ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၂ စာ. ၁၄
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဒဏ်ရာ စွဲကျန်စေခဲ့တဲ့ “အရေးအခင်း”
  • ရာသီဥတုဖောက်ပြန်ခြင်း၊ အသားကျလာတဲ့အဖြစ်အပျက်အသစ်
  • ရာသီဥတု ဆိုးရွားမှုဒဏ်ခံရခြင်း—ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်သလား
    ထပ်ဆင့် အကြောင်းအရာများ
  • မိုးလေဝသအကြောင်းပြောကြ
    နိုးလော့!—၁၉၉၉
  • ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ရာသီဥတု တစ်ခုခု ချွတ်ယွင်းနေသလော
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၇/၁၂ စာ. ၁၄

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

“တစ်ယောက်ယောက် စကားလာပြောတာကို ရှောင်လွှဲနိုင်အောင် ဆဲလ်ဖုန်းက ကူညီပေးတယ်။ ဝန်းကျင်ကလူတွေနဲ့ စကားမပြောချင်တဲ့အတွက် ဆဲလ်ဖုန်းအသုံးပြုသူ ၁၃% ဟာ ဆဲလ်ဖုန်းသုံးနေသလို ဟန်ဆောင်ခဲ့ကြတယ်။”—PEW RESEARCH CENTER, U.S.A.

လွန်ခဲ့တဲ့ငါးနှစ်တာရဲ့ နွေရာသီတွေမှာ အာတိတ်သမုဒ္ဒရာကိုဖုံးလွှမ်းထားတဲ့ ရေခဲတွေက အနည်းဆုံးဖြစ်ခဲ့တယ်။—BBC NEWS, BRITAIN.

“အာဖရိကမှာ ထွန်ယက်စိုက်ပျိုးနိုင်တဲ့မြေနေရာက ၄၇% လောက်ရှိသေးတယ်။”—THE WITNESS, SOUTH AFRICA.

“လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း ၁၀ နိုင်ငံ (နယ်သာလန်၊ ဘယ်ဂျီယံ၊ ကနေဒါ၊ စပိန်၊ တောင်အာဖရိက၊ နော်ဝေး၊ ဆွီဒင်၊ ပေါ်တူဂီ၊ အိုက်စလန်နဲ့ အာဂျင်တီးနား) က လိင်တူစုံတွဲတွေကို တရားဝင်လက်ထပ်ခွင့် ပေးခဲ့ကြတယ်။”—FAMILY RELATIONS, U.S.A.

စိတ်ဒဏ်ရာ စွဲကျန်စေခဲ့တဲ့ “အရေးအခင်း”

အိုင်ယာလန်နိုင်ငံမြောက်ပိုင်းမှာပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုအရ အဲဒီဒေသမှာဖြစ်ခဲ့တဲ့ ဘာသာရေးနဲ့ဆက်နွှယ်တဲ့ နိုင်ငံရေး ပဋိပက္ခကို လူတွေအမှတ်ရနေသေးကြောင်း ဖော်ပြတယ်။ အနှစ်သုံးဆယ်နီးပါးကြာခဲ့တဲ့ အဲဒီပဋိပက္ခကို “အရေးအခင်း” လို့ ဒေသခံတွေက ခေါ်ဆိုကြပြီး အဲဒီအဖြစ်အပျက်ကြောင့် လူဦးရေသုံးပုံနှစ်ပုံဟာ စိတ်ဒဏ်ရာရခဲ့တယ်။ အိုင်ယာလန်မြောက်ပိုင်းမှာရှိတဲ့သူ ၁၀ ယောက်မှာ ၁ ယောက်ဟာ စိတ်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့စိတ်ရောဂါတစ်မျိုးကို တစ်ချိန်ချိန်မှာ ခံစားရနိုင်ခြေရှိကြောင်း အာလ်စတာတက္ကသိုလ်က တွေ့ရှိခဲ့ပြီး ဒါဟာ ကမ္ဘာမှာ “အမြင့်ဆုံးနှုန်းဖြစ်တယ်” လို့ အိုင်းရစ်တိုင်းမ် သတင်းစာက ဖော်ပြတယ်။ “အချိုးချကြည့်ရင် အရေးအခင်းဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ပဋိပက္ခဖြစ်ပြီး လူ ၅၀၀ မှာ တစ်ယောက်နှုန်း သေဆုံးခဲ့တယ်” လို့ အဲဒီသတင်းစာက ဆက်ဖော်ပြတယ်။

ရာသီဥတုဖောက်ပြန်ခြင်း၊ အသားကျလာတဲ့အဖြစ်အပျက်အသစ်

အမေရိကန်ဟာ ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ကြုံနေရတယ်။ ရေလွှမ်းမိုးတာ၊ ကောက်ပဲသီးနှံတွေနဲ့ လူတွေကို သေဆုံးစေတဲ့အထိ မိုးခေါင်တာ၊ နှင်းမုန်တိုင်းအကြီးအကျယ် တိုက်ခတ်တာ စတာတွေက ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုလို့ အရင်ကယူမှတ်ထားရာကနေ “အသားကျလာတဲ့အဖြစ်အပျက်အသစ်” ဖြစ်လာတယ်။ တက္ကဆက်နည်းပညာတက္ကသိုလ်က မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ကက်သရင်းဟေရိုက “အရင်မဖြစ်ဖူးတဲ့အရာတွေ အများကြီးဖြစ်ပျက်နေပြီး ဒီအခြေအနေတွေကို ကျွန်မတို့ နေသားကျနေပြီ” လို့ ပြောတယ်။ ဟေရိုနဲ့ တခြားပညာရှင်တွေက လူတွေရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်း ရာသီဥတုတွေ ပြောင်းလဲနေပြီး ပိုပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေ ကြုံရနိုင်တယ်လို့ ယုံကြည်ကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ