ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၂ စာ. ၂၉
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင့်ပြင်ထားခြင်းလား
  • ခေါင်းအုံးဟောင်း အတွင်းဝယ်
  • ကောင်မလေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • အင်းဆက်များကြောင့်ဖြစ်သော ရောဂါ—ပြဿနာကြီးဖြစ်လာ
    နိုးလော့!—၂၀၀၄
  • ဆေးဘက်ဆိုင်ရာ တိကျမှန်ကန်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ရောဂါမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများ
    နိုးလော့!—၂၀၁၆
နိုးလော့!—၂၀၁၂
န ၅/၁၂ စာ. ၂၉

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ်းခြေတွေ၊ ပန်းခြံတွေနဲ့ လမ်းဘေးဈေးတန်းတွေမှာ ဆေးလိပ်မသောက်ရဆိုတဲ့ တားမြစ်ချက်ကို နယူးယောက်မြို့မှာ ထုတ်ပြန်ခဲ့တယ်။ အမိန့်မလိုက်နာတဲ့သူတွေကို ဒေါ်လာ ၅၀ ဒဏ်ရိုက်မှာဖြစ်တယ်။ ဒီတားမြစ်ချက်ကို ရဲတွေစောင့်ကြည့်စရာမလိုပဲ “သူတို့ဘာသာသူတို့ လိုက်နာသွား” လိမ့်မယ်လို့ အာဏာပိုင်တွေ မျှော်လင့်ကြတယ်။—THE WALL STREET JOURNAL, U.S.A.

“အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် သားဦးမိန်းကလေးမွေးပြီးပြီဆိုရင် နောက်ရတဲ့ကိုယ်ဝန်က မိန်းကလေး ဖြစ်တဲ့အခါ အဲဒီကိုယ်ဝန်ကို ဖျက်ချတာတွေ ပိုများလာနေတယ်။” သားဦးမိန်းကလေး ရှိပြီးသားဖြစ်တဲ့ မိသားစုတွေမှာ ၁၉၉၀ ပြည့်နှစ်တုန်းက ယောက်ျားလေး ၁,၀၀၀ မွေးရင် မိန်းကလေး ၉၀၆ ဦးအချိုးရှိရာကနေ ၂၀၀၅ ခုနှစ်မှာ ၈၃၆ ဦးဖြစ်သွားပြီ။—THE LANCET, BRITAIN.

“ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာတွေကနေ ထွက်တဲ့ လှိုင်းတွေလိုမျိုး” ရေဒီယိုလှိုင်း၊ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ “လူတွေကို ကင်ဆာဖြစ်စေနိုင်တယ်” ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ဖော်ပြခဲ့တယ်။—INTERNATIONAL AGENCY FOR RESEARCH ON CANCER, FRANCE.

ကျွဲနွားကျောက်ရောဂါကို အမြစ်ပြတ်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်လို့ ကမ္ဘာ့ကုလသမဂ္ဂက အောင်ပွဲကျင်းပခဲ့တယ်။ ဒါက “လုံး၀ပျောက်သွားအောင် လူတွေကြိုးစားအားထုတ်နေတဲ့ ရောဂါတွေအထဲက တိရစ္ဆာန်ရောဂါမှာဆို ပထမဆုံးအောင်မြင်မှုဖြစ်ပြီး လူမှာဖြစ်တဲ့ ကျောက်ရောဂါပါ,ပါမယ်ဆိုရင် ဒုတိယမြောက်အောင်မြင်မှုဖြစ်တယ်။”—FOOD AND AGRICULTURE ORGANIZATION OF THE UNITED NATIONS, ITALY.

အသင့်ပြင်ထားခြင်းလား

နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှာ “ပျက်သုဉ်းတော့မယ့် နယူးယောက်အတွက် ဥပဒေလက်စွဲစာအုပ်” ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါတယ်။ အဲဒီဆောင်းပါးမှာ “နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှု၊ ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် ဓာတုပစ္စည်း ကြီးကြီးမားမားယိုဖိတ်မှု ဒါမှမဟုတ် ကမ္ဘာချီကူးစက်ရောဂါ” ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ခက်ခဲရှုပ်ထွေးတဲ့ တရားဥပဒေဆိုင်ရာ မေးခွန်းတွေကို တရားသူကြီးတွေ၊ ရှေ့နေတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုတဲ့ တရားဝင်လက်စွဲစာအုပ်အကြောင်း ဖော်ပြထားတယ်။ နယူးယောက်ပြည်နယ်တရားရုံးနဲ့ ရှေ့နေများအဖွဲ့အစည်းက ထုတ်ဝေတဲ့ ဒီလက်စွဲစာအုပ်ဟာ ကူးစက်ရောဂါမပျံ့နှံ့ရေး၊ လူအများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ရှာဖွေစစ်ဆေးခြင်း၊ ကူးစက်ရောဂါရှိတဲ့ တိရစ္ဆာန်တွေကိုသတ်ခြင်း၊ ဥပဒေဆိုင်းငံ့ထားခြင်းစတဲ့ ကိစ္စရပ်တွေမှာ တည်ရှိပြီးသားဥပဒေတွေရဲ့ လုပ်ဆောင်ပုံကို အလွယ်တကူ ရှာဖွေနိုင်အောင် စာရင်းပြုစုထားတယ်။

ခေါင်းအုံးဟောင်း အတွင်းဝယ်

သန့်ရှင်းတဲ့ခေါင်းအုံးစွပ်နဲ့ “ဖုံးထားပေမဲ့ အထဲကခေါင်းအုံးက အရမ်းညစ်ပတ်” နေနိုင်တယ် ဆိုပြီး လန်ဒန်မြို့၊ စိန့် ဘာ့တ် ဆေးရုံက ဆေးဘက်ဆိုင်ရာပညာရှင် အာ့တ် တာကာက ပြောတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိချက်ကို ဖော်ပြထားတဲ့ လန်ဒန်တိုင်းမ်မဂ္ဂဇင်းမှာ ခေါင်းအုံးတစ်လုံးကို နှစ်နှစ်အသုံးပြုပြီးတဲ့နောက် ခေါင်းအုံးရဲ့အလေးချိန် သုံးပုံတစ်ပုံကျော်ဟာ “ကွာကျသွားတဲ့အရေပြားလေးတွေကိုစားတဲ့ ပိုးမွှားတွေ၊ ပိုးမွှားအသေတွေနဲ့ သူတို့ရဲ့မစင်တွေ၊ ကွာကျသွားတဲ့အရေပြားလေးတွေ၊ ဘက်တီးရီးယားတွေ” ဖြစ်တယ်လို့ ဖော်ပြထားတယ်။ ခေါင်းအုံးတွေက ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ၊ ရောဂါပိုးတွေနဲ့ အရေပြားအဖတ်လေးတွေကိုစားတဲ့ ပိုးမွှားတွေ ရှင်သန်ပေါက်ပွားတဲ့နေရာဖြစ်တယ်။ ဒါတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲ။ “နေပူလှန်းလိုက်တဲ့အခါ ပိုးမွှားတွေက . . . ခြောက်ပြီးသေသွားတယ်၊ ပိုးမွှားတွေကင်းစေချင်ရင် ရှေးတုန်းကနည်းဖြစ်တဲ့ နေပူလှန်းခြင်းပါပဲ” ဆိုပြီး တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ အဲဒီပိုးမွှားတွေဟာ ဆပ်ပြာနဲ့မသေဘူး၊ အပူချိန် ၆၀ ဒီဂရီ စင်တီဂရိတ်နဲ့လျှော်ပြီး ရေဆေးမယ်ဆိုရင်တော့ ပိုးမွှားတွေ သေသွားပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ