေးကို ဘယ်လို စီမံသုံးစွဲမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ငွေကြေးကို ဘယ်လို စီမံသုံးစွဲမလဲ
  • နိုးလော့!—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုဘတ်ဂျက်
  • ပိုသာလွန်တဲ့ပျော်ရွှင်မှု
  • ငွေသုံးချင်စိတ်ကို ငါဘယ်လို ချုပ်တည်းနိုင်မလဲ
    နိုးလော့!—၂၀၀၆
  • သင်၏ငွေကို ပညာရှိစွာ အသုံးပြုပါ
    နိုးလော့!—၂၀၀၉
  • ငွေကြေးကို စီမံသုံးစွဲခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ငွေကြေး စီမံသုံးစွဲပါ
    နိုးလော့!—၂၀၂၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၁
န ၉/၁၁ စာ. ၇-၈

သင့်ငွေကြေးကို ဘယ်လို စီမံသုံးစွဲမလဲ

အခြေခံအားဖြင့် ငွေကြေးစီမံသုံးစွဲနိုင်တဲ့နည်းသုံးနည်းရှိတယ်– (၁) သုံးပါ၊ (၂) စုဆောင်းပါ၊ (၃) ပေးကမ်းပါ။ ဒီနည်းအားလုံးက ဘတ်ဂျက်ရှိဖို့လိုအပ်တယ်။ ဘတ်ဂျက်တစ်ခု ဘယ်လိုဆွဲနိုင်သလဲဆိုတာ ကြည့်ကြရအောင်။

စီးပွားရေးကျဆင်းမှုကြီးကြောင့်ရခဲ့တဲ့ အရေးကြီးဆုံးသင်ခန်းစာကတော့ ကောင်းစွာစီစဉ်ထားတဲ့ဘတ်ဂျက်နဲ့အညီ နေထိုင်ခြင်းက ပညာရှိလမ်းစဉ်ဖြစ်တယ် ဆိုတာပဲ။ ဘတ်ဂျက်ဆိုတာ ဘာလဲ။ ရိုးရိုးလေးပြောရမယ်ဆိုရင် တစ်ဦးချင်း၊ မိသားစုလိုက်၊ စီးပွားရေးသမား (သို့) အစိုးရပဲဖြစ်ဖြစ် ဝင်ငွေကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ ခန့်မှန်းငွေစာရင်းဖြစ်တယ်။

မိသားစုဘတ်ဂျက်

ဘတ်ဂျက်ကို ဘယ်လိုရေးဆွဲမလဲ။ “ဘတ်ဂျက်ရေးဆွဲတဲ့အခါ မိသားစုဝင်အားလုံး ပါဝင်သင့်တယ်၊ ဒါမှလည်း ရေးဆွဲထားတဲ့ဘတ်ဂျက်အတိုင်း လိုက်နာဖို့တာဝန်ရှိတယ်လို့ အားလုံးခံစားရမှာဖြစ်တယ်” လို့ ဒဲနစ်ချမ်ဘာက သူ့စာအုပ် (Budgeting) မှာ ဆိုထားတယ်။ ဆွဲထားတဲ့ဘတ်ဂျက်က အလုပ်ဖြစ်မဖြစ်ဆိုတာသိဖို့ မိသားစုဝင်အားလုံး အခါအားလျော်စွာ အတူတကွပြန်သုံးသပ်သင့်တယ်။ လက်တွေ့ကျတဲ့ဘတ်ဂျက်ဆွဲထားခြင်းက မိသားစုဝင်အားလုံးအတွက် အကျိုးပြုတယ်၊ ဘာကြောင့်လဲဆိုတော့ ယောက်တိုင်းကို ဝင်ငွေနဲ့အညီ နေထိုင်ဖို့ ပူးပေါင်းလုပ်ဆောင်စေနိုင်တယ်။

တချို့သူတွေက ဘတ်ဂျက်ရေးဆွဲဖို့ ကွန်ပျူတာပရိုဂရမ်ကိုအသုံးပြုကြတယ်။ တခြားတွေသူကျတော့ ခဲတံနဲ့ စာရွက်ကိုပဲသုံးကြတယ်။ စာရွက်ပေါ်မှာ ဝင်ငွေကိုပြဖို့နဲ့ ထွက်ငွေကိုပြဖို့ဆိုပြီး ကော်လံနှစ်ခုခွဲထားကြတယ်။ ဝင်ငွေအခွန်နဲ့ အားလပ်ရက်မှာအသုံးပြုဖို့ငွေတို့လို တစ်နှစ်တစ်ခါသာကုန်ကျတဲ့စရိတ်တွေအတွက်လည်း လစဉ်ကုန်ကျစရိတ်ဘတ်ဂျက်မှာ ထည့်မှတ်ဖို့ အရေးကြီးတယ်။

ထိရောက်တဲ့ဘတ်ဂျက်ဆွဲနည်းကတော့ စာအိတ် (သို့) ဖိုင်ပေါ်မှာ “အစားအစာ၊” “ငှားရမ်းခ၊” “သွားလာရေး၊” “မီးခ၊” “ဆေးကုသဖို့” စသည်ဖြင့် စာကပ်ထားပြီး အသုံးပြုခြင်းဖြစ်တယ်။ အရင်တုန်းကတော့ လူတွေက အသုံးစရိတ်အတွက် အဲဒီလိုစာအိတ်ထဲမှာ လစဉ်ထည့်လေ့ရှိတယ်။ အခုအခါမှာတော့ လူတော်တော်များများက ပိုက်ဆံကို ဘဏ်မှာထားပြီး လိုအပ်တဲ့အခါ ထုတ်ယူလိုက်တာက ပိုလုံခြုံပြီး ပိုလွယ်ကူတယ်လို့ ယူဆကြတယ်။

တောင်အာဖရိကမှာနေထိုင်ပြီး သမီးနှစ်ယောက်ရှိတဲ့ ယောနသန်နဲ့ အဲန်နီတို့ဟာ စာအိတ်ကိုသုံးပြီး ဘတ်ဂျက်ဆွဲလေ့ရှိတယ်။ ယောနသန်ဒီလိုပြောတယ်– “သင့်လစာကို ဘဏ်မှာထားမယ်ဆိုရင် ဘတ်ဂျက်ဆွဲထားတဲ့အတိုင်း အတိအကျသုံးဖို့ အရေးကြီးတယ်။ ဥပမာ၊ လစဉ်ဝင်ငွေထဲက အသားဝယ်ဖို့မလောက်တော့ဘူးဆိုရင် သီးသန့်ဖယ်ထားတဲ့ငွေထဲကနေ အသားဝယ်ဖို့ ထပ်မယူသင့်တော့ဘူး။”

ယောနသန်ဟာ စီးပွားရေးသမားတစ်ဦးဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ သူနဲ့သူ့မိသားစုဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ဖို့ ရွေးချယ်ခဲ့ကြပြီး ဝတ်ပြုရာခန်းမတွေ ဆောက်လုပ်ရာမှာ ပါဝင်နေကြတယ်။ စေတနာ့ဝန်ထမ်းဘဝကို သူတို့နှစ်သက်တဲ့အတွက် ဘတ်ဂျက်နဲ့အညီ နေထိုင်တတ်ဖို့ ပိုပြီးလိုအပ်လာတယ်။ မိသားစုဘတ်ဂျက် ဘယ်လိုရှိသလဲဆိုတာကိုသိဖို့နဲ့ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မိသားစုလိုက် မှန်မှန်ဆွေးနွေးကြတယ်။

ပိုသာလွန်တဲ့ပျော်ရွှင်မှု

သင့်အချိန်၊ ခွန်အားနဲ့ ငွေတချို့အပါအဝင် ပိုင်ဆိုင်ရာတွေကို တခြားသူတွေကို ပေးကမ်းခြင်းက ပိုပြီးပျော်ရွှင်မှုပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြတယ်။ နိဒါန်းမှာဖော်ပြထားတဲ့ရွေးချယ်စရာသုံးခုထဲက အကောင်းဆုံးရွေးချယ်စရာကတော့ တတ်နိုင်သလောက် ပေးကမ်းခြင်းပဲ။

ခရစ်ဖါရီးလ်က သူ့စာအုပ် (The New Frugality) မှာ ဒီလိုဖော်ပြတယ်– ငွေစုတယ်ဆိုတာ “သူများတွေကိုပေးကမ်းခြင်းဖြင့်ပျော်ရွှင်မှုပိုရအောင် ကူညီပေးတဲ့လုပ်ရပ်ပါ။” သူဒီလို တိုက်တွန်းတယ်– “သင့်ပိုက်ဆံနဲ့ပတ်သက်ပြီး အမွန်မြတ်ဆုံးနဲ့ အလျောက်ပတ်ဆုံး လုပ်နိုင်တဲ့အရာတစ်ခုကတော့ ပေးကမ်းခြင်းပါပဲ။”a သူ ဒီလို ထပ်ပြောတယ်– “ဘာအရေးကြီးဆုံးလဲလို့ စဉ်းစားတဲ့အခါ ခင်မင်ရင်းနှီးမှု၊ အတွေ့အကြုံနဲ့ တခြားသူတွေအကျိုးအတွက် တစ်ခုခုလုပ်ခဲ့တယ်ဆိုတဲ့ ခံစားချက်တွေဖြစ်နေတတ်တယ်။ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေမဟုတ်ဘူး။”

စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ မိုက်ကယ်လ် ဝါ့ဂ်နာက အဲဒီအချက်ကို သဘောတူပုံရတယ်။ သူ့စာအုပ်တစ်အုပ်မှာ (Your Money, Day One) လူငယ်တွေကို ငွေစုဆောင်းဖို့ အားပေးရင်း ဒီလိုဖော်ပြတယ်– “အခြေမလှတဲ့သူတွေကို အစပြုကူညီတဲ့အခါ ဒီလိုကြင်နာမှုနဲ့ ရက်ရောမှုတွေဟာ နည်းမျိုးစုံနဲ့ ကိုယ့်ဆီပြန်လာလိမ့်မယ်၊ အကောင်းဆုံးကတော့ တခြားသူတွေကို ငါကူညီပေးလိုက်တယ်ဆိုတဲ့ ခံစားချက်ပဲ။”

ပေးကမ်းခြင်းက ပျော်ရွှင်မှုရစေတယ်ဆိုတာ ကျမ်းစာက အသိအမှတ်ပြုထားတယ်။ ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့သလိုပဲ သင့်ငွေကို ပညာရှိစွာစီမံနိုင်အောင် ထောက်ကူပေးနိုင်တဲ့ ဆိုရိုးစကားတွေ ကျမ်းစာထဲမှာပါတယ်။ အခု နောက်ထပ် ကျမ်းစာဆိုရိုးစကားခုနစ်ခုကို သုံးသပ်ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

a ငွေကြေးကို လက်ဆောင်တွေအဖြစ် (သို့) မိတ်ဆွေတွေနဲ့ မိသားစုအတွက် အစားအသောက်ပြင်ဆင်ခြင်းတို့လို ဧည့်ဝတ်ပြုမှုအဖြစ် ပေးကမ်းနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ