ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၄ စာ. ၇
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစ္စရေး၊ ဂျော်ဒန်၊ ပါလက်စတိုင်း
  • ဂျာမနီ
  • ဗြိတိန်
  • လက်တင်အမေရိက၊ ကရစ်ဘီယံကျွန်းစု
  • ထူးခြားချက် များစွာရှိသော ပင်လယ်သေ
    နိုးလော့!—၂၀၀၈
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်—အရှေ့တိုင်း၌ပင် အဘယ်ကြောင့်ကျင်းပကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နိုးလော့!—၂၀၁၄
န ၁၂/၁၄ စာ. ၇

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အစ္စရေး၊ ဂျော်ဒန်၊ ပါလက်စတိုင်း

ပင်လယ်သေ

ပင်လယ်သေဟာ နှစ်တိုင်း ၃ ပေခန့် ယုတ်လျော့ကျဆင်းနေပါတယ်။ ဒီလိုသာဆိုရင် ၂၀၅၀ ပြည့်နှစ်မှာ ရေတွေ အကုန်လုံးခန်းခြောက်သွားနိုင်တယ်လို့ တချို့ တွေးပူနေကြတယ်။ တာဝန်ရှိသူတွေကတော့ ဖြေရှင်းနည်းရှာနေတုန်းပဲ။ ဖြေရှင်းနိုင်တဲ့နည်းတစ်နည်းကတော့ ပင်လယ်နီထဲက ရေငန်ကို ရေချိုပြုပြင်တဲ့အခါ ရလာတဲ့ရေချိုကို လူတွေအသုံးပြုဖို့ ပိုက်နဲ့သွယ်ပေးပြီး ဘေးထွက်ရေပိုတွေကို ပင်လယ်သေထဲ ထည့်ပေးခြင်းဖြစ်တယ်။ ဒါပေမဲ့ ဒီစီမံကိန်းက ပင်လယ်သေရဲ့ဂေဟစနစ်ကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဝေဖန်သူတွေက စိုးရိမ်နေကြတယ်။

ဂျာမနီ

လူနာတင်ယာဉ်

နှလုံးရောဂါသည် သုံးပုံတစ်ပုံကျော်ဟာ တခြားအချိန်တွေထက်စာရင် ခရစ္စမတ်နေ့မှာ ဆေးရုံကိုရောက်လာတာ ပိုများတယ်လို့ အာမခံကုမ္ပဏီတစ်ခုရဲ့ လေ့လာချက်မှာ ဖော်ပြထားတယ်။ ခရစ္စမတ်လက်ဆောင် ရှာရတာ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ကိုယ် ဘယ်လိုမှ မလုပ်ပေးနိုင်တဲ့ လက်ဆောင်မျိုးတောင်းဆိုတာတွေက ရောဂါဖောက်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ ဖော်ပြထားတယ်။

ဗြိတိန်

ခရုကမာအဖိုးကြီးကာတွန်းပုံ

၂၀၀၆ ခုနှစ်မှာ မတော်တဆသေဆုံးသွားတဲ့ အိုက်စလန် ခရုကမာကောင်ဟာ သေဆုံးချိန်မှာ အသက် ၄၀၅ နှစ်ရှိတယ်လို့ ထင်ခဲ့ကြပေမဲ့ တကယ်တမ်းတော့ ၅၀၇ နှစ်ရှိနေပါပြီလို့ ဗြိတိသျှသိပ္ပံပညာရှင်တွေ ကြေညာခဲ့တယ်။ ဒါကြောင့် သက်တမ်းအရှည်ဆုံးတိရစ္ဆာန် စာရင်းဝင်သွားပါတယ်။a သုတေသီတွေက ခရုကမာကောင်ကို ဓာတ်ခွဲခန်းဆီသယ်ဆောင်သွားဖို့ အအေးဓာတ်ပေးချိန်မှာ သေဆုံးသွားတာဖြစ်တယ်။

လက်တင်အမေရိက၊ ကရစ်ဘီယံကျွန်းစု

ဒီနှစ်အစောပိုင်း ကျူးဘားနိုင်ငံ၊ ဟာဗာနာမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ လက်တင်အမေရိကနဲ့ ကရစ်ဘီယံကျွန်းစုရှိ နိုင်ငံ ၃၃ နိုင်ငံဟာ အငြင်းပွားမှုတွေကို လက်နက်မသုံးဘဲ ဖြေရှင်းဖို့ သဘောတူညီမှုရယူလိုက်ခြင်းဖြင့် သူတို့ရဲ့နယ်မြေတွေကို “ငြိမ်းချမ်းရေးဇုန်” အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီထိပ်သီးအစည်းအဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်ခဲ့တယ်။

a ဒီမှာပြောထားတဲ့ “သက်တမ်းအရှည်ဆုံးတိရစ္ဆာန်” ထဲမှာ သန္တာကောင်လိုမျိုး အုပ်စုဖွဲ့နေတတ်တဲ့ သက်ရှိတွေမပါဝင်ပါ။ သူတို့တွေဟာ နှစ်ထောင်နဲ့ချီ အသက်ရှင်တယ်လို့ ယူဆကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ